ရန့်စ်ကွင်းမှာ ပီအက်စ်ဂျီအနိုင်ရဖို့ ၇၅% ရှိနေတယ်

0
116

 

ပြင်သစ်လီဂူး-၁ ပွဲစဉ် ၅ အဖြစ် ရန့်စ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ရန့်စ်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၂၈-၉-၂၀၂၀ ရက် တနင်္လာနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ရန့်စ်အသင်းက လီဂူး-၁ ၄ ပွဲ ကစားအပြီး ရမှတ် ၁ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရှိနေပြီး ပီအက်စ်ဂျီအသင်းက ၄ ပွဲ ကစားအပြီး ရမှတ် ၆ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရန့်စ် ၀ – ၃ ပီအက်စ်ဂျီ(ပြင်သစ်လိဂ်ဖလား)

ပီအက်စ်ဂျီ ၀ – ၂ ရန့်စ်(လီဂူး-၁)

ရန့်စ် ၃ – ၁ ပီအက်စ်ဂျီ(လီဂူး-၁)

ပီအက်စ်ဂျီ ၄ – ၁ ရန့်စ်(လီဂူး-၁)

ပီအက်စ်ဂျီ ၄ – ၁ ရန့်စ်(လီဂူး-၁)

ရန့်စ် ၁ – ၁ ပီအက်စ်ဂျီ(လီဂူး-၁)

ရန့်စ်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ လေးပွဲရှုံး ထားပါတယ်။ ပီအက်စ်ဂျီအသင်းက နောက်ဆုံးလေးပွဲ ကစားအပြီး နှစ်ပွဲနိုင် နှစ်ပွဲရှုံး ဖြစ်ပေါ်ထားပါတယ်။ ရန့်စ် အသင်းက လီဂူး-၁ အိမ်ကွင်းပွဲ နောက်ဆုံး ခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီက လီဂူး-၁ နောက်ဆုံး ၁၉ ပွဲ ကစားအပြီး ၁၇ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ပီအက်စ်ဂျီက လီဂူး-၁ အဝေးကွင်းပွဲ နောက်ဆုံး ကိုးပွဲ ကစားအပြီး ရှစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ ရန့်စ် အသင်းက လီဂူး-၁ နောက်ဆုံး သုံးပွဲ ရှုံးပွဲတွေ့ထားပြီး ရှုံးပွဲ သုံးပွဲမှာ ပေးဂိုး တစ်ဂိုးနဲ့သာ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပီအက်စ်ဂျီအသင်းက ရန့်စ်အသင်းကို နှစ်ကျော့လုံး ရှုံးပွဲတွေ့ထားတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။

ရန့်စ်အသင်းမှာ ဖက်စ်နဲ့ မူနက်စ်စီတို့က ပွဲပယ်ပြစ်ဒဏ်ခံနေရပြီး ဒင်ဂိုမီက ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ပီအက်စ်ဂျီအသင်းမှာ ဘာနက်က ဒဏ်ရာရနေပြီး ကာဇာဝါက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ရန့်စ်အသင်းမှာ ပီအက်စ်ဂျီက အနိုင်ရဖို့ ၇၅% ရှိနေပြီး ရန့်စ်အသင်းက ၂၅% ရှိနေပါတယ်။

Zawgyi

