ဟာဗက်ဇ်ကို ခေါ်ယူခွင့်ရှိပေမဲ့ ငြင်းဆန်ခဲ့တဲ့ မန်ယူနိုက်တက်

0
311

မန်ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းမတိုင်မီ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူခွင့်ရှိခဲ့ပေမဲ့ ငြင်းဆန်ခဲ့တယ်လို့ သိရှိရပါတယ်။ မန်ယူနိုက်တက်ဟာ ဒေါ့မွန် ကြယ်ပွင့်ကစားသမား ဆန်ချိုကိုသာ ပစ်မှတ်ထားနေတာကြောင့် ဟာဗက်ဇ်ကိစ္စမှာ ချဲလ်ဆီးထက် လက်ဦးမှုရယူနိုင်မယ့်အရေးကို လက်လွှတ်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လပိုင်းကတည်းက ဟာဗက်ဇ်ကို ခေါ်ယူနိုင်ခွင့် ရှိခဲ့ပေမဲ့ ငြင်းဆန်ခဲ့ ပြီး ဆန်ချိုအပြောင်းအရွှေ့အတွက်သာ ဒေါ့မွန်အသင်းနဲ့ ဆက်လက်ဆွေးနွေးနေခဲ့တာလို့ သိရပါတယ်။ ဒေါ့မွန် အသင်းကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်းအထိ အလိုရှိနေပြီး မန်ယူနိုက်တက်အသင်း ပေးလိုတဲ့ဈေးဟာ သတ်မှတ်ဈေးထက် အများကြီးလျော့နည်းနေတာကြောင့် ဆွေးနွေး မှုအဆင်မပြေဖြစ်နေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

မန်ယူနိုက်တက်အသင်းအနေနဲ့ ဒီစက်တင်ဘာလအတွင်းမှာလည်း ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးစား နေပြီး နီးစပ်မှုတော့ မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိကာလမှာတော့ မန်ယူနိုက်တက်အသင်းဟာ အေဂျက်ဇ်ကွင်းလယ်လူ ဗန်ဒါဗတ်ကိုသာ ခေါ်ယူထားနိုင်သေးပြီး ချဲလ်ဆီးအသင်းကတော့ ကစားသမား ပိုခေါ်ယူထားနိုင်ပါတယ်။ ဒီနွေရာသီမှာ ချဲလ်ဆီးအသင်း ခေါ်ယူထားနိုင်တဲ့ ကစားသမားတွေက ဟာဗက်ဇ်၊ ရီယက်စ်၊ ဝါနာ၊ ပမ်ပိုရမ်ပါ၊ ချီဝဲလ်၊ မာလန်းဆားနဲ့ သီယာဂိုဆေးလ်ဗားတို့ဖြစ်ပါတယ်။ ဟာဗက်ဇ်က ချဲလ်ဆီး အသင်းကိ ုရွေးချယ်ရခြင်းမှာ နည်းပြလမ်းပတ်ကြောင့်ဖြစ်တယ်လို့လည်း ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

ဟာဗက္ဇ္ကို ေခၚယူခြင့္ရွိေပမဲ့ ျငင္းဆန္ခဲ့တဲ့ မန္ယူႏုိက္တက္

မန္ယူႏုိက္တက္အသင္းဟာ ခ်ဲလ္ဆီးအသင္းမတုိင္မီ ကိုင္ဟာဗက္ဇ္ကို ေခၚယူခြင့္ရွိခဲ့ေပမဲ့ ျငင္းဆန္ခဲ့တယ္လို႔ သိရွိရပါတယ္။ မန္ယူႏုိက္တက္ဟာ ေဒါ့မြန္ ၾကယ္ပြင့္ကစားသမား ဆန္ခ်ဳိကိုသာ ပစ္မွတ္ထားေနတာေၾကာင့္ ဟာဗက္ဇ္ကိစၥမွာ ခ်ဲလ္ဆီးထက္ လက္ဦးမႈရယူႏုိင္မယ့္အေရးကို လက္လႊတ္ခဲ့တာျဖစ္ပါတယ္။

မန္ယူႏုိက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လပိုင္းကတည္းက ဟာဗက္ဇ္ကို ေခၚယူႏုိင္ခြင့္ ရွိခဲ့ေပမဲ့ ျငင္းဆန္ခဲ့ ၿပီး ဆန္ခ်ဳိအေျပာင္းအေရႊ႕အတြက္သာ ေဒါ့မြန္အသင္းနဲ႔ ဆက္လက္ေဆြးေႏြးေနခဲ့တာလို႔ သိရပါတယ္။ ေဒါ့မြန္ အသင္းကေတာ့ သူတို႔ရဲ႕ ၾကယ္ပြင့္ကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀၈ သန္းအထိ အလိုရွိေနၿပီး မန္ယူႏုိက္တက္အသင္း ေပးလိုတဲ့ေစ်းဟာ သတ္မွတ္ေစ်းထက္ အမ်ားႀကီးေလ်ာ့နည္းေနတာေၾကာင့္ ေဆြးေႏြး မႈအဆင္မေျပျဖစ္ေနတယ္လို႔လည္း သတင္းေတြက ဆိုပါတယ္။

မန္ယူႏုိက္တက္အသင္းအေနနဲ႔ ဒီစက္တင္ဘာလအတြင္းမွာလည္း ဆန္ခ်ဳိကို ေခၚယူႏုိင္ဖို႔ ဆက္လက္ႀကိဳးစား ေနၿပီး နီးစပ္မႈေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။ လက္ရွိကာလမွာေတာ့ မန္ယူႏိုက္တက္အသင္းဟာ ေအဂ်က္ဇ္ကြင္းလယ္လူ ဗန္ဒါဗတ္ကိုသာ ေခၚယူထားႏုိင္ေသးၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ ကစားသမား ပိုေခၚယူထားႏုိင္ပါတယ္။ ဒီေႏြရာသီမွာ ခ်ဲလ္ဆီးအသင္း ေခၚယူထားႏုိင္တဲ့ ကစားသမားေတြက ဟာဗက္ဇ္၊ ရီယက္စ္၊ ၀ါနာ၊ ပမ္ပိုရမ္ပါ၊ ခ်ီ၀ဲလ္၊ မာလန္းဆားနဲ႔ သီယာဂိုေဆးလ္ဗားတုိ႔ျဖစ္ပါတယ္။ ဟာဗက္ဇ္က ခ်ဲလ္ဆီး အသင္းကိ ုေရြးခ်ယ္ရျခင္းမွာ နည္းျပလမ္းပတ္ေၾကာင့္ျဖစ္တယ္လို႔လည္း ဖြင့္ဟသြားခဲ့ပါတယ္။