လာမဲ့ဘောလုံးရာသီ အင်တာမီလန်မှာ ဆက်ရှိဖို့ မသေချာဘူးလို့ ကွန်တီ အရိတ်အမြွတ်ပြော

0
130

 

အင်တာမီလန်အသင်းမန်နေဂျာ ကွန်တီဟာ ဆီဗီလာအသင်းကို ၃-၂ နဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာ ရှုံးခဲ့ ပြီးနောက် ၎င်းရဲ့ အနာဂတ်ဟာ အင်တာမီလန်မှာ ဆက်လက်ရှိနေဖို့ မသေချာတော့ဘူးလို့ ဆိုပါတယ်။ အဆိုပါပွဲမှာ အင်တာမီလန်အသင်းက ၂-၂ သရေဖြစ်ခဲ့ပြီးမှ ၇၄ မိနစ်မှာ လူကာကူရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိလို့ ၃-၂ နဲ့ ရှုံးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ကွန်တီက “ တစ်ရာသီလုံးကို သုံးသပ်ကြည့်မယ်ဆိုရင် အရာတိုင်းဟာ အရမ်းကို ခိုင်မာတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ ရှိနေတာကို တွေ့ရပါတယ်။ အနာဂတ်မှာလည်း ကွျန်တော် ရှိရင်ပဲဖြစ်ဖြစ် မရှိရင်ဖြစ်ဖြစ် အင်တာအသင်းရဲ့ အစီအမံအတိုင်း ကြိုးစားသွားကြမှာပါ။ တချို့အရာတွေက အခက်အခဲတွေ ရှိပေမဲ့ ဒါကလည်း လက်တစ်ဆုပ်စာလောက်ပဲ ရှိပါတယ်။ အင်တာအသင်းမန်နေဂျာ ဖြစ်ခွင့်ရတာကို ကွျန်တော့်ကို အံ့ဩစရာဖြစ်စေပါတယ်။ ဒီအသင်းမှာ ကွျန်တော့်ကို ကြီးမားတဲ့ အတွေ့အကြုံတွေ ဖြစ်စေခဲ့လို့ အသင်းပိုင်ရှင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအသင်းကနေ ကွျန်တော့်ကို အခွင့်အရေးတွေ ပေးခဲ့လို့ အတွေ့အကြုံတွေ ရရှိစေခြင်းအတွက်လည်း ကွျန်တော့်အတွက် အမြဲတမ်းကျေးဇူးတင်စရာ ဖြစ်နေပါလိမ့်မယ် ” လို့ ဆိုပါတယ်။

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒုတိယနေရာမှာ ရှိခဲ့ပြီး နောက်နှစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းက ကိုပါအီတလီဖလားဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရလို့ ကွန်တီ လက်ထက်မှာ ဖလားတစ်လုံးမှ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကွန်တီက ၎င်းရဲ့ အနာဂတ်အရေးနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက “ တချို့သော ကာလအပိုင်းအခြားတွေ ပြီးဆုံးခဲ့ရင် ကွျန်တော့်ရဲ့ မိသားစုပေါ်မှာ အကျိုးသက်ရောက်တာတွေ ရှိပါတယ်။ အသင်းတစ်ခုမှာ ကာလကြာရှည်မဖြစ်ခဲ့ရင် ကွျန်တော့်အတွက်လည်း မလုံလောက်ပါဘူး။ အရာတိုင်းမှာ အတိုင်းအဆဆိုတာ ရှိကြပါတယ်။ ကွျန်တော့်ရဲ့ အတိုင်းအဆဆိုတာ ဘယ်မှာရှိနေမယ်ဆိုတာကို ကွျန်တော် မြင်တွေ့လိုတယ် ” လို့ ပြောပါတယ်။

Zawgyi

လာမဲ့ေဘာလုံးရာသီ အင္တာမီလန္မွာ ဆက္ရွိဖို႔ မေသခ်ာဘူးလို႔ ကြန္တီ အရိတ္အႁမြတ္ေျပာ

အင္တာမီလန္အသင္းမန္ေနဂ်ာ ကြန္တီဟာ ဆီဗီလာအသင္းကို ၃-၂ နဲ႔ ယူရိုပါလိဂ္ဖိုင္နယ္မွာ ရႈံးခဲ့ ၿပီးေနာက္ ၎ရဲ့ အနာဂတ္ဟာ အင္တာမီလန္မွာ ဆက္လက္ရွိေနဖို႔ မေသခ်ာေတာ့ဘူးလို႔ ဆိုပါတယ္။ အဆိုပါပြဲမွာ အင္တာမီလန္အသင္းက ၂-၂ သေရျဖစ္ခဲ့ၿပီးမွ ၇၄ မိနစ္မွာ လူကာကူရဲ့ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိလို႔ ၃-၂ နဲ႔ ရႈံးခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီးမွာ ကြန္တီက “ တစ္ရာသီလုံးကို သုံးသပ္ၾကည့္မယ္ဆိုရင္ အရာတိုင္းဟာ အရမ္းကို ခိုင္မာတဲ့ လမ္းေၾကာင္းတစ္ခုေပၚမွာ ရွိေနတာကို ေတြ႕ရပါတယ္။ အနာဂတ္မွာလည္း ကြ်န္ေတာ္ ရွိရင္ပဲျဖစ္ျဖစ္ မရွိရင္ျဖစ္ျဖစ္ အင္တာအသင္းရဲ့ အစီအမံအတိုင္း ႀကိဳးစားသြားၾကမွာပါ။ တခ်ိဳ႕အရာေတြက အခက္အခဲေတြ ရွိေပမဲ့ ဒါကလည္း လက္တစ္ဆုပ္စာေလာက္ပဲ ရွိပါတယ္။ အင္တာအသင္းမန္ေနဂ်ာ ျဖစ္ခြင့္ရတာကို ကြ်န္ေတာ့္ကို အံ့ဩစရာျဖစ္ေစပါတယ္။ ဒီအသင္းမွာ ကြ်န္ေတာ့္ကို ႀကီးမားတဲ့ အေတြ႕အၾကဳံေတြ ျဖစ္ေစခဲ့လို႔ အသင္းပိုင္ရွင္ကိုလည္း ေက်းဇူးတင္ပါတယ္။ ဒီအသင္းကေန ကြ်န္ေတာ့္ကို အခြင့္အေရးေတြ ေပးခဲ့လို႔ အေတြ႕အၾကဳံေတြ ရရွိေစျခင္းအတြက္လည္း ကြ်န္ေတာ့္အတြက္ အျမဲတမ္းေက်းဇူးတင္စရာ ျဖစ္ေနပါလိမ့္မယ္ ” လို႔ ဆိုပါတယ္။
အင္တာမီလန္အသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဒုတိယေနရာမွာ ရွိခဲ့ၿပီး ေနာက္ႏွစ္မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိခဲ့ၿပီ ျဖစ္ပါတယ္။ အင္တာမီလန္အသင္းက ကိုပါအီတလီဖလားဆီမီးဖိုင္နယ္ကေန ထြက္ခဲ့ရလို႔ ကြန္တီ လက္ထက္မွာ ဖလားတစ္လုံးမွ ရယူနိုင္ျခင္း မရွိခဲ့ပါဘူး။ ဒါေပမဲ့ ကြန္တီက ၎ရဲ့ အနာဂတ္အေရးနဲ႔ ပတ္သက္ၿပီး အသင္းပိုင္ရွင္နဲ႔ ေတြ႕ဆုံေဆြးေႏြးသြားဖို႔ ရွိတယ္လို႔ ဆိုပါတယ္။
ဆက္လက္ၿပီး ၎က “ တခ်ိဳ႕ေသာ ကာလအပိုင္းအျခားေတြ ၿပီးဆုံးခဲ့ရင္ ကြ်န္ေတာ့္ရဲ့ မိသားစုေပၚမွာ အက်ိဳးသက္ေရာက္တာေတြ ရွိပါတယ္။ အသင္းတစ္ခုမွာ ကာလၾကာရွည္မျဖစ္ခဲ့ရင္ ကြ်န္ေတာ့္အတြက္လည္း မလုံေလာက္ပါဘူး။ အရာတိုင္းမွာ အတိုင္းအဆဆိုတာ ရွိၾကပါတယ္။ ကြ်န္ေတာ့္ရဲ့ အတိုင္းအဆဆိုတာ ဘယ္မွာရွိေနမယ္ဆိုတာကို ကြ်န္ေတာ္ ျမင္ေတြ႕လိုတယ္ ” လို႔ ေျပာပါတယ္။