လီဗာပူးပဲ့ကိုင်ရှင် ကလော့ကို ချီးမွမ်းခန်းဖွင့်လိုက်တဲ့ လီဝမ်ဒေါစကီး

0
225

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝမ်ဒေါစကီးက လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ဆုဖလားရအောင် ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ပဲ့ကိုင်ရှင် ဂျာဂင်ကလော့ကို ချီးကျူးပြောကြားလိုက်ပြီး ကလော့ဟာ နည်းပြလိုရော၊ ဖအေလိုပါ မျက်နှာနှစ်မျိုးပိုင်ရှင်တစ်ဦးဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ကလော့ဟာ လီဗာပူးအသင်း ၁၉၉၉ ခုနှစ်နောက်ပိုင်းကတည်းက စောင့်ဆိုင်းနေခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီရာသီမှာ အရယူပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးပေးထားနိုင်ခဲ့ပါတယ်။

လီဝမ်ဒေါစကီးက ကလော့ဟာ ဒေါ့မွန်အသင်းမှာ ၄ ရာသီကြာ ဖြတ်သန်းခဲ့ချိန်တုန်းကထက် ပိုကောင်းလာ တယ်ဆိုတာကို နားလည်သဘောပေါက်ထားသူဖြစ်ပြီး လီဝမ်ဒေါစကီး ဘိုင်ယန်မြူးနစ်အသင်းကို မပြောင်းခင် မှာ ဒီနှစ်ဦး အတူတွဲကာ ဘွန်ဒက်စ်လီဂါဆုဖလား ၂ ကြိမ်ရခဲ့ဖူးပါတယ်။ လီဝမ်ဒေါစကီးဟာ ဂွါဒီယိုလာနဲ့လည်း အလုပ်တွဲလုပ်ခဲ့ဖူးပေမဲ့ သူနှစ်သက်တဲ့ နည်းပြကို ထုတ်ပြောရာမှာတော့ ကလော့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ ဂျာဂင်ကလော့ဟာ ကျွန်တော် အနှစ်သက်ဆုံးနည်းပြလို့ထင်ပြီး ဂွါဒီယိုလာကလည်း ရာနှုန်းပြည့်ကောင်းမွန် သူတစ်ယောက်ပါ။ ကလော့က မျက်နှာ ၂ မျိုးရှိသူပါ။ သူက ဖခင်တစ်ဦးလို ကြင်နာမှုတွေကို ပြသတတ်သလို နည်းပြတစ်ယောက်အနေနဲ့လည်း ကိုင်တွယ်နိုင်စွမ်းရှိပါတယ်။ အရာအားလုံး ခင်ဗျားကို သူ ရှင်းပြနိုင်တယ်။ ကောင်းတဲ့အချက်တွေ မကောင်းတဲ့အချက်တွေကို ကျွန်တော် ခွဲခြားပြောနေတာမဟုတ်ပါဘူး။ ကစားသမား တွေအတွက်လည်း သူက လှုံ့ဆော်မှုကောင်းကောင်းပေးနိုင်သူပါ” လို့ လီဝမ်ဒေါစကီးက ဖွင့်ဟခဲ့ပါတယ်။

(zawgyi)

လီဗာပူးပဲ့ကိုင္ရွင္ ကေလာ့ကို ခ်ီးမြမ္းခန္းဖြင့္လိုက္တဲ့ လီ၀မ္ေဒါစကီး

ဘိုင္ယန္ျမဴးနစ္အသင္းတိုက္စစ္မွဴး လီ၀မ္္ေဒါစကီးက လီဗာပူးအသင္းကို ပရီးမီးယားလိဂ္ဆုဖလားရေအာင္ ဆြတ္ခူးေပးႏုိင္ခဲ့တဲ့ ပဲ့ကိုင္ရွင္ ဂ်ာဂင္ကေလာ့ကို ခ်ီးက်ဴးေျပာၾကားလိုက္ၿပီး ကေလာ့ဟာ နည္းျပလိုေရာ၊ ဖေအလိုပါ မ်က္ႏွာႏွစ္မ်ဳိးပိုင္ရွင္တစ္ဦးျဖစ္တယ္လို႔ ဖြင့္ဟသြားခဲ့ပါတယ္။ ကေလာ့ဟာ လီဗာပူးအသင္း ၁၉၉၉ ခုႏွစ္ေနာက္ပိုင္းကတည္းက ေစာင့္ဆိုင္းေနခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားကို ဒီရာသီမွာ အရယူေပးႏုိင္ခဲ့သလို ၿပီးခဲ့တဲ့ရာသီကလည္း ခ်န္ပီယံလိဂ္ဆုဖလား ဆြတ္ခူးေပးထားႏုိင္ခဲ့ပါတယ္။

လီ၀မ္ေဒါစကီးက ကေလာ့ဟာ ေဒါ့မြန္အသင္းမွာ ၄ ရာသီၾကာ ျဖတ္သန္းခဲ့ခ်ိန္တုန္းကထက္ ပိုေကာင္းလာ တယ္ဆိုတာကို နားလည္သေဘာေပါက္ထားသူျဖစ္ၿပီး လီ၀မ္ေဒါစကီး ဘိုင္ယန္ျမဴးနစ္အသင္းကို မေျပာင္းခင္ မွာ ဒီႏွစ္ဦး အတူတြဲကာ ဘြန္ဒက္စ္လီဂါဆုဖလား ၂ ႀကိမ္ရခဲ့ဖူးပါတယ္။ လီ၀မ္္ေဒါစကီးဟာ ဂြါဒီယိုလာနဲ႔လည္း အလုပ္တြဲလုပ္ခဲ့ဖူးေပမဲ့ သူႏွစ္သက္တဲ့ နည္းျပကို ထုတ္ေျပာရာမွာေတာ့ ကေလာ့ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

“ ဂ်ာဂင္ကေလာ့ဟာ ကၽြန္ေတာ္ အႏွစ္သက္ဆုံးနည္းျပလို႔ထင္ၿပီး ဂြါဒီယိုလာကလည္း ရာႏႈန္းျပည့္ေကာင္းမြန္ သူတစ္ေယာက္ပါ။ ကေလာ့က မ်က္ႏွာ ၂ မ်ဳိးရွိသူပါ။ သူက ဖခင္တစ္ဦးလို ၾကင္နာမႈေတြကို ျပသတတ္သလို နည္းျပတစ္ေယာက္အေနနဲ႔လည္း ကိုင္တြယ္ႏုိင္စြမ္းရွိပါတယ္။ အရာအားလုံး ခင္ဗ်ားကို သူ ရွင္းျပႏုိင္တယ္။ ေကာင္းတဲ့အခ်က္ေတြ မေကာင္းတဲ့အခ်က္ေတြကို ကၽြန္ေတာ္ ခြဲျခားေျပာေနတာမဟုတ္ပါဘူး။ ကစားသမား ေတြအတြက္လည္း သူက လႈံ႕ေဆာ္မႈေကာင္းေကာင္းေပးႏုိင္သူပါ” လို႔ လီ၀မ္ေဒါစကီးက ဖြင့္ဟခဲ့ပါတယ္။