အိမ်ရှင် စိန့်အက်တီယမ် တစ်ဂိုးအသာလောက်နဲ့ အနိုင်ယူသွားနိုင်တယ်

0
107

 

ပြင်သစ်လီဂူး-၁ ပွဲစဉ် ၅ အဖြစ် စိန့်အက်တီယမ်အသင်းနဲ့ ရမ်းနက်စ်အသင်းတို့ဟာ စိန့်အက်တီယမ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၆-၉-၂၀၂၀ ရက် စနေနေ့ည ၉.၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ စိန့်အက်တီယမ်အသင်းက လေးပွဲကစားအပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ရမ်းနက်စ်အသင်း ကလည်း ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရမ်းနက်စ် ၃ – ၀ စိန့်အက်တီယမ်(ခြေစမ်းပွဲ)

စိန့်အက်တီယမ် ၂ – ၁ ရမ်းနက်စ်(ပြင်သစ်လိဂ်ဖလား)

ရမ်းနက်စ် ၂ – ၁ စိန့်အက်တီယမ်(လီဂူး-၁)

ရမ်းနက်စ် ၃ – ၀ စိန့်အက်တီယမ်(လီဂူး-၁)

စိန့်အက်တီယမ် ၁ – ၁ ရမ်းနက်စ်(လီဂူး-၁)

ရမ်းနက်စ် ၁ – ၁ စိန့်အက်တီယမ်(လီဂူး-၁)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲ ကစားအပြီး စိန့်အက်တီယမ်က သုံးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ရမ်းနက်စ်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထား ပါတယ်။ ရမ်းနက်စ်အသင်းက လီဂူး-၁ နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲ အနိုင်ရထားပါတယ်။ စိန့်အက်တီယမ်အသင်းက အိမ်ကွင်းမှာ ရမ်းနက်စ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ စိန်အက်တီယမ်က နောက်ဆုံးကစားခဲ့တဲ့ လီဂူး-၁ ပွဲ လေးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ရမ်းနက်စ်အသင်းကလည်း လီဂူး-၁ ပွဲ နောက်ဆုံး ခုနစ်ပွဲကစားအပြီး ခြောက်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ စိန့်အက်တီယမ်အသင်းက လီဂူး-၁ နောက်ဆုံး ငါးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

စိန့်အက်တီယမ်အသင်းမှာ ဂါဘရီရယ် ဆေးလ်ဗား၊နဲ့ အဘီတို့က ဒဏ်ရာရနေပြီး ရမ်းနက်စ်အသင်းမှာ ညမ်အမ်စီ၊ နိုင်းနဲ့ မာအူအက်ဆာတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က စိန့်အက်တီယမ်အသင်းက အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၃၀% နဲ့ ရမ်းနက်စ်အသင်းက အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

