ပက်ဒရိုကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရိုးမားအသင်း ခေါ်ယူ

0
187

 

ချဲလ်ဆီးအသင်းမှာ ငါးနှစ်ကြာကစားခဲ့ပြီးနောက် စာချုပ်သက်တမ်းပြီးဆုံးခဲ့ပြီဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် ဝါရင့်တောင်ပံ တိုက်စစ်ကစားသမားဖြစ်တဲ့ ပက်ဒရိုကို ရိုးမားအသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပက်ဒရိုဟာ ရိုးမားအသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့ ဇွန်လ ကတည်းက သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ တရားဝင်အတည်ပြုပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရိုးမားအသင်းရဲ့ တရားဝင် တွစ်တာအကောင့်မှာ ပက်ဒရိုက ဆေးစစ်မှုခံယူဖို့ ရောက်ရှိလာခဲ့ပြီးနောက် ရိုးမားအသင်းဝတ်စုံကို ကိုင်ထားတဲ့ ဗီဒီယိုဖိုင်တင်ခဲ့ပါတယ်။ ပက်ဒရိုဟာ ချဲလ်ဆီးအသင်းကို ၂၀၁၅ ခုနှစ်က စတင်ရောက်ရှိခဲ့ပြီး ၂၀၁၆-၁၇ ဘောလုံးရာသီ ကွန်တီရှိစဉ်က ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အက်ဖ်အေဖလားနဲ့ ၂၀၁၉ ခုနှစ်မှာ ယူရိုပါလိဂ်ဖလားတွေကို ရရှိခဲ့သူဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ကစားသမားဖြစ်ခဲ့တဲ့ ပက်ဒရိုက ဘာစီလိုနာအသင်းက ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပြီးနောက် ၂၀၁ ပွဲကစားအပြီး ၄၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၎င်းဟာ ဘာစီလိုနာအသင်းကနေ ချဲလ်ဆီးအသင်းကို ပေါင် ၂၁ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းမှာ လာလီဂါဖလား ငါးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား သုံးကြိမ်ရယူနိုင်ခဲ့ပါတယ်။

တောင်ပံတိုက်စစ်ကစားသမားဖြစ်တဲ့ ပက်ဒရိုက ချဲလ်ဆီးအသင်းကို လမ်းပတ်ရောက်ရှိလာချိန်မှာ ပြီးခဲ့တဲ့ နှစ်က ၁၈ ပွဲ ပါဝင်ကစားခဲ့ရပြီး လက်ရှိအချိန်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရမဲ့ ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ပက္ဒရိုကို ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ရိုးမားအသင္း ေခၚယူ

ခ်ဲလ္ဆီးအသင္းမွာ ငါးႏွစ္ၾကာကစားခဲ့ၿပီးေနာက္ စာခ်ဳပ္သက္တမ္းၿပီးဆုံးခဲ့ၿပီျဖစ္တဲ့ အသက္ ၃၃ ႏွစ္အရြယ္ ဝါရင့္ေတာင္ပံ တိုက္စစ္ကစားသမားျဖစ္တဲ့ ပက္ဒရိုကို ရိုးမားအသင္းက ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေခၚယူခဲ့တယ္လို႔ သိရပါတယ္။ ပက္ဒရိုဟာ ရိုးမားအသင္းကို ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေျပာင္းေရႊ႕ဖို႔ ၿပီးခဲ့တဲ့ ဇြန္လ ကတည္းက သေဘာတူညီမႈ ရရွိခဲ့တာ ျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ တရားဝင္အတည္ျပဳေျပာင္းေရႊ႕နိုင္ခဲ့တာ ျဖစ္ပါတယ္။
ရိုးမားအသင္းရဲ့ တရားဝင္ တြစ္တာအေကာင့္မွာ ပက္ဒရိုက ေဆးစစ္မႈခံယူဖို႔ ေရာက္ရွိလာခဲ့ၿပီးေနာက္ ရိုးမားအသင္းဝတ္စုံကို ကိုင္ထားတဲ့ ဗီဒီယိုဖိုင္တင္ခဲ့ပါတယ္။ ပက္ဒရိုဟာ ခ်ဲလ္ဆီးအသင္းကို ၂၀၁၅ ခုႏွစ္က စတင္ေရာက္ရွိခဲ့ၿပီး ၂၀၁၆-၁၇ ေဘာလုံးရာသီ ကြန္တီရွိစဥ္က ပရီးမီးယားလိဂ္ဖလားကို ရယူနိုင္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္မွာ အက္ဖ္ေအဖလားနဲ႔ ၂၀၁၉ ခုႏွစ္မွာ ယူရိုပါလိဂ္ဖလားေတြကို ရရွိခဲ့သူျဖစ္ပါတယ္။
စပိန္လက္ေရြးစင္ကစားသမားျဖစ္ခဲ့တဲ့ ပက္ဒရိုက ဘာစီလိုနာအသင္းက ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိလာခဲ့ၿပီးေနာက္ ၂၀၁ ပြဲကစားအၿပီး ၄၃ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။ ၎ဟာ ဘာစီလိုနာအသင္းကေန ခ်ဲလ္ဆီးအသင္းကို ေပါင္ ၂၁ သန္းနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ဘာစီလိုနာအသင္းမွာ လာလီဂါဖလား ငါးႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား သုံးႀကိမ္ရယူနိုင္ခဲ့ပါတယ္။
ေတာင္ပံတိုက္စစ္ကစားသမားျဖစ္တဲ့ ပက္ဒရိုက ခ်ဲလ္ဆီးအသင္းကို လမ္းပတ္ေရာက္ရွိလာခ်ိန္မွာ ၿပီးခဲ့တဲ့ ႏွစ္က ၁၈ ပြဲ ပါဝင္ကစားခဲ့ရၿပီး လက္ရွိအခ်ိန္မွာေတာ့ ပုံမွန္ပြဲထြက္ခြင့္ရမဲ့ ရိုးမားအသင္းကို ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။