“ အခုချိန်မှာ ကွျန်တော်က သူ့ကို ဆရာလို့ ခေါ်ရတော့မှာပေါ့ ” ဂျူဗင်တပ်စ်မန်နေဂျာ ဖြစ်လာတဲ့ အသင်းဖော်ဟောင်း ပီယာရိုအတွက် ဘက်ဖွန်ရဲ့ စကား

0
240

 

ဂျူဗင်တပ်စ်အသင်းက အသင်းမန်နေဂျာ ဆာရီကို ထုတ်ပယ်လိုက်ပြီးနောက်မှာ အသင်းရဲ့ ဂန္ထဝင်ကစား သမားတစ်ဦးဖြစ်တဲ့ ပီယာရိုကို အစားထိုးခန့်အပ်လိုက်ပါတယ်။ ပီယာရိုနဲ့ အီတလီလက်ရွေးစင်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းမှာ အတူကစားခဲ့သူဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ လက်ရှိဂိုးသမားဖြစ်သူ ဘက်ဖွန်ဟာ ပီယာရို အသင်းမန်နေဂျာ ဖြစ်လာခြင်းကို ဂုဏ်ယူသလို လက်ရှိအချိန်မှာ ပီယာရိုကို ၎င်းက ဆရာလို့ ခေါ်ရတော့မှာ ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဘက်ဖွန်က ၎င်းရဲ့ အင်စတာဂရမ်ကနေ “ ဒါဆို အခုချိန်မှာ ငါက မင်းကို ဆရာလို့ ခေါ်ရတော့မယ်။ ကံကောင်းပါစေ ” ဆိုပြီး ရေးသားခဲ့ပါတယ်။

ဆာရီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ လိုင်ယွန်အသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂-၂- ဖြစ်ခဲ့ပေမဲ့ အဝေးကွင်း ပေးဂိုးကြောင့် ဂျူဗင်တပ်စ်က ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာ ချဲလ်ဆီးအသင်းရဲ့ မန်နေဂျာဟောင်း ဖြစ်ခဲ့တဲ့ ဆာရီကို တစ်နှစ်အကြာမှာ ဂျူဗင်တပ်စ်အသင်းက ထုတ်ပယ်ခဲ့ပြီး ဂျူဗင်တပ်စ် ယူ-၂၃ အသင်း မန်နေဂျာ ဖြစ်တဲ့ ပီယာရိုကို အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းက “ ဒီနေ့မှာတော့ ယုံကြည်မှုကို အခြေခံပြီး ပီယာရိုကို ရွေးချယ်ခဲ့ပါတယ်။ သူဦးဆောင်ပြီး ဘာတွေ ရယူနိုင်မလဲဆိုတာကိုလည်း မျှော်လင့်နေသလို အသင်းရဲ့ အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒီနေ့က ကမ္ဘာ့ဘောလုံးလောကမှာ သူ့ရဲ့ ဖြတ်သန်းမှုနဲ့အတူ အသင်းရဲ့ သင်ခန်းစာသစ် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျော်ကြားသူအဖြစ်ကနေ သူက ဆရာတစ်စူဖြစ်လာပါပြီ ” ဆိုပြီး ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi

“ အခုခ်ိန္မွာ ကြ်န္ေတာ္က သူ႔ကို ဆရာလို႔ ေခၚရေတာ့မွာေပါ့ ” ဂ်ဴဗင္တပ္စ္မန္ေနဂ်ာ ျဖစ္လာတဲ့ အသင္းေဖာ္ေဟာင္း ပီယာရိုအတြက္ ဘက္ဖြန္ရဲ့ စကား

ဂ်ဴဗင္တပ္စ္အသင္းက အသင္းမန္ေနဂ်ာ ဆာရီကို ထုတ္ပယ္လိုက္ၿပီးေနာက္မွာ အသင္းရဲ့ ဂႏၴဝင္ကစား သမားတစ္ဦးျဖစ္တဲ့ ပီယာရိုကို အစားထိုးခန႔္အပ္လိုက္ပါတယ္။ ပီယာရိုနဲ႔ အီတလီလက္ေရြးစင္အသင္းနဲ႔ ဂ်ဴဗင္တပ္စ္အသင္းမွာ အတူကစားခဲ့သူျဖစ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းရဲ့ လက္ရွိဂိုးသမားျဖစ္သူ ဘက္ဖြန္ဟာ ပီယာရို အသင္းမန္ေနဂ်ာ ျဖစ္လာျခင္းကို ဂုဏ္ယူသလို လက္ရွိအခ်ိန္မွာ ပီယာရိုကို ၎က ဆရာလို႔ ေခၚရေတာ့မွာ ဆိုၿပီး လူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့ပါတယ္။
ဘက္ဖြန္က ၎ရဲ့ အင္စတာဂရမ္ကေန “ ဒါဆို အခုခ်ိန္မွာ ငါက မင္းကို ဆရာလို႔ ေခၚရေတာ့မယ္။ ကံေကာင္းပါေစ ” ဆိုၿပီး ေရးသားခဲ့ပါတယ္။
ဆာရီဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ လိုင္ယြန္အသင္းတို႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့မွာ အိမ္ကြင္းမွာ ၂-၁ နဲ႔ အနိုင္ရခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ၂-၂- ျဖစ္ခဲ့ေပမဲ့ အေဝးကြင္း ေပးဂိုးေၾကာင့္ ဂ်ဴဗင္တပ္စ္က ၁၆ သင္းအဆင့္ကေန ထြက္ခဲ့ပါတယ္။ အဆိုပါပြဲအၿပီးမွာ ခ်ဲလ္ဆီးအသင္းရဲ့ မန္ေနဂ်ာေဟာင္း ျဖစ္ခဲ့တဲ့ ဆာရီကို တစ္ႏွစ္အၾကာမွာ ဂ်ဴဗင္တပ္စ္အသင္းက ထုတ္ပယ္ခဲ့ၿပီး ဂ်ဴဗင္တပ္စ္ ယူ-၂၃ အသင္း မန္ေနဂ်ာ ျဖစ္တဲ့ ပီယာရိုကို အစားထိုးခန႔္အပ္လိုက္တာ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းက “ ဒီေန႔မွာေတာ့ ယုံၾကည္မႈကို အေျခခံၿပီး ပီယာရိုကို ေရြးခ်ယ္ခဲ့ပါတယ္။ သူဦးေဆာင္ၿပီး ဘာေတြ ရယူနိုင္မလဲဆိုတာကိုလည္း ေမၽွာ္လင့္ေနသလို အသင္းရဲ့ အရည္အခ်င္းရွိတဲ့ ကစားသမားေတြနဲ႔အတူ ေအာင္ျမင္မႈေတြ ရယူနိုင္ဖို႔ ေမၽွာ္လင့္မိပါတယ္။ ဒီေန႔က ကမၻာ့ေဘာလုံးေလာကမွာ သူ႔ရဲ့ ျဖတ္သန္းမႈနဲ႔အတူ အသင္းရဲ့ သင္ခန္းစာသစ္ ဖြင့္လွစ္လိုက္ျခင္း ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ တစ္ပတ္ေလာက္က ေက်ာ္ၾကားသူအျဖစ္ကေန သူက ဆရာတစ္စူျဖစ္လာပါၿပီ ” ဆိုၿပီး ဂ်ဴဗင္တပ္စ္အသင္းက ထုတ္ျပန္ခဲ့ပါတယ္။