အိမ်ရှင် လိုင်ယွန်က နိုင်ပွဲ ဖြစ်ဖို့ စွမ်းဆောင်သွားမှာပါ

0
114

 

ပြင်သစ်လီဂူး-၁ ပွဲစဉ် ၄ အဖြစ် လိုင်ယွန်အသင်းနဲ့ နီမက်စ်အသင်းတို့ဟာ လိုင်ယွန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၉-၉-၂၀၂၀ ရက် စနေနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လီဂူး-၁ ၃ ပွဲ ကစားအပြီးမှာ လိုင်ယွန်အသင်းက အဆင့် ၁၁ နေရာမှာ ရှိနေပြီး နီမက်စ်အသင်းက အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး လေးကြိမ်

နီမက်စ် ၀ – ၄ လိုင်ယွန်(လီဂူး-၁)

နီမက်စ် ၂ – ၃ လိုင်ယွန်(လီဂူး-၁)

လိုင်ယွန် ၂ – ၀ နီမက်စ်(လီဂူး-၁)

လိုင်ယွန် ၃ – ၂ နီမက်စ်(ခြေစမ်းပွဲ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲ ကစားအပြီး လိုင်ယွန်အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ထားပြီး နီမက်စ်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲမှာ တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ နီမက်စ်အသင်းက လီဂူး-၁ အဝေးကွင်းပွဲ နောက်ဆုံး ကိုးပွဲ ကစားအပြီး ရှစ်ပွဲမှာ ရှုံးပွဲတွေ့ထားပါတယ်။ လိုင်ယွန် အသင်းက နီမက်စ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ အနိုင်ရရှိထားသလို အနည်းဆုံး သွင်းဂိုး နှစ်ဂိုး သွင်းယူထားပါတယ်။ နီမက်စ်အသင်းက လီဂူး-၁ အဝေးကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲကစားအပြီး ခြောက်ပွဲမှာ အနည်းဆုံးပေးဂိုး နှစ်ဂိုး ပေးထားရပါတယ်။ လိုင်ယွန်အသင်းက လီဂူး-၁ အိမ်ကွင်းပွဲ နောက်ဆုံး ငါးပွဲဆက် ရှုံးပွဲ မရှိ ဖြစ်ပေါ်ထားပါတယ်။

လိုင်ယွန်အသင်းမှာ အယ်ဒီလေဒီက ဒဏ်ရာရနေပြီး အော်ယူလာက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို နီမက်စ်အသင်းမှာ ဒီလက်ဇ်နဲ့ အယ်လက်အော့ချ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လိုင်ယွန်က အနိုင်ရဖို့ ၇၅% ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ် လာနိုင်ပါတယ်။

Zawgyi


လိုင်ယွန်အသင်းမှာ အယ်ဒီလေဒီက ဒဏ်ရာရနေပြီး အော်ယူလာက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို နီမက်စ်အသင်းမှာ ဒီလက်ဇ်နဲ့ အယ်လက်အော့ခ်ျတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။