အိမ်ရှင် ရီးရဲလ်မက်ဒရစ်က နှစ်ဂိုးအသာလောက် သွင်းယူသွားနိုင်တယ်

0
127

 

လာလီဂါပွဲစဉ် ၄ အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗယ်လာဒိုလိဒ်အသင်းတို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁-၁၀-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က လာလီဂါ နှစ်ပွဲကစားအပြီးမှာ တစ်ပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပြီး ဗယ်လာဒိုလိဒ်အသင်းက လာလီဂါ သုံးပွဲကစာအပြီး နှစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး ရမှတ်နှစ်မှတ်သာ ရရှိထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဗယ်လာဒိုလိဒ် ၀ – ၁ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၁ – ၁ ဗယ်လာဒိုလိဒ်(လာလီဂါ)

ဗယ်လာဒိုလိဒ် ၁ – ၄ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၂ – ၀ ဗယ်လာဒိုလိဒ်(လာလီဂါ)

ဗယ်လာဒိုလိဒ် ၁ – ၁ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၄ – ၀ ဗယ်လာဒိုလိဒ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲကစားအပြီး ရီးရဲလ်မက်ဒရစ်က နှစ်ပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပြီး ဗယ်လာဒိုလိဒ်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး တစ်ပွဲနိုင် သုံးပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါ တယ်။ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲဆက် နိုင်ပွဲ ဖြစ်ပေါ်ထားပါတယ်။ ဗယ်လာဒိုလိဒ်အသင်းက လာလီဂါ နောက်ဆုံး ၁၃ ပွဲ ကစားအပြီး ၁၁ ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ဗယ်လာဒိုလိဒ်နဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၁ ပွဲတွေ့ဆုံအပြီး ကိုးပွဲ အနိုင်ရထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါအိမ်ကွင်းပွဲ နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဗယ်လာဒိုလိဒ်အသင်းက လာလီဂါ အဝေးကွင်းပွဲ နောက်ဆုံး သုံးပွဲဆက် ရှုံးပွဲတွေ့ထားပြီး ပေးဂိုးအနည်းဆုံး နှစ်ဂိုး ပေးထားရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ မာရီယာနို၊ တိုနီ ခရုစ်နဲ့ မီလီတာယိုတို့က ဒဏ်ရာရနေပြီး ဟာဇက်နဲ့ အက်ဆန်ဆီယိုတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ဗယ်လာဒိုလိဒ်အသင်းမှာ အိုလီဗက်စ်၊ အယ်ကာရက်ဇ်၊ မိုယာနိုနဲ့ ဖာမန်ဒက်ဇ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ရီးရဲလ်မက်ဒရစ်က အနိုင်ရဖို့ ၆၀% ရှိနေပြီး ဗယ်လာဒိုလိဒ်အနိုင်ရဖို့ ၄၀%  ရှိနေပါတယ်။

Zawgyi

