ရီးရဲလ်ဘက်တစ် ကွင်းမှာ ရီးရဲလ်မက်ဒရစ် သရေလောက်ပဲ ဖြစ်လာနိုင်တယ်

0
113

 

လာလီဂါပွဲစဉ် ၃ အဖြစ် ရီးရဲလ်ဘက်တစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ရီးရဲလ်ဘက်တစ်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၂၇-၉-၂၀၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ရီးရဲလ်ဘက်တစ်က လာလီဂါ အဖွင့်နှစ်ပွဲ ကစားအပြီး နှစ်ပွဲအနိုင်ရထားပေမဲ့ ရီးရဲလ်မက်ဒရစ်က အဖွင့်ပွဲမှာ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရီးရဲလ်ဘက်တစ် ၂ – ၁ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၀ – ၀ ရီးရဲလ်ဘက်တစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၀ – ၂ ရီးရဲလ်ဘက်တစ်(လာလီဂါ)

ရီးရဲလ်ဘက်တစ် ၁ – ၂ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်ဘက်တစ် ၃ – ၅ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၀ – ၁ ရီးရဲလ်ဘက်တစ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲ ကစားအပြီး ရီးရဲလ်ဘက်တစ်က နိုင်ပွဲအားလုံးဖြစ်ပေါ်ထားပြီး ရီးရဲလ်မက်ဒရစ်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး နှစ်ပွဲမှာ တစ်ပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက လာလီဂါ နောက်ဆုံး ၁၂ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ရီးရဲလ်ဘက်တစ်အသင်းက အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။ ရီးရဲလ်ဘက်တစ်က လာလီဂါ နောက်ဆုံးသုံးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်ဘက်တစ်အသင်းမှာ မာတင်၊ ကန်မာရာဆာနဲ့ ဖရန့်ဆစ်တို့က ဒဏ်ရာရနေပြီး ရီးရဲလ်မက်ဒရစ် အသင်းမှာ မာရီယာနိုက ဒဏ်ရာရနေပြီး ဟာဇက်က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် ရီးရဲလ်ဘက်တစ်က အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ ရီးရဲလ်မက်ဒရစ် အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

