ချန်ပီယံ ဘိုင်ယန်မြူးနစ်က တစ်ဂိုးအသာလောက်နဲ့ အနိုင်ယူသွားမှာပါ

0
277

 

ချန်ပီယံလိဂ် အုပ်စု(A) ရဲ့ အုပ်စုပွဲတစ်ပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၂-၁၀-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးလေးကြိမ်

ဘိုင်ယန်မြူးနစ် ၁ – ၀ အက်သလက်တီကိုမက်ဒရစ်(ချန်ပီယံလိဂ်)

အက်သလက်တီကိုမက်ဒရစ် ၁ – ၀ ဘိုင်ယန်မြူးနစ်(ချန်ပီယံလိဂ်)

ဘိုင်ယန်မြူးနစ် ၂ – ၁ အက်သလက်တီကိုမက်ဒရစ်(ချန်ပီယံလိဂ်)

အက်သလက်တီကိုမက်ဒရစ် ၁ – ၀ ဘိုင်ယန်မြူးနစ်(ချန်ပီယံလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီးဘိုင်ယန်မြူးနစ်အသင်းက လေးပွဲနိုင် တစ်ပွဲရှုံးထားပြီး အက်သလက်တီကိုမက်ဒရစ်က သုံးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲ နောက်ဆုံး ၁၁ ပွဲဆက် အနိုင်ရထားတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ချန်ပီယံအသင်းလည်း ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အသင်းမန်နေဂျာ ဆီမြွန်နီလက်ထက်မှာ ချန်ပီယံလိဂ် ဖိုင်နယ်ကို နှစ်ကြိမ်တက်ရောက်နိုင်ခဲ့သလို ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာလည်း ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ အိမ်ကွင်းပွဲအဖြစ် ဘိုင်ယန်မြူးနစ်က တွေ့ဆုံအပြီးမှာ အက်သလက်တီကိုအသင်းကို နှစ်ပွဲလုံး အနိုင်ရထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ဆာနေးနဲ့ နီအမ်ဇူးတို့က ဒဏ်ရာရနေပြီး အက်သလက်တီကိုမက်ဒရစ် အသင်းမှာ ဂျင်မီနက်ဇ်၊ ဗာဆာဂျီကိုနဲ့ နီဂက်ဇ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘိုင်ယန်မြူးနစ်က အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၄၀% နဲ့ အက်သလက်တီကိုမက်ဒရစ် အနိုင်ရဖို့ ၁၀% လောက်ပဲ ရှိနေပါတယ်။

Zawgyi

ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္က တစ္ဂိုးအသာေလာက္နဲ႔ အနိုင္ယူသြားမွာပါ

ခ်န္ပီယံလိဂ္ အုပ္စု(A) ရဲ့ အုပ္စုပြဲတစ္ပြဲျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ အက္သလက္တီကိုမက္ဒရစ္ အသင္းတို႔ဟာ ဘိုင္ယန္ျမဴးနစ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၂-၁၀-၂၀၂၀ ရက္ ၾကာသပေတးေန႔ နံနက္ ၁း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေလးႀကိမ္
ဘိုင္ယန္ျမဴးနစ္ ၁ – ၀ အက္သလက္တီကိုမက္ဒရစ္(ခ်န္ပီယံလိဂ္)
အက္သလက္တီကိုမက္ဒရစ္ ၁ – ၀ ဘိုင္ယန္ျမဴးနစ္(ခ်န္ပီယံလိဂ္)
ဘိုင္ယန္ျမဴးနစ္ ၂ – ၁ အက္သလက္တီကိုမက္ဒရစ္(ခ်န္ပီယံလိဂ္)
အက္သလက္တီကိုမက္ဒရစ္ ၁ – ၀ ဘိုင္ယန္ျမဴးနစ္(ခ်န္ပီယံလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲကစားအၿပီးဘိုင္ယန္ျမဴးနစ္အသင္းက ေလးပြဲနိုင္ တစ္ပြဲရႈံးထားၿပီး အက္သလက္တီကိုမက္ဒရစ္က သုံးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းက ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ ေနာက္ဆုံး ၁၁ ပြဲဆက္ အနိုင္ရထားတဲ့ အသင္းတစ္သင္း ျဖစ္ၿပီး ခ်န္ပီယံအသင္းလည္း ျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္အသင္းဟာ အသင္းမန္ေနဂ်ာ ဆီႁမြန္နီလက္ထက္မွာ ခ်န္ပီယံလိဂ္ ဖိုင္နယ္ကို ႏွစ္ႀကိမ္တက္ေရာက္နိုင္ခဲ့သလို ၿပီးခဲ့တဲ့ သုံးႏွစ္အတြင္းမွာလည္း ၁၆ သင္းအဆင့္၊ ကြာတားဖိုင္နယ္အဆင့္အထိ တက္ေရာက္နိုင္တဲ့ အသင္းတစ္သင္း ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာ အိမ္ကြင္းပြဲအျဖစ္ ဘိုင္ယန္ျမဴးနစ္က ေတြ႕ဆုံအၿပီးမွာ အက္သလက္တီကိုအသင္းကို ႏွစ္ပြဲလုံး အနိုင္ရထားပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းမွာ ဆာေနးနဲ႔ နီအမ္ဇူးတို႔က ဒဏ္ရာရေနၿပီး အက္သလက္တီကိုမက္ဒရစ္ အသင္းမွာ ဂ်င္မီနက္ဇ္၊ ဗာဆာဂ်ီကိုနဲ႔ နီဂက္ဇ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဘိုင္ယန္ျမဴးနစ္က အနိုင္ရဖို႔ ၅၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၄၀% နဲ႔ အက္သလက္တီကိုမက္ဒရစ္ အနိုင္ရဖို႔ ၁၀% ေလာက္ပဲ ရွိေနပါတယ္။