အိမ်ရှင် မာဆေးက အနိုင်ရလဒ်ဖြစ်ဖို့ ရာနှုန်းပြည့်ရှိတယ်

0
152

 

ပြင်သစ်လီဂူး-၁ ပွဲ ၃ အဖြစ် မာဆေးအသင်းနဲ့ စိန့်အက်တီယမ်အသင်းတို့ဟာ မာဆေးရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၈-၉-၂၀၂၀ ရက် သောကြာနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မာဆေးအသင်းက လီဂူး-၁ နှစ်ပွဲကစားအပြီး အနိုင်ရထားသလို စိန့်အက်တီယမ်အသင်းကလည်း နှစ်ပွဲအနိုင်ရထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

စိန့်အက်တီယမ် ၀ – ၂ မာဆေး(လီဂူး-၁)

မာဆေး ၁ – ၀ စိန့်အက်တီယမ်(လီဂူး-၁)

စိန့်အက်တီယမ် ၁ – ၂ မာဆေး(ခြေစမ်းပွဲ)

မာဆေး ၂ – ၀ စိန့်အက်တီယမ်(လီဂူး-၁)

စိန့်အက်တီယမ် ၂ – ၁ မာဆေး(လီဂူး-၁)

မာဆေး ၀ – ၁ စိန့်အက်တီယမ်(ခြေစမ်းပွဲ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲကစားအပြီး မာဆေးအသင်းက သုံးပွဲနိုင် တစ်ပွဲရှုံးထားပြီး စိန့်အက်တီယမ်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ နှစ်ပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ မာဆေးအသင်းက စိန့်အက်တီယမ်နဲ့ ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်းပွဲ နောက်ဆုံး ၁၇ ပွဲကစားအပြီး ၁၄ ပွဲ အနိုင်ရထားပါတယ်။ စိန့်အက်တီယမ်အသင်းက လီဂူး-၁ အဝေးကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲဆက် ရှုံးပွဲတွေ့ထားပါတယ်။ မာဆေးအသင်း က လီဂူး-၁ နောက်ဆုံး ၁၉ ပွဲကစားအပြီး ၁၈ ပွဲရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ စိန့်အက်တီယမ်က လီဂူး-၁ အဝေးကွင်းပွဲ နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ ပေးဂိုးအနည်းဆုံး နှစ်ဂိုးပေးထားရပါတယ်။ မာဆေးက အိမ်ကွင်းမှာ စိန့်အက်တီယမ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် သုံးပွဲမှာ ပျမ်းမျှသွင်းဂိုးနှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။ စိန့်အက်တီယမ်က လီဂူး-၁ ပွဲနောက်ဆုံး ခုနစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။

မာဆေးအသင်းမှာ အမ်မာဗွီနဲ့ ဘန်နီဒက်တိုတို့က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို စိန့်အက်တီယမ်မှာ ဂါဘရီရယ်ဆေးလ်ဗားက ဒဏ်ရာရနေပြီး နောဒင်နဲ့ နီယူတို့က ပါဝင်နိုင်ဖို့ မသေပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် အိမ်ရှင် မာဆေးက ယခုနှစ်အတွက် ပွဲဦးထွက် အိမ်ကွင်းပွဲမှာ အနိုင်ရလဒ် ဖြစ်ပေါ်လာဖို့ ရာနှုန်းပြည့်ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

