၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ရွှေဖိနပ်ပိုင်ရှင် ဘယ်သူဖြစ်လာမလဲ

0
174

 

၂၀၂၀-၂၁ ခုနှစ် ဘောလုံးရာသီဟာ စက်တင်ဘာ ၁၂ ရက် စနေနေ့မှာ စတင်ပြီး ကစားသွားမှာ ဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီအတွက် ရွှေဖိနပ်ပိုင်ရှင်က ဘယ်သူဖြစ်လာမလဲဆိုတာ အဖွင့်ပွဲစဉ်က စတင်ပြီး စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက သွင်းဂိုး ၂၃ ဂိုးနဲ့ လက်စတာစီးတီး တိုက်စစ်မှူး ဗာဒီက ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုဟာ လက်စတာစီးတီးအသင်းအတွက် ပထမဆုံး ရရှိခဲ့တဲ့ ရွှေဖိနပ်လည်း ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ပိုင်ရှင်တွေ ဖြစ်ခဲ့တဲ့ ဆာလက်၊ ဟာရီကိန်း၊ မာနေးနဲ့ အူဘာမီရန်တို့ကိုလည်း စောင့်ကြည့်သွားရမဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းကို ရောက်ရှိလာတဲ့ ဂျာမနီကလပ် လိုက်ပ်ဇစ်မှာ ၂၈ ဂိုးအထိ သွင်းယူခဲ့တဲ့ ဝါနာကလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်တိုက်ပွဲမှာ ထည့်သွင်းစဉ်းစားရမဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်သမ်တန်ရဲ့ ဝါရင့် တိုက်စစ်မှူး ဖြစ်တဲ့ ဒန်နီ အင့်ကလည်း စောင့်ကြည့်ရမဲ့သူ တစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ နှစ်က ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

g1

ဆာလက်

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလက်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ ရွှေဖိနပ်ဆုအတွက် ရေပန်းစားနေတဲ့ ကစားသမားတစ်ဦးပါ။ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။ ဒါပေမဲ့လည်း ဗာဒီနောက် သွင်းဂိုး လေးဂိုးကွာဟခဲ့ရလို့ ရွှေဖိနပ်ဆုနဲ့ လွဲချော်ခဲ့ရသူပါ။ ယခုနှစ်မှာ ၎င်းအတွက် တတိယမြောက် ရွှေဖိနပ်ကို ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်သလို ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရွှေဖိနပ်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ၎င်းရဲ့ ဂိုးသွင်းနှုန်းကို အများစုက ယုံကြည်ခဲ့ကြသလို လီဗာပူးလ်ကို စတင်ရောက်လာတဲ့ နှစ်မှာပဲ ရော်နယ်ဒို၊ ဆွာရတ်ဇ်နဲ့ အလန်ရှီးယားတို့ရဲ့ သွင်းဂိုးတွေကို ကျော်လွန်ပြီး ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်နေပါတယ်။ ယခုနှစ်အတွက် ဆာလက်ရဲ့ ရွှေဖိနပ် ရနိုင်ချေက ငါးလေး တစ်လေး ရှိနေပါတယ်။

g2

ဟာရီကိန်း

စပါးလ်အသင်းမှာ အထိုင်ကျနေပြီး နှစ်စဉ်နှစ်တိုင်း သွင်းဂိုးတွေ ဒိုင်ခံသွင်းပေးနေသူ တစ်ဦးဖြစ်ပါတယ်။ ဟာရီကိန်းက ဆာလက်ပြီးရင် ရွှေဖိနပ်ဆုအတွက် ဒုတိနေရာမှာ ရှိနေသူပါ။ ၎င်းက ပြီးခဲ့တဲ့ နှစ်က ဇန်နဝါရီလမှာ ပေါင်ခြံဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမဲ့ ဇွန်လမှာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်ချိန်မှာတော့ ဒဏ်ရာသက်သာလို့ ၎င်းက ပါဝင်နိုင်ခဲ့ပါတယ်။ ပြန်လည်စတင်တဲ့ ပရီးမီးယားလိဂ် ကိုးပွဲမှာ ၎င်းက ခုနစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၎င်းက မန်စီးတီးရဲ့ တိုက်စစ်ကစားသမား စတားလင်းနဲ့ ဝက်ဟမ်းရဲ့ တိုက်စစ်ကစား သမား အမ်တိုနီယိုတို့ထက် ပိုပြီး ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ ယခုနှစ် ရာသီအစမှာ ဟာရီကိန်းက ဒဏ်ရာ ကင်းစင်နေသူ ဖြစ်တဲ့အတွက် ၎င်းရဲ့ သွင်းဂိုးတွေကို စောင့်ကြည့်ရမှာ ဖြစ်သလို ၎င်းအတွက် တတိယမြောက် ရွှေဖိနပ်ဖြစ်မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်စေပါတယ်။ ဟာရီကိန်းအတွက် ရွှေဖိနပ်ရရှိဖွယ် အလေးက ခြောက်လေး တစ်လေး ရှိနေပါတယ်။

g3

အူဘာမီရန်

အာဆင်နယ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ပါ။ ဟာရီကိန်းနည်းတူ အလေးပေးမှု ညီမျှနေသူလည်း ဖြစ်ပါတယ်။ အသင်းမှာပျော်ရွှင်နေသူ ဖြစ်သလို စာချုပ်သစ်အတွက် စောင့်ကြိုနေသူပါ။ ပြီးခဲ့တဲ့ နှစ်ကလည်း သွင်းဂိုး ၂၂ ဂိုး သွင်းယူခဲ့ပေမဲ့ ရွှေဖိနပ်ရှင် ဗာဒီနောက် တစ်ဂိုးကွာဟမှုကြောင့် လက်လွှတ်လိုက်ရပါတယ်။ အာဆင်နယ်ကို ရောက်ရှိပြီး ၂၀၁၉ ခုနှစ်မှာ ရွှေဖိနပ်ဆုကို ဆာလက်၊ မာနေးတို့အတူ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အသင်း မန်နေဂျာ အာတီတာရဲ့ အားထားရတဲ့ တိုက်စစ်မှူးဖြစ်သလို ပြီးခဲ့တဲ့ နှစ်မှာ အဆင့်ရှစ်နေရာ ရပ်တည်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ ရလဒ်ကောင်းတွေအတွက် တိုက်ပွဲဝင်သွားမဲ့ အသင်းတစ်သင်း အဖြစ် ပြင်ဆင်ထားပါတယ်။

 

အဂူရို

မန်စီးတီးအသင်းမှာ စံချိန်တင် ဂိုးသွင်းယူနိုင်ခဲ့သူပါ။ အသက်အရွယ်ပိုင်းအရ ၃၂ နှစ်ဖြစ်လာပြီး ဖြစ်လို့ လူငယ်တွေနဲ့ အပြိုင်ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါဦးမယ်။ ပြီးခဲ့တဲ့ နှစ်က ဒဏ်ရာပြဿနာကြောင့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီမှာပြိုင်ပွဲအရပ်ရပ် ၂၄ ပွဲ ကစားခဲ့ပြီး ၁၈ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် နားနေရပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကာလရှည် အနားယူခွင့်ရခဲ့လို့ ရာသီအဖွင့်မှာ ၎င်းရဲ့ ခြေစွမ်းကို တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။ မန်စီးတီးရဲ့တစ်ကျော့ပြန် ဖလားယူခွင့်ရဦးမလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ အဂူရိုရဲ့ ရွှေဖိနပ်ရရှိခွင့် အလေးက ခုနစ်လေး တစ်လေး ရှိနေပါတယ်။

g4

တီမို ဝါနာ

ပရီးမီးယားလိဂ်ကို ယခုနှစ်မှာ စတင်ပြီး ခြေချမဲ့ တိုက်စစ်ကစားသမားတစ်ဦးပါ။ ချဲလ်ဆီးအသင်းက ချန်ပီယံလီဗာပူးလ်အသင်းနဲ့ အပြိုင်အမိအရခေါ်ယူလိုက်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဂျာမန် လက်ရွေးစင်ကစားသမားဖြစ်ပြီး လိုက်ပ်ဇစ်အသင်းနဲ့ လိဂ်ပွဲ ၃၄ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းဟာ ပြေးနှုန်းမြန်သလို လျှင်မြန်တဲ့ ခြေထောက်တွေနဲ့ တောက်ပတဲ့ ကန်ချက်တွေ ရှိနေသူပါ။ ပရီးမီးယားလိဂ်မှာ ၎င်းရဲ့ ပုံရိပ်တွေက အမှတ်ထင်စရာဖြစ်စေမလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပြီး ၎င်းရဲ့ ရွှေဖိနပ်ရနိုင်ချေက ကိုးလေ တစ်လေး ရှိနေပါတယ်။

g5

စတားလင်း

စတားလင်းဟာ ဂွါဒီယိုလာရဲ့ လက်စွဲတော် ဂိုးသွင်းသမားတစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆု အတွက် တစ်ပြေးနေသူဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် စတားလင်းက ပြီးခဲ့တဲ့ နှစ်ကလည်း သွင်းဂိုး အများဆုံးသွင်းယူနိုင်တဲ့ စတုတ္ထနေရာမှာ ရပ်တည်ခဲ့သူပါ။ ပြီးခဲ့တဲ့ နှစ်က ဂိုး ၂၀ အထိ သွင်းယူခဲ့ပြီး ပြီခဲ့တဲ့ နှစ်တွေကလည်း နှစ်စဉ်ဂိုးတွေ သွင်းပေးနေသူ ဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီအတွက် စတားလင်းရဲ့ ရွှေဖိနပ် ရရှိနိုင်းရေး အလေးပေးမှုမှာ ၁၂ လေး၊ တစ်လေး ရှိနေပါတယ်။

g6

မာနေး

လီဗာပူးလ်အသင်းရဲ့ ကမ္ဘာ့အဆင့် အရည်အသွေးရှိသူတစ်ဦးဖြစ်သလို ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ကစားသမားတစ်ဦးပါ။ ပြီးခဲ့တဲ့ နှစ်က ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၂၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဆာလက်နောက် နှစ်ဂိုးကွာဟခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း ဆာလက်၊ အူဘာမီရန်တို့နဲ့ အတူ ရွှေဖိနပ်ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ မာနေးဟာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား ရအောင် လိဂ်သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို ခုနစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မာနေးအတွက် ရွှေဖိနပ်ရရှိရေးအတွက် အလေးပေးမှုမှာ ၁၆ လေး တစ်လေး ရှိနေပါတယ်။

g7

ဗာဒီ

ပြီးခဲ့တဲ့ ဘောလုံးရာသီက သွင်းဂိုး ၂၃ ဂိုးနဲ့ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့သူ ဖြစ်သလို လက်စတာစီးတီးသမိုင်းကြောင်းမှာလည်း ပထမဆုံး ရွှေဖိနပ်ရရှိခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ရောက်နေပြီ ဆိုပေမဲ့ အသင်းအတွက် ဆက်လက်တိုက်ပွဲဝင်သွားဖို့ ရည်မှန်းထားသူ တစ်ဦးပါ။ ၎င်းက လက်စတာစီးတီးအသင်း သမိုင်းမှာ ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းထိုးနိုင်ထားသူပါ။ လူများစွာရဲ့ အမြင်မှာ ဗာဒီက ရွှေဖိနပ်ဆု ရရှိဖို့ မဖြစ်နိုင်ဘူးဆိုသူတွေကြားမှာ ရွှေဖိနပ်ရယူခဲ့သူဖြစ်ပါတယ်။ ယခုနှစ်မှာလည်း ရွှေဖိနပ်ဆုကိုရယူနိုင်ဦးမလားဆိုတဲ့ အလေးပေးမှုမှာ ၎င်းက ၁၈ လေး၊ တစ်လေး ရှိနေပါတယ်။

g8

ဂျီးဆပ်

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှာ အဂူရိုက ဦးဆောင်နေပေမဲ့ ဂျီးဆပ်က ကစားခွင့်ရရင် ဂိုးတွေ သွင်းယူပေးနိုင်သူ တစ်ဦးဖြစ်ပါတယ်။ အသက် ၂၃ နှစ်တိုက်စစ်ကစားသမား ဂျီးဆပ်က မန်စီးတီးရဲ့ အနာဂတ် တိုက်စစ်ပိုင်းမှာ ဦးဆောင်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီအတွက် ဂျီးဆပ်အတွက်ရွှေဖိနပ် မျှော်လင့်ချက်က ၂၀ လေး၊ တစ်လေး ရှိနေပါတယ်။

g9

ဒန်နီ အင့်

ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှာ ဦးဆောင်နေသူ တစ်ဦးဖြစ်သလို ဆောက်သမ်တန်အသင်းကို ပြီးခဲ့တဲ့နှစ်က တန်းဆင်းဇုံကနေ လွတ်မြောက်အောင် ကူညီပေးခဲ့သူဖြစ်သလို ရာသီပြီးဆုံးချိန်မှာ အမှတ်ပေး ဇယား အလယ်အထိ ရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ ၂၂ ဂိုးအထိ သွင်းယူခဲ့ပြီး ရွှေဖိနပ်ဆုရဲ့ လက်တစ်ကမ်းမှာ ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ ၎င်းဟာ ဆာလက်နဲ့ ဟာရီကိန်းတို့လို ဆောက်သမ်တန်အသင်းမှာ ခြေစွမ်းပြမဲ့သူ ဆိုပြီး နာမည်ထွက်နေတဲ့ ဝါရင့်တိုက်စစ်ကစားသမား ဖြစ်ပါတယ်။ ၎င်းက ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုရှင်တွေ ကြားထဲက ဖြတ်မျဉ်းတစ်ကြောင်း ဖြစ်လာနိုင်သူပါ။ ၎င်းအတွက် ရွှေဖိနပ်ရရှိရေး အလေးပေးမှုက ၂၂ လေး၊ တစ်လေး ရှိနေပါတယ်။

Zawgyi

၂၀၂၀-၂၁ ေဘာလုံးရာသီအတြက္ ေရႊဖိနပ္ပိုင္ရွင္ ဘယ္သူျဖစ္လာမလဲ

၂၀၂၀-၂၁ ခုႏွစ္ ေဘာလုံးရာသီဟာ စက္တင္ဘာ ၁၂ ရက္ စေနေန႔မွာ စတင္ၿပီး ကစားသြားမွာ ျဖစ္ပါတယ္။ ယခုႏွစ္ ေဘာလုံးရာသီအတြက္ ေရႊဖိနပ္ပိုင္ရွင္က ဘယ္သူျဖစ္လာမလဲဆိုတာ အဖြင့္ပြဲစဥ္က စတင္ၿပီး ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက သြင္းဂိုး ၂၃ ဂိုးနဲ႔ လက္စတာစီးတီး တိုက္စစ္မႉး ဗာဒီက ေရႊဖိနပ္ဆုကို ရရွိခဲ့ပါတယ္။ ဒီဆုဟာ လက္စတာစီးတီးအသင္းအတြက္ ပထမဆုံး ရရွိခဲ့တဲ့ ေရႊဖိနပ္လည္း ျဖစ္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ရဲ့ ေရႊဖိနပ္ပိုင္ရွင္ေတြ ျဖစ္ခဲ့တဲ့ ဆာလက္၊ ဟာရီကိန္း၊ မာေနးနဲ႔ အူဘာမီရန္တို႔ကိုလည္း ေစာင့္ၾကည့္သြားရမဲ့ ကစားသမားေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိလာတဲ့ ဂ်ာမနီကလပ္ လိုက္ပ္ဇစ္မွာ ၂၈ ဂိုးအထိ သြင္းယူခဲ့တဲ့ ဝါနာကလည္း ပရီးမီးယားလိဂ္ ေရႊဖိနပ္တိုက္ပြဲမွာ ထည့္သြင္းစဥ္းစားရမဲ့ ကစားသမားတစ္ဦး ျဖစ္ပါတယ္။ ဒါ့အျပင္ ေဆာက္သမ္တန္ရဲ့ ဝါရင့္ တိုက္စစ္မႉး ျဖစ္တဲ့ ဒန္နီ အင့္ကလည္း ေစာင့္ၾကည့္ရမဲ့သူ တစ္ဦးျဖစ္သလို ၿပီးခဲ့တဲ့ ႏွစ္က ၂၂ ဂိုးအထိ သြင္းယူနိုင္ခဲ့ပါတယ္။
ဆာလက္
လီဗာပူးလ္တိုက္စစ္ကစားသမား ဆာလက္ဟာ ၂၀၂၀-၂၁ ေဘာလုံးရာသီ ေရႊဖိနပ္ဆုအတြက္ ေရပန္းစားေနတဲ့ ကစားသမားတစ္ဦးပါ။ ၿပီးခဲ့တဲ့ ႏွစ္က ခ်န္ပီယံျဖစ္တဲ့ လီဗာပူးလ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၉ ဂိုးအထိ သြင္းယူနိုင္ခဲ့သူပါ။ ဒါေပမဲ့လည္း ဗာဒီေနာက္ သြင္းဂိုး ေလးဂိုးကြာဟခဲ့ရလို႔ ေရႊဖိနပ္ဆုနဲ႔ လြဲေခ်ာ္ခဲ့ရသူပါ။ ယခုႏွစ္မွာ ၎အတြက္ တတိယေျမာက္ ေရႊဖိနပ္ကို ရယူနိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္သလို ၂၀၁၈ ခုႏွစ္နဲ႔ ၂၀၁၉ ခုႏွစ္ေတြမွာ ေရႊဖိနပ္ရယူနိုင္ခဲ့သူျဖစ္ပါတယ္။ ၎ရဲ့ ဂိုးသြင္းႏႈန္းကို အမ်ားစုက ယုံၾကည္ခဲ့ၾကသလို လီဗာပူးလ္ကို စတင္ေရာက္လာတဲ့ ႏွစ္မွာပဲ ေရာ္နယ္ဒို၊ ဆြာရတ္ဇ္နဲ႔ အလန္ရွီးယားတို႔ရဲ့ သြင္းဂိုးေတြကို ေက်ာ္လြန္ၿပီး ၃၂ ဂိုးအထိ သြင္းယူနိုင္ခဲ့သူ ျဖစ္ေနပါတယ္။ ယခုႏွစ္အတြက္ ဆာလက္ရဲ့ ေရႊဖိနပ္ ရနိုင္ေခ်က ငါးေလး တစ္ေလး ရွိေနပါတယ္။

ဟာရီကိန္း
စပါးလ္အသင္းမွာ အထိုင္က်ေနၿပီး ႏွစ္စဥ္ႏွစ္တိုင္း သြင္းဂိုးေတြ ဒိုင္ခံသြင္းေပးေနသူ တစ္ဦးျဖစ္ပါတယ္။ ဟာရီကိန္းက ဆာလက္ၿပီးရင္ ေရႊဖိနပ္ဆုအတြက္ ဒုတိေနရာမွာ ရွိေနသူပါ။ ၎က ၿပီးခဲ့တဲ့ ႏွစ္က ဇန္နဝါရီလမွာ ေပါင္ၿခံဒဏ္ရာေၾကာင့္ မပါဝင္နိုင္ခဲ့ေပမဲ့ ဇြန္လမွာ ပရီးမီးယားလိဂ္ပြဲေတြ ျပန္လည္စတင္ခ်ိန္မွာေတာ့ ဒဏ္ရာသက္သာလို႔ ၎က ပါဝင္နိုင္ခဲ့ပါတယ္။ ျပန္လည္စတင္တဲ့ ပရီးမီးယားလိဂ္ ကိုးပြဲမွာ ၎က ခုနစ္ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ပါတယ္။ ၎က မန္စီးတီးရဲ့ တိုက္စစ္ကစားသမား စတားလင္းနဲ႔ ဝက္ဟမ္းရဲ့ တိုက္စစ္ကစား သမား အမ္တိုနီယိုတို႔ထက္ ပိုၿပီး ဂိုးသြင္းနိုင္ခဲ့သူ ျဖစ္ခဲ့ပါတယ္။ ယခုႏွစ္ ရာသီအစမွာ ဟာရီကိန္းက ဒဏ္ရာ ကင္းစင္ေနသူ ျဖစ္တဲ့အတြက္ ၎ရဲ့ သြင္းဂိုးေတြကို ေစာင့္ၾကည့္ရမွာ ျဖစ္သလို ၎အတြက္ တတိယေျမာက္ ေရႊဖိနပ္ျဖစ္မလားဆိုတာ စိတ္ဝင္စားစရာ ျဖစ္ေစပါတယ္။ ဟာရီကိန္းအတြက္ ေရႊဖိနပ္ရရွိဖြယ္ အေလးက ေျခာက္ေလး တစ္ေလး ရွိေနပါတယ္။

အူဘာမီရန္
အာဆင္နယ္ရဲ့ ထိပ္တန္း ဂိုးသြင္းရွင္ပါ။ ဟာရီကိန္းနည္းတူ အေလးေပးမႈ ညီမၽွေနသူလည္း ျဖစ္ပါတယ္။ အသင္းမွာေပ်ာ္ရႊင္ေနသူ ျဖစ္သလို စာခ်ဳပ္သစ္အတြက္ ေစာင့္ႀကိဳေနသူပါ။ ၿပီးခဲ့တဲ့ ႏွစ္ကလည္း သြင္းဂိုး ၂၂ ဂိုး သြင္းယူခဲ့ေပမဲ့ ေရႊဖိနပ္ရွင္ ဗာဒီေနာက္ တစ္ဂိုးကြာဟမႈေၾကာင့္ လက္လႊတ္လိုက္ရပါတယ္။ အာဆင္နယ္ကို ေရာက္ရွိၿပီး ၂၀၁၉ ခုႏွစ္မွာ ေရႊဖိနပ္ဆုကို ဆာလက္၊ မာေနးတို႔အတူ ရရွိခဲ့သူလည္း ျဖစ္ပါတယ္။ အသင္း မန္ေနဂ်ာ အာတီတာရဲ့ အားထားရတဲ့ တိုက္စစ္မႉးျဖစ္သလို ၿပီးခဲ့တဲ့ ႏွစ္မွာ အဆင့္ရွစ္ေနရာ ရပ္တည္ခဲ့ေပမဲ့ ယခုႏွစ္မွာေတာ့ ရလဒ္ေကာင္းေတြအတြက္ တိုက္ပြဲဝင္သြားမဲ့ အသင္းတစ္သင္း အျဖစ္ ျပင္ဆင္ထားပါတယ္။

အဂူရို
မန္စီးတီးအသင္းမွာ စံခ်ိန္တင္ ဂိုးသြင္းယူနိုင္ခဲ့သူပါ။ အသက္အရြယ္ပိုင္းအရ ၃၂ ႏွစ္ျဖစ္လာၿပီး ျဖစ္လို႔ လူငယ္ေတြနဲ႔ အၿပိဳင္ဂိုးသြင္းနိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရပါဦးမယ္။ ၿပီးခဲ့တဲ့ ႏွစ္က ဒဏ္ရာျပႆနာေၾကာင့္ ထင္သေလာက္ အလုပ္မျဖစ္ခဲ့ပါဘူး။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ရာသီမွာၿပိဳင္ပြဲအရပ္ရပ္ ၂၄ ပြဲ ကစားခဲ့ၿပီး ၁၈ ဂိုးသြင္းယူေပးနိုင္ခဲ့ပါတယ္။ ဒဏ္ရာေၾကာင့္ နားေနရေပမဲ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကာလရွည္ အနားယူခြင့္ရခဲ့လို႔ ရာသီအဖြင့္မွာ ၎ရဲ့ ေျခစြမ္းကို ေတြ႕ျမင္ရဦးမွာ ျဖစ္ပါတယ္။ မန္စီးတီးရဲ့တစ္ေက်ာ့ျပန္ ဖလားယူခြင့္ရဦးမလားဆိုတာကလည္း စိတ္ဝင္စားစရာပါ။ အဂူရိုရဲ့ ေရႊဖိနပ္ရရွိခြင့္ အေလးက ခုနစ္ေလး တစ္ေလး ရွိေနပါတယ္။

တီမို ဝါနာ
ပရီးမီးယားလိဂ္ကို ယခုႏွစ္မွာ စတင္ၿပီး ေျခခ်မဲ့ တိုက္စစ္ကစားသမားတစ္ဦးပါ။ ခ်ဲလ္ဆီးအသင္းက ခ်န္ပီယံလီဗာပူးလ္အသင္းနဲ႔ အၿပိဳင္အမိအရေခၚယူလိုက္တဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ဂ်ာမန္ လက္ေရြးစင္ကစားသမားျဖစ္ၿပီး လိုက္ပ္ဇစ္အသင္းနဲ႔ လိဂ္ပြဲ ၃၄ ပြဲမွာ ၂၈ ဂိုးအထိ သြင္းယူနိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ၎ဟာ ေျပးႏႈန္းျမန္သလို လၽွင္ျမန္တဲ့ ေျခေထာက္ေတြနဲ႔ ေတာက္ပတဲ့ ကန္ခ်က္ေတြ ရွိေနသူပါ။ ပရီးမီးယားလိဂ္မွာ ၎ရဲ့ ပုံရိပ္ေတြက အမွတ္ထင္စရာျဖစ္ေစမလားဆိုတာ ေစာင့္ၾကည့္သြားရမွာ ျဖစ္ၿပီး ၎ရဲ့ ေရႊဖိနပ္ရနိုင္ေခ်က ကိုးေလ တစ္ေလး ရွိေနပါတယ္။

စတားလင္း
စတားလင္းဟာ ဂြါဒီယိုလာရဲ့ လက္စြဲေတာ္ ဂိုးသြင္းသမားတစ္ဦး ျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ့ ေရႊဖိနပ္ဆု အတြက္ တစ္ေျပးေနသူျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ စတားလင္းက ၿပီးခဲ့တဲ့ ႏွစ္ကလည္း သြင္းဂိုး အမ်ားဆုံးသြင္းယူနိုင္တဲ့ စတုတၳေနရာမွာ ရပ္တည္ခဲ့သူပါ။ ၿပီးခဲ့တဲ့ ႏွစ္က ဂိုး ၂၀ အထိ သြင္းယူခဲ့ၿပီး ၿပီခဲ့တဲ့ ႏွစ္ေတြကလည္း ႏွစ္စဥ္ဂိုးေတြ သြင္းေပးေနသူ ျဖစ္ပါတယ္။ ယခုႏွစ္ ေဘာလုံးရာသီအတြက္ စတားလင္းရဲ့ ေရႊဖိနပ္ ရရွိနိုင္းေရး အေလးေပးမႈမွာ ၁၂ ေလး၊ တစ္ေလး ရွိေနပါတယ္။

မာေနး
လီဗာပူးလ္အသင္းရဲ့ ကမၻာ့အဆင့္ အရည္အေသြးရွိသူတစ္ဦးျဖစ္သလို ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ ကစားသမားတစ္ဦးပါ။ ၿပီးခဲ့တဲ့ ႏွစ္က ၿပိဳင္ပြဲအရပ္ရပ္ သြင္းဂိုး ၂၁ ဂိုး သြင္းယူနိုင္ခဲ့ၿပီး အသင္းရဲ့ ထိပ္တန္း ဂိုးသြင္းရွင္ ဆာလက္ေနာက္ ႏွစ္ဂိုးကြာဟခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ကလည္း ဆာလက္၊ အူဘာမီရန္တို႔နဲ႔ အတူ ေရႊဖိနပ္ရယူနိုင္ခဲ့သူ ျဖစ္ပါတယ္။ မာေနးဟာ လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ဖလား ရေအာင္ လိဂ္သြင္းဂိုး ၁၈ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့သလို ခုနစ္ႀကိမ္ ဖန္တီးေပးနိုင္ခဲ့ပါတယ္။ မာေနးအတြက္ ေရႊဖိနပ္ရရွိေရးအတြက္ အေလးေပးမႈမွာ ၁၆ ေလး တစ္ေလး ရွိေနပါတယ္။

ဗာဒီ
ၿပီးခဲ့တဲ့ ေဘာလုံးရာသီက သြင္းဂိုး ၂၃ ဂိုးနဲ႔ ပရီးမီးယားလိဂ္ရဲ့ ေရႊဖိနပ္ဆုကို ရရွိခဲ့သူ ျဖစ္သလို လက္စတာစီးတီးသမိုင္းေၾကာင္းမွာလည္း ပထမဆုံး ေရႊဖိနပ္ရရွိခဲ့သူ ျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ ေရာက္ေနၿပီ ဆိုေပမဲ့ အသင္းအတြက္ ဆက္လက္တိုက္ပြဲဝင္သြားဖို႔ ရည္မွန္းထားသူ တစ္ဦးပါ။ ၎က လက္စတာစီးတီးအသင္း သမိုင္းမွာ ဂိုး ၁၀၀ ျပည့္သြင္းယူနိုင္ခဲ့တဲ့ တတိယေျမာက္ ကစားသမားအျဖစ္လည္း မွတ္တမ္းထိုးနိုင္ထားသူပါ။ လူမ်ားစြာရဲ့ အျမင္မွာ ဗာဒီက ေရႊဖိနပ္ဆု ရရွိဖို႔ မျဖစ္နိုင္ဘူးဆိုသူေတြၾကားမွာ ေရႊဖိနပ္ရယူခဲ့သူျဖစ္ပါတယ္။ ယခုႏွစ္မွာလည္း ေရႊဖိနပ္ဆုကိုရယူနိုင္ဦးမလားဆိုတဲ့ အေလးေပးမႈမွာ ၎က ၁၈ ေလး၊ တစ္ေလး ရွိေနပါတယ္။

ဂ်ီးဆပ္
မန္စီးတီးအသင္းရဲ့ တိုက္စစ္မွာ အဂူရိုက ဦးေဆာင္ေနေပမဲ့ ဂ်ီးဆပ္က ကစားခြင့္ရရင္ ဂိုးေတြ သြင္းယူေပးနိုင္သူ တစ္ဦးျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္တိုက္စစ္ကစားသမား ဂ်ီးဆပ္က မန္စီးတီးရဲ့ အနာဂတ္ တိုက္စစ္ပိုင္းမွာ ဦးေဆာင္သြားနိုင္မလားဆိုတာ ေစာင့္ၾကည့္ရမဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ယခုႏွစ္ ေဘာလုံးရာသီအတြက္ ဂ်ီးဆပ္အတြက္ေရႊဖိနပ္ ေမၽွာ္လင့္ခ်က္က ၂၀ ေလး၊ တစ္ေလး ရွိေနပါတယ္။

ဒန္နီ အင့္
ေဆာက္သမ္တန္အသင္းရဲ့ တိုက္စစ္မွာ ဦးေဆာင္ေနသူ တစ္ဦးျဖစ္သလို ေဆာက္သမ္တန္အသင္းကို ၿပီးခဲ့တဲ့ႏွစ္က တန္းဆင္းဇုံကေန လြတ္ေျမာက္ေအာင္ ကူညီေပးခဲ့သူျဖစ္သလို ရာသီၿပီးဆုံးခ်ိန္မွာ အမွတ္ေပး ဇယား အလယ္အထိ ေရာက္ရွိေအာင္ ကူညီေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္မွာ ၂၂ ဂိုးအထိ သြင္းယူခဲ့ၿပီး ေရႊဖိနပ္ဆုရဲ့ လက္တစ္ကမ္းမွာ ရပ္တည္ခဲ့သူ ျဖစ္ပါတယ္။ ၎ဟာ ဆာလက္နဲ႔ ဟာရီကိန္းတို႔လို ေဆာက္သမ္တန္အသင္းမွာ ေျခစြမ္းျပမဲ့သူ ဆိုၿပီး နာမည္ထြက္ေနတဲ့ ဝါရင့္တိုက္စစ္ကစားသမား ျဖစ္ပါတယ္။ ၎က ပရီးမီးယားလိဂ္မွာ ေရႊဖိနပ္ဆုရွင္ေတြ ၾကားထဲက ျဖတ္မ်ဥ္းတစ္ေၾကာင္း ျဖစ္လာနိုင္သူပါ။ ၎အတြက္ ေရႊဖိနပ္ရရွိေရး အေလးေပးမႈက ၂၂ ေလး၊ တစ္ေလး ရွိေနပါတယ္။