ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ခေတ် အကောင်းဆုံး ကစားသမား ၁၁ ဦး

0
531

Sbotop(Unicode)

ချယ်လ်ဆီးအသင်းကို ရိုမန်အေဘရာမိုဗစ်ဝယ်ယူပြီးတဲ့ ၂၀၀၃ ခုနှစ်နောက်ပိုင်းကစပြီး ကစားသမားကောင်းများစွာကိုဝယ်ယူခဲ့ကာ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုတွေများစွာကို ရယူနိုင်ခဲ့ပါတယ်။ Football Crazy ပရိသတ်ကြီးအတွက် ပရီးမီးယားလိဂ်သမိုင်းမှာ ချယ်လ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ၁၁ ဦးကို တင်ဆက်ပေးလိုက်ပါတယ်။petr-cech_ae3k2c3a3zrs1vix38yq6r3m1

  1. GK – ပီတာဆက်ချ် 

ရင်းနက်စ်အသင်းကနေ ယူရို ၇ သန်းနဲ့ ဝယ်ယူခဲ့တဲ့ ချယ်လ်ဆီးဂိုးသမားကြီးဟာ ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကနေရာကနေပါဝင်ခဲ့ပါတယ်။ အအောင်မြင်ဆုံးအနေနဲ့ ၂၀၁၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရကာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ အချိန်ပိုအတွင်း အာဂျန်ရော်ဘင်ရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ရုံသာမကဘဲ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာလည်း နောက်ထပ် ၂ လုံးကို ထပ်မံကာကွယ်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဆက်ချ်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ  ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်ကို ရယူခဲ့ကာ အောင်မြင်မှုများစွာရယူနိုင်ခဲ့ပါတယ်။ ဆက်ချ်ဟာ သူ့ရဲ့ကစားသမားဘ၀ကို အာဆင်နယ်အသင်းမှာ အဆုံးသတ်ခဲ့ပေမယ့် အနားယူပြီးနောက်ပိုင်းမှာတော့ ချယ်လ်ဆီးအသင်းသို့ပြန်လာကာ နည်းစနစ်အကြံပေးအဖြစ်နဲ့ လုပ်ကိုင်လျက်ရှိပါတယ်။branislav-ivanovic-chelsea

  1. RB – အိုင်ဗန်နိုဗစ်

 အိုင်ဗန်နိုဗစ်ဟာ ချယ်လ်ဆီးကစားသမားဖြစ် ၂၀၀၈ ခုနှစ်မှာ လိုကိုမိုးတစ်မော်စကိုကနေပြောင်းရွေ့ကာ စတင်ခဲ့တာဖြစ်ပါတယ်။ ညာနောက်ခံကစားသမားဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၃ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်ကို ရယူပေးနိုင်ခဲ့ပါတယ်။ ဂျွန်တယ်ရီပြီးရင် ဂိုးအများဆုံးသွင်းပေးနိုင်ခဲ့တဲ့ နောက်တန်းကစားသမားဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ယူရိုပါလိဂ်ဖိုင်နယ် ဘင်ဖီကာကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၃၇၇ ပွဲကစားပေးခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကနေရာကပါဝင်ခဲ့ပါတယ်။john-terry-chelsea-premier-league-2017_62uthd90tdgw1en1mgtt04qn3

  1. CB – ဂျွန်တယ်ရီ

ချယ်လ်ဆီးအသင်းရဲ့ အမာခံပရိသတ်များအတွက် ဂျွန်တယ်ရီဆိုတဲ့နာမည်ဟာ မသိသူမရှိလို့ဆိုရလောက်အောင် Legend တစ်ဦးဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်ပြီး ကစားပုံကောင်းမွန်ရုံသာမက နိုင်လိုစိတ်ပြင်းပြတဲ့သူ့အတွက် ပရိသတ်တွေရဲ့ အချစ်များစွာရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ချယ်လ်ဆီးအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ချယ်လ်ဆီးရဲ့ အအောင်မြင်ဆုံးနေ့ရက်များမှာ ဦးစားပေး Line up အဖြစ် အမြဲပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ၇၁၇ ပွဲကစားပေးခဲ့ပြီး ပရီးမီးယားလိဂ် ၅ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်အပြင် ချန်ပီယံလိဂ် ၁ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ် ရယူအောင်မြင်ခဲ့ပါတယ်။erry-xi-ricardo-carvalho-chelsea_y2n2mrdmpses13zdrawx2pel0

  1. CB – ရီကာဒို ကာဗယ်လ်ဟို

ကာဗယ်လ်ဟိုဟာ အေဘရာမိုဗစ်ရဲ့ ပြောင်းလဲမှုမှာ ပါဝင်ခဲ့တဲ့သူဖြစ်ပြီး မော်ရင်ဟိုနည်းပြအဖြစ် ကိုင်တွယ်ချိန်မှာ ပေါ်တိုအသင်းကနေ ပြောင်းရွေ့လာခဲ့ကာ ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပေါ်တူဂီကစားသမား ကာဗယ်လ်ဟိုဟာ ပရီးမီးယားလိဂ်သမိုင်းမှာ တယ်ရီနဲ့အတူ အတွဲဖက်အမိဆုံး နောက်တန်းအတွဲအဖြစ် ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကာဗယ်လ်ဟိုဟာ ပရီးမီးယားလိဂ် ၃ ကြိမ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား စတဲ့ ဖလားပေါင်းများစွာရယူပေးနိုင်ခဲ့သူဖြစ်ပြီး သူကစားပေးခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း ချယ်လ်ဆီးအသင်းကို ဥရောပမှာ အောင်မြင်တဲ့အသင်းတစ်သင်းအဖြစ်ရပ်တည်နိုင်အောင် အထောက်အပံ့များစွာပေးနိုင်ခဲ့သူဖြစ်ပါတယ်။ashley-cole-chelsea_1er4x9s27yiv0173jqmo3j969v

  1. LB – အက်ရှ်လေကိုးလ်

ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူအဖြစ် ပရီးမီးယားလိဂ်သမိုင်းမှာ မော်ကွန်းတင်နိုင်ခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှ ပြောင်းရွှေ့လာကာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အနားယူပြီးနောက်ပိုင်း အခုအချိန်မှာ ကိုးလ်ဟာ ချယ်လ်ဆီးအကယ်ဒမီမှာ နည်းပြအဖြစ်လုပ်ကိုင်လျက်ရှိပြီး မျိုးဆက်သစ်တွေတိုးတက်မှုရှိစေရန်အတွက် နည်းစနစ်တွေမျှဝေပေးလျက်ရှိပါတယ်။frank-lampard-chelsea-2019-20_pfkdtlmpi5og1mwsaotx7hglg

  1. CM – ဖရန့်လမ်းပတ်

ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားစာရင်းမှာ ချန်ထားလို့မဖြစ်တဲ့ ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်မှာ အစွမ်းပြခဲ့တဲ့ လမ်းပတ်ဟာ ၂၀၀၁ ခုနှစ်မှာ ဝက်စ်ဟမ်းအသင်းက ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ ၂၀၀၃ မှာ အသင်းကို အေဘရာမိုဗစ်ချ်ဝယ်ယူလိုက်တဲ့အခါမှာလည်း ဆက်လက်ကစားခွင့်ရခဲ့ပြီးတော့ ချယ်လ်ဆီးအတွက် ကစားသမားဘ၀တလျှောက် ၂၁၁ ဂိုးသွင်းကာ စံချိန်တင်မှတ်တမ်းရယူနိုင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား နဲ့ ယူရိုပါလိဂ်ဖလား ၁ ကြိမ်စီ ရယူပေးနိုင်ခဲ့ကာ ကစားသမားဘ၀အောင်မြင်မှုတွေအပြင် ချယ်လ်ဆီးနဲ့အတူ ထပ်မံအောင်မြင်မှုရစေဖို့အတွက် အခုအခါ အသင်းရဲ့ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။claude-makelele-chelsea_1xs4zhkewc7h31lv4a8mb6bn31

  1. CM – မက်ခီလီလီ

အဆိုပါပြင်သစ်ကစားသမားဟာ ကစားပုံကောင်းမွန်လွန်းတာကြောင့် သူအနားယူပြီးနောက်ပိုင်း အင်္ဂလန်မှာ မက်ခီလီလီရဲ့နေရာလို့ ပြောစမှတ်တွင်ခဲ့သူဖြစ်ပါတယ်။ မက်ခီလီလီရဲ့ ကွင်းလယ်ခံစစ်ကစားပုံကြောင့် ချယ်လ်ဆီးအသင်းဟာ အောင်မြင်မှုများစွာရယူနိုင်ခဲ့တယ်ဆိုတဲ့အချက်ကလည်း ငြင်းလို့မရအောင်ခိုင်မာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကနေ ၂၀၀၃ ခုနှစ်ကပြောင်းရွေ့လာခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုပုံရိပ်တွေများစွာ ဖန်တီးရယူနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုနဲ့အတူ ပရီးမီးယားလိဂ် ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်အကြံပေးအဖြစ်နဲ့ လုပ်ကိုင်လျက်ရှိပါတယ်။ngolo-kante-chelsea-2020-21_1jkbv4br64yhj1scznokjbjccn

  1. DM – ကန်တီ

ကန်တီဟာ ချယ်လ်ဆီးအသင်းရဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အကောင်းဆုံး စာချုပ်ခေါ်ယူမှုဖြစ်ပါတယ်။ လက်စ်တာအသင်းနဲ့အတူ ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ရယူခဲ့ပြီးနောက်နှစ်မှာ ချယ်လ်ဆီးအသင်းကို ကွန်တီရဲ့ ခေါ်ယူမှုနှင့်အတူ ရောက်ရှိခဲ့ပြီး အဆိုပါနှစ်မှာပဲ ပရီးမီးယားလိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ အဆိုပါကစားသမားဟာ ချယ်လ်ဆီးနဲ့အတူ အက်ဖ်အေဖလား ၁ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ် ရယူထားနိုင်ခဲ့ပြီး လက်ရှိမှာလည်း လမ်းပတ်ရဲ့ အဓိကကစားသမားစာရင်းမှာ ပါရှိနေပါသေးတယ်။gianfranco-zola-chelsea_j3fa20t75x7u1gcnvv6u9deua

  1. RW – ဂျီယန်ဖရန်ကို ဇိုလာ

အီတလီကစားသမားဟာ ၁၉၉၆ ခုနှစ်မှာ ပါးမားအသင်းကနေရောက်ရှိခဲ့တာဖြစ်ပြီး ဂူးလစ်၊ ဗီယာလီတို့ရဲ့ လက်ထက်ကတည်းက ကစားပေးခဲ့သူဖြစ်ပါတယ်။ ဇိုလာဟာ ပရီးမီးယားလိဂ်ဘောလုံးစာရေးသူများအသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို ၁၉၉၇ ခုနှစ်နဲ့ ရရှိခဲ့ပါတယ်။ အဆိုပါနှစ်မှာ ချယ်လ်ဆီးအသင်းကို နှစ်ပေါင်း ၂၇ ခုနှစ်ကြာဝေးကွာနေတဲ့ အက်ဖ်အေဖလားကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ကစားသမားဟာ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား၊ စူပါဖလားစတာတွေကို ရယူပေးနိုင်ခဲ့ပြီး အေဘရာမိုဗစ်ချ် ချယ်လ်ဆီးကို ဝယ်ယူစေခဲ့တဲ့ အကြောင်းအရင်းထဲက တခုလည်းဖြစ်ခဲ့ပါတယ်။ didier-drogba-chelsea-2011-12_t0m6iqr1aqx9zfvbq7efg2wo

  1. CF – ဒီိဒိုင်ယာ ဒရော့ဘာ

ချယ်လ်ဆီးအသင်းရဲ့ နိုင်ငံခြားသားကစားသမားထဲမှာ အတောက်ပဆုံးကစားသမားဖြစ်ခဲ့တဲ့ ဒရော့ဘာဟာ ပရိသတ်တွေရဲ့ စတန်းဖို့ဒ်ဘရစ်ရဲ့ ဘုရင်ကြီးအဖြစ်လည်း သတ်မှတ်ခံရသူဖြစ်ပါတယ်။ မာဆေးလ်အသင်းကနေ ပေါင် ၂၄ သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး ချယ်လ်ဆီးအသင်းကို နှစ် ၅၀ အတွင်း ဖလားပြန်ရစေရန် စွမ်းဆောင်ပေးခဲ့သူဖြစ်သလို တန်ပြန်တိုက်စစ်ကစားရာမှာ အကောင်းမွန်ဆုံးတိုက်စစ်ကစားသမားအနေနဲ့လည်း သတ်မှတ်ခံရသူဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၄ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်အပြင် ၂၀၁၂ မှာ ချန်ပီယံလိဂ်ဖလားကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို ၈၈ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ သူရဲ့ဂိုးကြောင့် အချိန်ပိုဆက်ကစားခွင့်ခဲ့ရရုံသာမကဘဲ ပင်နယ်တီအဆုံးအဖြတ်မှာပါ အနိုင်ရကာ ချန်ပီယံဖြစ်စေခဲ့ပါတယ်။eden-hazard-chelsea-arsenal-europa-league-final-2019_1xjnod59txc9v1n9bytkyh78rr

  1.  LW – အေဒင်ဟာဇက်

ချယ်လ်ဆီးအသင်းဟာ လိုင်လီအသင်းကို ပေါင် ၃၂ သန်းနဲ့ပေးခဲ့ပြီး ဟာဇက်ကို ၂၀၁၂ ခုနှစ်မှာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူရဲ့ ကစားပုံကြောင့် ပရီးမီးယားလိဂ်ပရိသတ်တွေအကြိုက်တွေ့ခဲ့ကြပြီး ချယ်လ်ဆီးအသင်းမှာ ၇ နှစ်ကစားခဲ့စဉ်အတွင်း အကောင်းမွန်ဆုံး ခြေစွမ်းတွေပြသခဲ့ရုံသာမကပဲ ဂိုးတွေလည်းများစွာသွင်းယူပေးနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ရီးရဲလ်အသင်းကို ပြောင်းရွေ့ခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ ၇ နှစ်ကာလအတွင်း ၁၁၀ ဂိုးသွင်းယူပေးခဲ့ရုံသာမက အဓိကဖလား ၆ ခုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ michael-essien_1srqmffplxgu31vn4i59qhlu5g

  1. အရံကစားသမားများ

ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းမွန်ဆုံးကစားသမားများစွာရှိခဲ့တဲ့အတွက် ရော်ဘင်၊ ဒေးဗစ်လူးဝစ်၊ ဝီလီယံ၊ မီးခေးလ်တို့က ကောင်းမွန်သော်လည်း ချန်လှန်ခဲ့မှဖြစ်ပါမယ်။ 

အရံကစားသမားများအနေနဲ့ ရွေးချယ်ရမယ်ဆိုရင်တော့ 

ဂိုးသမားနေရာမှာ သီပေါ့ ကူတိုးရစ်၊ နောက်တန်းအနေနဲ့ ဂယ်ရီကာဟေးလ်၊ ဝီလီယံ ဂါးလက်စ်၊ အလယ်တန်းနေရာမှာ ဆီဇာ အက်စ်ပီလီကူတာ၊ မိုက်ကယ် အက်စီယန်၊ ဂျူအန် မာတာ၊ ရှေ့တန်းအနေနဲ့ ဒီယေဂို ကော်စတာတို့ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ 

ပရိသတ်ကြီးကတော့ မှတ်မိနေတဲ့ ကစားသမားများရှိသေးရင် ပြောပြပေးခဲ့ကြပါအုံးနော် 

(Zawgyi)

ခ်ယ္လ္ဆီးအသင္းကို ရိုမန္ေအဘရာမိုဗစ္ဝယ္ယူၿပီးတဲ့ ၂၀၀၃ ခုႏွစ္ေနာက္ပိုင္းကစၿပီး ကစားသမားေကာင္းမ်ားစြာကိုဝယ္ယူခဲ့ကာ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္မႈေတြမ်ားစြာကို ရယူနိုင္ခဲ့ပါတယ္။ Football Crazy ပရိသတ္ႀကီးအတြက္ ပရီးမီးယားလိဂ္သမိုင္းမွာ ခ်ယ္လ္ဆီးရဲ့ အေကာင္းဆုံး ကစားသမား ၁၁ ဦးကို တင္ဆက္ေပးလိုက္ပါတယ္။petr-cech_ae3k2c3a3zrs1vix38yq6r3m1

1. GK – ပီတာဆက္ခ်္
ရင္းနက္စ္အသင္းကေန ယူရို ၇ သန္းနဲ႔ ဝယ္ယူခဲ့တဲ့ ခ်ယ္လ္ဆီးဂိုးသမားႀကီးဟာ ခ်ယ္လ္ဆီးအသင္းရဲ့ ေအာင္ျမင္မႈေတြမွာ အဓိကေနရာကေနပါဝင္ခဲ့ပါတယ္။ အေအာင္ျမင္ဆုံးအေနနဲ႔ ၂၀၁၂ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို အနိုင္ရကာ ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ အဆိုပါပြဲမွာ အခ်ိန္ပိုအတြင္း အာဂ်န္ေရာ္ဘင္ရဲ့ ပင္နယ္တီကို ကာကြယ္နိုင္ခဲ့႐ုံသာမကဘဲ ပင္နယ္တီအဆုံးအျဖတ္ကန္သြင္းရာမွာလည္း ေနာက္ထပ္ ၂ လုံးကို ထပ္မံကာကြယ္နိုင္ခဲ့ကာ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးေပးနိုင္ခဲ့ပါတယ္။ ဆက္ခ်္ဟာ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္၊ ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္၊ အက္ဖ္ေအဖလား ၄ ႀကိမ္၊ လိဂ္ဖလား ၃ ႀကိမ္၊ ယူရိုပါလိဂ္ ၁ ႀကိမ္ကို ရယူခဲ့ကာ ေအာင္ျမင္မႈမ်ားစြာရယူနိုင္ခဲ့ပါတယ္။ ဆက္ခ်္ဟာ သူ႔ရဲ့ကစားသမားဘ၀ကို အာဆင္နယ္အသင္းမွာ အဆုံးသတ္ခဲ့ေပမယ့္ အနားယူၿပီးေနာက္ပိုင္းမွာေတာ့ ခ်ယ္လ္ဆီးအသင္းသို႔ျပန္လာကာ နည္းစနစ္အႀကံေပးအျဖစ္နဲ႔ လုပ္ကိုင္လ်က္ရွိပါတယ္။branislav-ivanovic-chelsea

2. RB – အိုင္ဗန္နိုဗစ္
အိုင္ဗန္နိုဗစ္ဟာ ခ်ယ္လ္ဆီးကစားသမားျဖစ္ ၂၀၀၈ ခုႏွစ္မွာ လိုကိုမိုးတစ္ေမာ္စကိုကေနေျပာင္းေရြ႕ကာ စတင္ခဲ့တာျဖစ္ပါတယ္။ ညာေနာက္ခံကစားသမားဟာ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ၃ ႀကိမ္၊ လိဂ္ဖလား ၁ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၁ ႀကိမ္၊ ယူရိုပါလိဂ္ ၁ ႀကိမ္ကို ရယူေပးနိုင္ခဲ့ပါတယ္။ ဂၽြန္တယ္ရီၿပီးရင္ ဂိုးအမ်ားဆုံးသြင္းေပးနိုင္ခဲ့တဲ့ ေနာက္တန္းကစားသမားျဖစ္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္ ယူရိုပါလိဂ္ဖိုင္နယ္ ဘင္ဖီကာကို အနိုင္ယူခဲ့တဲ့ပြဲစဥ္မွာ အေကာင္းဆုံးကစားသမားဆုကိုရရွိခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းအတြက္ ပြဲေပါင္း ၃၇၇ ပြဲကစားေပးခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းရဲ့ ေအာင္ျမင္မႈေတြမွာ အဓိကေနရာကပါဝင္ခဲ့ပါတယ္။john-terry-chelsea-premier-league-2017_62uthd90tdgw1en1mgtt04qn3

3. CB – ဂၽြန္တယ္ရီ
ခ်ယ္လ္ဆီးအသင္းရဲ့ အမာခံပရိသတ္မ်ားအတြက္ ဂၽြန္တယ္ရီဆိုတဲ့နာမည္ဟာ မသိသူမရွိလို႔ဆိုရေလာက္ေအာင္ Legend တစ္ဦးျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းရဲ့ အႀကီးက်ယ္ဆုံးကစားသမားတစ္ဦးျဖစ္ၿပီး ကစားပုံေကာင္းမြန္႐ုံသာမက နိုင္လိုစိတ္ျပင္းျပတဲ့သူ႔အတြက္ ပရိသတ္ေတြရဲ့ အခ်စ္မ်ားစြာရယူနိုင္ခဲ့သူျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအကယ္ဒမီထြက္ကစားသမားျဖစ္ၿပီး ခ်ယ္လ္ဆီးရဲ့ အေအာင္ျမင္ဆုံးေန႔ရက္မ်ားမွာ ဦးစားေပး Line up အျဖစ္ အျမဲပါဝင္ကစားခဲ့သူျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းအတြက္ ၇၁၇ ပြဲကစားေပးခဲ့ၿပီး ပရီးမီးယားလိဂ္ ၅ ႀကိမ္၊ အက္ဖ္ေအဖလား ၅ ႀကိမ္၊ လိဂ္ဖလား ၃ ႀကိမ္အျပင္ ခ်န္ပီယံလိဂ္ ၁ ႀကိမ္၊ ယူရိုပါလိဂ္ ၁ ႀကိမ္ ရယူေအာင္ျမင္ခဲ့ပါတယ္။erry-xi-ricardo-carvalho-chelsea_y2n2mrdmpses13zdrawx2pel0

4. CB – ရီကာဒို ကာဗယ္လ္ဟို
ကာဗယ္လ္ဟိုဟာ ေအဘရာမိုဗစ္ရဲ့ ေျပာင္းလဲမႈမွာ ပါဝင္ခဲ့တဲ့သူျဖစ္ၿပီး ေမာ္ရင္ဟိုနည္းျပအျဖစ္ ကိုင္တြယ္ခ်ိန္မွာ ေပၚတိုအသင္းကေန ေျပာင္းေရြ႕လာခဲ့ကာ ခ်န္ပီယံလိဂ္ဖလားကို ရယူေပးနိုင္ခဲ့တဲ့ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ေပၚတူဂီကစားသမား ကာဗယ္လ္ဟိုဟာ ပရီးမီးယားလိဂ္သမိုင္းမွာ တယ္ရီနဲ႔အတူ အတြဲဖက္အမိဆုံး ေနာက္တန္းအတြဲအျဖစ္ ကစားေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ကာဗယ္လ္ဟိုဟာ ပရီးမီးယားလိဂ္ ၃ ႀကိမ္၊ အက္ဖ္ေအဖလား၊ လိဂ္ဖလား စတဲ့ ဖလားေပါင္းမ်ားစြာရယူေပးနိုင္ခဲ့သူျဖစ္ၿပီး သူကစားေပးခဲ့တဲ့ ၆ ႏွစ္တာ ကာလအတြင္း ခ်ယ္လ္ဆီးအသင္းကို ဥေရာပမွာ ေအာင္ျမင္တဲ့အသင္းတစ္သင္းအျဖစ္ရပ္တည္နိုင္ေအာင္ အေထာက္အပံ့မ်ားစြာေပးနိုင္ခဲ့သူျဖစ္ပါတယ္။ashley-cole-chelsea_1er4x9s27yiv0173jqmo3j969v

5. LB – အက္ရွ္ေလကိုးလ္
ခ်ယ္လ္ဆီးအသင္းရဲ့ အေကာင္းဆုံး ဘယ္ေနာက္ခံလူအျဖစ္ ပရီးမီးယားလိဂ္သမိုင္းမွာ ေမာ္ကြန္းတင္နိုင္ခဲ့သူျဖစ္ပါတယ္။ အာဆင္နယ္အသင္းမွ ေျပာင္းေရႊ႕လာကာ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလား၊ လိဂ္ဖလား၊ ယူရိုပါလိဂ္ဖလားေတြကို ဆြတ္ခူးနိုင္ခဲ့ပါတယ္။ အနားယူၿပီးေနာက္ပိုင္း အခုအခ်ိန္မွာ ကိုးလ္ဟာ ခ်ယ္လ္ဆီးအကယ္ဒမီမွာ နည္းျပအျဖစ္လုပ္ကိုင္လ်က္ရွိၿပီး မ်ိဳးဆက္သစ္ေတြတိုးတက္မႈရွိေစရန္အတြက္ နည္းစနစ္ေတြမၽွေဝေပးလ်က္ရွိပါတယ္။frank-lampard-chelsea-2019-20_pfkdtlmpi5og1mwsaotx7hglg

6. CM – ဖရန႔္လမ္းပတ္
ခ်ယ္လ္ဆီးအသင္းရဲ့ ဂႏၲဝင္ကစားသမားစာရင္းမွာ ခ်န္ထားလို႔မျဖစ္တဲ့ ကြင္းလယ္ကစားသမားျဖစ္ပါတယ္။ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ အစြမ္းျပခဲ့တဲ့ လမ္းပတ္ဟာ ၂၀၀၁ ခုႏွစ္မွာ ဝက္စ္ဟမ္းအသင္းက ေျပာင္းေရြ႕လာခဲ့တာျဖစ္ပါတယ္။ ၂၀၀၃ မွာ အသင္းကို ေအဘရာမိုဗစ္ခ်္ဝယ္ယူလိုက္တဲ့အခါမွာလည္း ဆက္လက္ကစားခြင့္ရခဲ့ၿပီးေတာ့ ခ်ယ္လ္ဆီးအတြက္ ကစားသမားဘ၀တေလၽွာက္ ၂၁၁ ဂိုးသြင္းကာ စံခ်ိန္တင္မွတ္တမ္းရယူနိုင္ခဲ့သူျဖစ္ပါတယ္။ အဆိုပါ ကြင္းလယ္လူဟာ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ၃ ႀကိမ္၊ အက္ဖ္ေအဖလား ၄ ႀကိမ္၊ လိဂ္ဖလား ၂ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား နဲ႔ ယူရိုပါလိဂ္ဖလား ၁ ႀကိမ္စီ ရယူေပးနိုင္ခဲ့ကာ ကစားသမားဘ၀ေအာင္ျမင္မႈေတြအျပင္ ခ်ယ္လ္ဆီးနဲ႔အတူ ထပ္မံေအာင္ျမင္မႈရေစဖို႔အတြက္ အခုအခါ အသင္းရဲ့ မန္ေနဂ်ာအျဖစ္ တာဝန္ထမ္းေဆာင္ေနၿပီျဖစ္ပါတယ္။claude-makelele-chelsea_1xs4zhkewc7h31lv4a8mb6bn31

7. CM – မက္ခီလီလီ
အဆိုပါျပင္သစ္ကစားသမားဟာ ကစားပုံေကာင္းမြန္လြန္းတာေၾကာင့္ သူအနားယူၿပီးေနာက္ပိုင္း အဂၤလန္မွာ မက္ခီလီလီရဲ့ေနရာလို႔ ေျပာစမွတ္တြင္ခဲ့သူျဖစ္ပါတယ္။ မက္ခီလီလီရဲ့ ကြင္းလယ္ခံစစ္ကစားပုံေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ ေအာင္ျမင္မႈမ်ားစြာရယူနိုင္ခဲ့တယ္ဆိုတဲ့အခ်က္ကလည္း ျငင္းလို႔မရေအာင္ခိုင္မာခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းကေန ၂၀၀၃ ခုႏွစ္ကေျပာင္းေရြ႕လာခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ေအာင္ျမင္မႈပုံရိပ္ေတြမ်ားစြာ ဖန္တီးရယူနိုင္ခဲ့ပါတယ္။ ေမာ္ရင္ဟိုနဲ႔အတူ ပရီးမီးယားလိဂ္ ၂ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္၊ လိဂ္ဖလား ၂ ႀကိမ္ ရယူေပးနိုင္ခဲ့ပါတယ္။ အခုလက္ရွိမွာေတာ့ ခ်ယ္လ္ဆီးအသင္းရဲ့ နည္းစနစ္အႀကံေပးအျဖစ္နဲ႔ လုပ္ကိုင္လ်က္ရွိပါတယ္။ngolo-kante-chelsea-2020-21_1jkbv4br64yhj1scznokjbjccn

8. DM – ကန္တီ
ကန္တီဟာ ခ်ယ္လ္ဆီးအသင္းရဲ့ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း အေကာင္းဆုံး စာခ်ဳပ္ေခၚယူမႈျဖစ္ပါတယ္။ လက္စ္တာအသင္းနဲ႔အတူ ၂၀၁၆ ခုႏွစ္မွာ ပရီးမီးယားလိဂ္ဖလားကို ရယူခဲ့ၿပီးေနာက္ႏွစ္မွာ ခ်ယ္လ္ဆီးအသင္းကို ကြန္တီရဲ့ ေခၚယူမႈႏွင့္အတူ ေရာက္ရွိခဲ့ၿပီး အဆိုပါႏွစ္မွာပဲ ပရီးမီးယားလိဂ္ဖလားကို ရယူေပးနိုင္ခဲ့ပါတယ္။ ျပင္သစ္နဲ႔အတူ ကမၻာ့ဖလားရရွိခဲ့တဲ့ အဆိုပါကစားသမားဟာ ခ်ယ္လ္ဆီးနဲ႔အတူ အက္ဖ္ေအဖလား ၁ ႀကိမ္၊ ယူရိုပါလိဂ္ ၁ ႀကိမ္ ရယူထားနိုင္ခဲ့ၿပီး လက္ရွိမွာလည္း လမ္းပတ္ရဲ့ အဓိကကစားသမားစာရင္းမွာ ပါရွိေနပါေသးတယ္။gianfranco-zola-chelsea_j3fa20t75x7u1gcnvv6u9deua

9. RW – ဂ်ီယန္ဖရန္ကို ဇိုလာ
အီတလီကစားသမားဟာ ၁၉၉၆ ခုႏွစ္မွာ ပါးမားအသင္းကေနေရာက္ရွိခဲ့တာျဖစ္ၿပီး ဂူးလစ္၊ ဗီယာလီတို႔ရဲ့ လက္ထက္ကတည္းက ကစားေပးခဲ့သူျဖစ္ပါတယ္။ ဇိုလာဟာ ပရီးမီးယားလိဂ္ေဘာလုံးစာေရးသူမ်ားအသင္းရဲ့ အေကာင္းဆုံးကစားသမားဆုကို ၁၉၉၇ ခုႏွစ္နဲ႔ ရရွိခဲ့ပါတယ္။ အဆိုပါႏွစ္မွာ ခ်ယ္လ္ဆီးအသင္းကို ႏွစ္ေပါင္း ၂၇ ခုႏွစ္ၾကာေဝးကြာေနတဲ့ အက္ဖ္ေအဖလားကိုလည္း ရယူေပးနိုင္ခဲ့ပါတယ္။ ကစားသမားဟာ အက္ဖ္ေအဖလား ၂ ႀကိမ္၊ လိဂ္ဖလား၊ စူပါဖလားစတာေတြကို ရယူေပးနိုင္ခဲ့ၿပီး ေအဘရာမိုဗစ္ခ်္ ခ်ယ္လ္ဆီးကို ဝယ္ယူေစခဲ့တဲ့ အေၾကာင္းအရင္းထဲက တခုလည္းျဖစ္ခဲ့ပါတယ္။didier-drogba-chelsea-2011-12_t0m6iqr1aqx9zfvbq7efg2wo

10. CF – ဒီိဒိုင္ယာ ဒေရာ့ဘာ
ခ်ယ္လ္ဆီးအသင္းရဲ့ နိုင္ငံျခားသားကစားသမားထဲမွာ အေတာက္ပဆုံးကစားသမားျဖစ္ခဲ့တဲ့ ဒေရာ့ဘာဟာ ပရိသတ္ေတြရဲ့ စတန္းဖို႔ဒ္ဘရစ္ရဲ့ ဘုရင္ႀကီးအျဖစ္လည္း သတ္မွတ္ခံရသူျဖစ္ပါတယ္။ မာေဆးလ္အသင္းကေန ေပါင္ ၂၄ သန္းနဲ႔ ေျပာင္းေရြ႕လာခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းကို ႏွစ္ ၅၀ အတြင္း ဖလားျပန္ရေစရန္ စြမ္းေဆာင္ေပးခဲ့သူျဖစ္သလို တန္ျပန္တိုက္စစ္ကစားရာမွာ အေကာင္းမြန္ဆုံးတိုက္စစ္ကစားသမားအေနနဲ႔လည္း သတ္မွတ္ခံရသူျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ၄ ႀကိမ္၊ အက္ဖ္ေအဖလား ၄ ႀကိမ္၊ လိဂ္ဖလား ၃ ႀကိမ္အျပင္ ၂၀၁၂ မွာ ခ်န္ပီယံလိဂ္ဖလားကိုပါ ရယူေပးနိုင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္ကို ၈၈ မိနစ္မွာ သြင္းယူေပးခဲ့တဲ့ သူရဲ့ဂိုးေၾကာင့္ အခ်ိန္ပိုဆက္ကစားခြင့္ခဲ့ရ႐ုံသာမကဘဲ ပင္နယ္တီအဆုံးအျဖတ္မွာပါ အနိုင္ရကာ ခ်န္ပီယံျဖစ္ေစခဲ့ပါတယ္။eden-hazard-chelsea-arsenal-europa-league-final-2019_1xjnod59txc9v1n9bytkyh78rr

11. LW – ေအဒင္ဟာဇက္
ခ်ယ္လ္ဆီးအသင္းဟာ လိုင္လီအသင္းကို ေပါင္ ၃၂ သန္းနဲ႔ေပးခဲ့ၿပီး ဟာဇက္ကို ၂၀၁၂ ခုႏွစ္မွာ ေခၚယူခဲ့တာျဖစ္ပါတယ္။ သူရဲ့ ကစားပုံေၾကာင့္ ပရီးမီးယားလိဂ္ပရိသတ္ေတြအႀကိဳက္ေတြ႕ခဲ့ၾကၿပီး ခ်ယ္လ္ဆီးအသင္းမွာ ၇ ႏွစ္ကစားခဲ့စဥ္အတြင္း အေကာင္းမြန္ဆုံး ေျခစြမ္းေတြျပသခဲ့႐ုံသာမကပဲ ဂိုးေတြလည္းမ်ားစြာသြင္းယူေပးနိုင္ခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ ရီးရဲလ္အသင္းကို ေျပာင္းေရြ႕ခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းနဲ႔ ၇ ႏွစ္ကာလအတြင္း ၁၁၀ ဂိုးသြင္းယူေပးခဲ့႐ုံသာမက အဓိကဖလား ၆ ခုလည္း ဆြတ္ခူးေပးနိုင္ခဲ့ပါတယ္။michael-essien_1srqmffplxgu31vn4i59qhlu5g

12. အရံကစားသမားမ်ား
ခ်ယ္လ္ဆီးအသင္းမွာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလၽွာက္အေကာင္းမြန္ဆုံးကစားသမားမ်ားစြာရွိခဲ့တဲ့အတြက္ ေရာ္ဘင္၊ ေဒးဗစ္လူးဝစ္၊ ဝီလီယံ၊ မီးေခးလ္တို႔က ေကာင္းမြန္ေသာ္လည္း ခ်န္လွန္ခဲ့မွျဖစ္ပါမယ္။

အရံကစားသမားမ်ားအေနနဲ႔ ေရြးခ်ယ္ရမယ္ဆိုရင္ေတာ့

ဂိုးသမားေနရာမွာ သီေပါ့ ကူတိုးရစ္၊ ေနာက္တန္းအေနနဲ႔ ဂယ္ရီကာေဟးလ္၊ ဝီလီယံ ဂါးလက္စ္၊ အလယ္တန္းေနရာမွာ ဆီဇာ အက္စ္ပီလီကူတာ၊ မိုက္ကယ္ အက္စီယန္၊ ဂ်ဴအန္ မာတာ၊ ေရွ႕တန္းအေနနဲ႔ ဒီေယဂို ေကာ္စတာတို႔ကို ေရြးခ်ယ္ရမွာျဖစ္ပါတယ္။

ပရိသတ္ႀကီးကေတာ့ မွတ္မိေနတဲ့ ကစားသမားမ်ားရွိေသးရင္ ေျပာျပေပးခဲ့ၾကပါအုံးေနာ္