နိုက်အသင်းနဲ့ စာချုပ်သက်တမ်းပြီးဆုံးခဲ့တဲ့ ခံစစ်ကစားသမား မာလန် ဆာကို လေးနှစ်စာချုပ်နဲ့ ချဲလ်ဆီး အသင်းခေါ်ယူဖို့ ရှိနေ

0
206

 

နိုက်အသင်းနဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအပြီးမှာ စာချုပ်သက်တမ်းပြီးဆုံးခဲ့တဲ့ ပြင်သစ်နိုင်ငံသား ခံစစ်ကစားသမား မာလန် ဆာကို ချဲလ်ဆီးအသင်းက လေးနှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အသက် ၂၁ နှစ်အရွယ် ပြင်သစ်လူငယ်အသင်းလက်ရွေးစင် ဖြစ်တဲ့ ဆာဟာ ယခုတစ်ပတ်အတွင်းမှာ လန်ဒန်ကို လာရောက်ပြီး ဆေးစစ်ဆေးမှုတွေ ပြုလုပ်ကာ အပြီးသတ် ပြောင်းရွှေ့သွားမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

ချဲလ်ဆီးအသင်း မန်နေဂျာ လမ်းပတ်ကလည်း နွေရာသီပြောင်းရွှေ့ကာလမှာ ခံစစ်ပိုင်းကို ပြုပြင်သွားဖို့ ရှိနေသလို ပြီးခဲ့တဲ့ ဘောလုံးရာသီက ခံစစ်ပိုင်းက ၇၉ ဂိုးအထိ ပေးခဲ့ရပါတယ်။ ဒါကြောင့် နိုက်အသင်းနဲ့ စာချုပ် ပြီးဆုံးပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြစ်နေတဲ့ ဆာက လမ်းပတ်ရဲ့ လူငယ်ကစားသမားတွေထဲကို ရောက်ရှိလာဖို့ သေချာနေပါတယ်။

153

နောက်ထပ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းပြီးဆုံးခဲ့တဲ့ ဝါရင့်ခံစစ်ကစားသမား သီယာဂို ဆေးလ်ဗားကိုလည်း တစ်နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့ ရှိနေပါတယ်။ ဆေးလ်ဗားက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အသင်းနဲ့ စာချုပ်သက်တမ်း ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ နောက်လရောက်ရင် အသက် ၃၆ နှစ်ဖြစ်တော့မဲ့ ဆေးလ်ဗားကို ခံစစ်ပိုင်းမှာ လူငယ်ကစားသမားတွေနဲ့တွဲဖက်ပြီး အတွေ့အကြုံမျှဝေနိုင်အောင် လမ်းပတ်က ရည်ရွယ်ထားပါတယ်။ ဆေးလ်ဗားက ပီအက်စ်ဂျီအသင်းမှာ ရှစ်ရာသီ ကစားခဲ့အပြီးမှာ လီဂူး-၁ ဖလား ခုနစ်ကြိမ် ရယူထားနိုင်ပါတယ်။

ဆေးလ်ဗားက ဘိုင်ယန်မြူးနစ်ကို ၁-၀ နဲ့ ချန်ပီယံလိဂ်မှာ ရှုံးခဲ့အပြီး “ ပြင်သစ်မှာ ကွျန်တော်ကစားခဲ့ခြင်းရဲ့ နောက်ဆုံးပွဲပါပဲ။ ကွျန်တော်ဝမ်းနည်းမိသလို ပရိသတ်တွေကိုလည်း တောင်းပန်ပါ တယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်ပါတယ်။ ကွျန်တော်ပြင်သစ်ကို အခြားသော ချစ်ခြင်း မေတ္တာနဲ့အသင်းကို ပြန်လာရပါဦးမယ်။ ကွျန်တော်နောက်ထပ် သုံးလေးနှစ်လောက် ဘရာဇီးအသင်းနဲ့အတူ ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ကစားသွားလိုပါတယ် ” လို့ ပြောပါတယ်။

Zawgyi

– နိုက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းၿပီးဆုံးခဲ့တဲ့ ခံစစ္ကစားသမား မာလန္ ဆာကို ေလးႏွစ္စာခ်ဳပ္နဲ႔ ခ်ဲလ္ဆီး အသင္းေခၚယူဖို႔ ရွိေန

နိုက္အသင္းနဲ႔ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီအၿပီးမွာ စာခ်ဳပ္သက္တမ္းၿပီးဆုံးခဲ့တဲ့ ျပင္သစ္နိုင္ငံသား ခံစစ္ကစားသမား မာလန္ ဆာကို ခ်ဲလ္ဆီးအသင္းက ေလးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူသြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ ျပင္သစ္မီဒီယာေတြရဲ့ ေဖာ္ျပခ်က္အရ အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္လူငယ္အသင္းလက္ေရြးစင္ ျဖစ္တဲ့ ဆာဟာ ယခုတစ္ပတ္အတြင္းမွာ လန္ဒန္ကို လာေရာက္ၿပီး ေဆးစစ္ေဆးမႈေတြ ျပဳလုပ္ကာ အၿပီးသတ္ ေျပာင္းေရႊ႕သြားမွာ ျဖစ္တယ္လို႔ ပါရွိပါတယ္။
ခ်ဲလ္ဆီးအသင္း မန္ေနဂ်ာ လမ္းပတ္ကလည္း ေႏြရာသီေျပာင္းေရႊ႕ကာလမွာ ခံစစ္ပိုင္းကို ျပဳျပင္သြားဖို႔ ရွိေနသလို ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ခံစစ္ပိုင္းက ၇၉ ဂိုးအထိ ေပးခဲ့ရပါတယ္။ ဒါေၾကာင့္ နိုက္အသင္းနဲ႔ စာခ်ဳပ္ ၿပီးဆုံးၿပီး ေျပာင္းေရႊ႕ေၾကးအလြတ္ျဖစ္ေနတဲ့ ဆာက လမ္းပတ္ရဲ့ လူငယ္ကစားသမားေတြထဲကို ေရာက္ရွိလာဖို႔ ေသခ်ာေနပါတယ္။
ေနာက္ထပ္ၿပီး ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းၿပီးဆုံးခဲ့တဲ့ ဝါရင့္ခံစစ္ကစားသမား သီယာဂို ေဆးလ္ဗားကိုလည္း တစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူသြားဖို႔ ရွိေနပါတယ္။ ေဆးလ္ဗားက ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၿပီးဆုံးခဲ့တာ ျဖစ္ပါတယ္။ ေနာက္လေရာက္ရင္ အသက္ ၃၆ ႏွစ္ျဖစ္ေတာ့မဲ့ ေဆးလ္ဗားကို ခံစစ္ပိုင္းမွာ လူငယ္ကစားသမားေတြနဲ႔တြဲဖက္ၿပီး အေတြ႕အၾကဳံမၽွေဝနိုင္ေအာင္ လမ္းပတ္က ရည္ရြယ္ထားပါတယ္။ ေဆးလ္ဗားက ပီအက္စ္ဂ်ီအသင္းမွာ ရွစ္ရာသီ ကစားခဲ့အၿပီးမွာ လီဂူး-၁ ဖလား ခုနစ္ႀကိမ္ ရယူထားနိုင္ပါတယ္။
ေဆးလ္ဗားက ဘိုင္ယန္ျမဴးနစ္ကို ၁-၀ နဲ႔ ခ်န္ပီယံလိဂ္မွာ ရႈံးခဲ့အၿပီး “ ျပင္သစ္မွာ ကြ်န္ေတာ္ကစားခဲ့ျခင္းရဲ့ ေနာက္ဆုံးပြဲပါပဲ။ ကြ်န္ေတာ္ဝမ္းနည္းမိသလို ပရိသတ္ေတြကိုလည္း ေတာင္းပန္ပါ တယ္။ ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေမတၱာအတြက္ ေက်းဇူးတင္ပါတယ္။ ကြ်န္ေတာ္ျပင္သစ္ကို အျခားေသာ ခ်စ္ျခင္း ေမတၱာနဲ႔အသင္းကို ျပန္လာရပါဦးမယ္။ ကြ်န္ေတာ္ေနာက္ထပ္ သုံးေလးႏွစ္ေလာက္ ဘရာဇီးအသင္းနဲ႔အတူ ကာတာကမၻာ့ဖလားမွာ ပါဝင္ကစားသြားလိုပါတယ္ ” လို႔ ေျပာပါတယ္။