ဝုဗ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ထွာအိုရေးကို မန်စီးတီးနဲ့ လီဗာပူးလ်အသင်း ခေါ်ယူနိုင်ဖို့ အပြိုင် တိုက်ပွဲဝင်နေ

0
220

 

ဝုဗ်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား ထွာအိုရေးကို မန်စီးတီးနဲ့ လီဗာပူးလ်အသင်း တွေက ခေါ်ယူနိုင်ဖို့ အပြိုင်တိုက်ပွဲဝင်နေကြတယ်လို့ သိရပါတယ်။ ဝုဗ်အသင်းဘက်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရလို့ ထွာအိုရေးကို ထုတ်ရောင်းနိုင်ဖို့ အစီအစဉ်တွေ ပြုလုပ်နေပါတယ်။

အသင်းပိုင်ရှင်ဘက်လည်း လက်ရှိရင်ဆိုင်နေရတဲ့ ငွေရေးကြေးရေး အခက်အခဲတွေဟာ ထွာအိုရေးကို ထုတ်ရောင်းနိုင်ခဲ့ရင် အဆင်ပြေမှုဖြစ်လာနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ အသင်းမန်နေဂျာ ဆန်းတို့ကလည်း ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အခက်အခဲရှိနေလို့ ငွေကြေး ရရှိနိုင်ဖို့ ကစားသမားတချို့ထုတ်ရောင်းသွားဖို့ ရှိတယ်လို့ မီဒီယာတွေကို ပြောထားပါတယ်။

ဝုဗ်အသင်းမန်နေဂျာ ဆန်းတို့က ထွာအိုရေးကို ကမ်းလှမ်းလာမဲ့သတင်းတွေကို နားစွင့်နေပေမဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဂျင်မီနက်ဇ်ကိုတော့ ထုတ်ရောင်းသွားဖို့ အစီအစဉ် ရှိမနေပါဘူး။ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတွေက ဝုဗ်အသင်းရဲ့ လျှင်မြန်တဲ့ ကစားသမားဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ထွာအိုရေးကို စိတ်ဝင်စားနေသလို သူ့ထက်အမြန်ခေါ်ယူရနိုင်ရေးကိုလည်း ကြိုးစားနေကြပါတယ်။

ထွာအိုရေးဟာ ဝုဗ်အသင်းကို ၂၀၁၈ ခုနှစ်က မစ်ဒယ်ဘရော့အသင်းကနေ ပေါင် ၁၈ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အဲစတွန်ဗီလာနဲ့ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ တကယ်လို့ ဝုဗ်အသင်းအနေနဲ့ ထွာအိုရေးကို ရောင်းချခဲ့မယ်ဆိုရင် အစားထိုးလို့မရတဲ့ ကြီးမားတဲ့ အဖိုးတန် ကစားသမားတစ်ဦး ဆုံးရှုံးသွားခြင်းဖြစ်လာမယ်ဆိုပြီး ပြောဆိုတာတွေလည်း ရှိနေပါတယ်။

Zawgyi

ဝုဗ္အသင္းမွာ ေျခစြမ္းျပေနတဲ့ ထြာအိုေရးကို မန္စီးတီးနဲ႔ လီဗာပူးလ္အသင္း ေခၚယူနိုင္ဖို႔ အၿပိဳင္ တိုက္ပြဲဝင္ေန

ဝုဗ္အသင္းမွာ ေျခစြမ္းျပေနတဲ့ တိုက္စစ္ကစားသမား ထြာအိုေရးကို မန္စီးတီးနဲ႔ လီဗာပူးလ္အသင္း ေတြက ေခၚယူနိုင္ဖို႔ အၿပိဳင္တိုက္ပြဲဝင္ေနၾကတယ္လို႔ သိရပါတယ္။ ဝုဗ္အသင္းဘက္ကလည္း ကိုရိုနာဗိုင္းရပ္စ္ ေၾကာင့္ ဘ႑ာေရးအၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရလို႔ ထြာအိုေရးကို ထုတ္ေရာင္းနိုင္ဖို႔ အစီအစဥ္ေတြ ျပဳလုပ္ေနပါတယ္။
အသင္းပိုင္ရွင္ဘက္လည္း လက္ရွိရင္ဆိုင္ေနရတဲ့ ေငြေရးေၾကးေရး အခက္အခဲေတြဟာ ထြာအိုေရးကို ထုတ္ေရာင္းနိုင္ခဲ့ရင္ အဆင္ေျပမႈျဖစ္လာနိုင္တယ္လို႔ ယုံၾကည္ထားပါတယ္။ အသင္းမန္ေနဂ်ာ ဆန္းတို႔ကလည္း ကစားသမားသစ္ေတြ ေခၚယူနိုင္ဖို႔ အခက္အခဲရွိေနလို႔ ေငြေၾကး ရရွိနိုင္ဖို႔ ကစားသမားတခ်ိဳ႕ထုတ္ေရာင္းသြားဖို႔ ရွိတယ္လို႔ မီဒီယာေတြကို ေျပာထားပါတယ္။
ဝုဗ္အသင္းမန္ေနဂ်ာ ဆန္းတို႔က ထြာအိုေရးကို ကမ္းလွမ္းလာမဲ့သတင္းေတြကို နားစြင့္ေနေပမဲ့ အသင္းရဲ့ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ ဂ်င္မီနက္ဇ္ကိုေတာ့ ထုတ္ေရာင္းသြားဖို႔ အစီအစဥ္ ရွိမေနပါဘူး။ လီဗာပူးလ္နဲ႔ မန္စီးတီးအသင္းေတြက ဝုဗ္အသင္းရဲ့ လၽွင္ျမန္တဲ့ ကစားသမားျဖစ္တဲ့ အသက္ ၂၄ ႏွစ္အရြယ္ ထြာအိုေရးကို စိတ္ဝင္စားေနသလို သူ႔ထက္အျမန္ေခၚယူရနိုင္ေရးကိုလည္း ႀကိဳးစားေနၾကပါတယ္။
ထြာအိုေရးဟာ ဝုဗ္အသင္းကို ၂၀၁၈ ခုႏွစ္က မစ္ဒယ္ဘေရာ့အသင္းကေန ေပါင္ ၁၈ သန္းနဲ႔ ေရာက္ရွိလာခဲ့သူ ျဖစ္ၿပီး အဲစတြန္ဗီလာနဲ႔ ဘာစီလိုနာအသင္းေတြမွာ ကစားခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။ တကယ္လို႔ ဝုဗ္အသင္းအေနနဲ႔ ထြာအိုေရးကို ေရာင္းခ်ခဲ့မယ္ဆိုရင္ အစားထိုးလို႔မရတဲ့ ႀကီးမားတဲ့ အဖိုးတန္ ကစားသမားတစ္ဦး ဆုံးရႈံးသြားျခင္းျဖစ္လာမယ္ဆိုၿပီး ေျပာဆိုတာေတြလည္း ရွိေနပါတယ္။