ချဲလ်ဆီးဟာ သာမန်ထက်လွန်ကဲနေတဲ့အသင်းတစ်သင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အသင်းဖြစ်တယ်လို့ ဆီဗီလာမန်နေဂျာ လိုပက်တီဂူ ပြော

0
194

 

ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ တွေ့ဆုံရမဲ့ ချဲလ်ဆီးအသင်းဟာ သာမန်ထက်လွန်ကဲနေတဲ့ အသင်းတစ်သင်းဖြစ်သလို ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်တဲ့အသင်းတစ်သင်း ဖြစ်တယ်လို့ ဆီဗီလာအသင်း မန်နေဂျာ လိုပက်တီဂူက ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ၄-၁ နဲ့ ရှုံးခဲ့ရပေမဲ့ ယခုနှစ်မှာ အသင်းကို တောင့်တင်းအောင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ကစားသမားသစ်တွေ ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ ဆောက်သမ်တန်အသင်းနဲ့ ၃-၃ သရေဖြစ်ခဲ့ပြီး ရုန်းကန်နေရပေမဲ့ စပိန်လက်ရွေးစင်အသင်း မန်နေဂျာဟောင်းဖြစ်သူ လိုပက်တီဂူကတော့ ပြိုင်ဘက်ချဲလ်ဆီးအသင်းကို ချီးကျူးစကားဆိုခဲ့ပါတယ်။

121

လိုပက်တီဂူက “ ကွျန်တော်တို့တွေ ရင်ဆိုင်ရမဲ့ ချဲလ်ဆီးအသင်းဆိုတာက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အသင်းတစ်သင်းပါ။ ဒါပေမဲ့ ကွျန်တော်တို့ ကွျန်တော်တို့ရဲ့ ခြေစွမ်းကိုပဲ အာရုံစိုက်ထားပါတယ်။ ဒီနေရာမှာ ကွျန်တော်တို့က အရာအားလုံးပြုလုပ်နိုင်ပါတယ်။ ပြိုင်ပွဲတိုင်းဟာ ခက်ခဲတဲ့ ထိတွေ့မှုတွေ ဖြစ်လာမယ်ဆိုတာ ကွျန်တော်စဉ်းစားထားပါတယ်။ အထူးသဖြင့်တော့ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမဲ့ ပွဲပေါ့ဗျာ။ ချဲလ်ဆီးအသင်းက ကစားသမားကောင်းတွေကို ငွေကြေးများစွာ ရင်းနှီးပြီး ဝယ်ယူထားခဲ့တယ်။ အသင်းက ထိပ်တန်းအသင်းဖြစ်နေသလို အသင်းမန်နေဂျာကလည်း အသင်းရဲ့ အတွင်းပိုင်းအထိ သိနေသူ တစ်ဦးဖြစ်နေတယ်။ ဒါက ချန်ပီယံလိဂ်မှာ စိန်ခေါ်မှုအပြည့်နဲ့ ကစားသွားရမှာ ဖြစ်တယ်။ ဒါပေမဲ့ ကွျန်တော်တို့ တွေက ပြီးခဲ့တဲ့ ဘောလုံးရာသီက အထွတ်အထိပ်ဖြစ်အောင် ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။ ကွျန်တော်တို့မှာ ရှိနေတဲ့ အရာတွေကို ပေးဆပ်သွားမှာပါ။ သူတို့တွေက သာမန်ထက်လွန်ကဲပြီး တောင့်တင်းတဲ့ ပြိုင်ဘက် ဖြစ်သလို ထိပ်တန်းကစားသမားတွေ ပါဝင်တဲ့အသင်းပါ။ ဒါပေမဲ့ သူတို့ကလည်း ကွျန်တော်တို့ရဲ့ အကောင်းဆုံး လုပ်နိုင်စွမ်းတွေအပေါ်မှာ အာရုံစိုက်ထားကြမှာပါ ” လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုနှစ်မှာ ကစားသမားခေါ်ယူမှုအတွက် ပေါင်သန်း ၂၂၀ အထိ အသုံးပြုထားပြီး ဇီယက်ချ်၊ ဝါနာ၊ ဟာဗက်ဇ်၊ ချီဝဲလ်၊ ဆေးလ်ဗားနဲ့မန်ဒီတို့ကို ခေါ်ယူထားပါတယ်။

Zawgyi

ခ်ဲလ္ဆီးဟာ သာမန္ထက္လြန္ကဲေနတဲ့အသင္းတစ္သင္းျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္တဲ့ အသင္းျဖစ္တယ္လို႔ ဆီဗီလာမန္ေနဂ်ာ လိုပက္တီဂူ ေျပာ

ဆီဗီလာအသင္းနဲ႔ ခ်န္ပီယံလိဂ္အုပ္စုပြဲမွာ ေတြ႕ဆုံရမဲ့ ခ်ဲလ္ဆီးအသင္းဟာ သာမန္ထက္လြန္ကဲေနတဲ့ အသင္းတစ္သင္းျဖစ္သလို ခ်န္ပီယံလိဂ္ဖလားကို ရယူသြားနိုင္တဲ့အသင္းတစ္သင္း ျဖစ္တယ္လို႔ ဆီဗီလာအသင္း မန္ေနဂ်ာ လိုပက္တီဂူက ေျပာၾကားလိုက္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ အသင္းကို ၄-၁ နဲ႔ ရႈံးခဲ့ရေပမဲ့ ယခုႏွစ္မွာ အသင္းကို ေတာင့္တင္းေအာင္ ျပင္ဆင္မႈေတြ ျပဳလုပ္ခဲ့ၿပီး ကစားသမားသစ္ေတြ ေခၚယူခဲ့ပါတယ္။ ဒါေပမဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံးပြဲမွာ ေဆာက္သမ္တန္အသင္းနဲ႔ ၃-၃ သေရျဖစ္ခဲ့ၿပီး ႐ုန္းကန္ေနရေပမဲ့ စပိန္လက္ေရြးစင္အသင္း မန္ေနဂ်ာေဟာင္းျဖစ္သူ လိုပက္တီဂူကေတာ့ ၿပိဳင္ဘက္ခ်ဲလ္ဆီးအသင္းကို ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။
လိုပက္တီဂူက “ ကြ်န္ေတာ္တို႔ေတြ ရင္ဆိုင္ရမဲ့ ခ်ဲလ္ဆီးအသင္းဆိုတာက ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္တဲ့ အသင္းတစ္သင္းပါ။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ ကြ်န္ေတာ္တို႔ရဲ့ ေျခစြမ္းကိုပဲ အာ႐ုံစိုက္ထားပါတယ္။ ဒီေနရာမွာ ကြ်န္ေတာ္တို႔က အရာအားလုံးျပဳလုပ္နိုင္ပါတယ္။ ၿပိဳင္ပြဲတိုင္းဟာ ခက္ခဲတဲ့ ထိေတြ႕မႈေတြ ျဖစ္လာမယ္ဆိုတာ ကြ်န္ေတာ္စဥ္းစားထားပါတယ္။ အထူးသျဖင့္ေတာ့ ခ်ဲလ္ဆီးအသင္းနဲ႔ ရင္ဆိုင္ရမဲ့ ပြဲေပါ့ဗ်ာ။ ခ်ဲလ္ဆီးအသင္းက ကစားသမားေကာင္းေတြကို ေငြေၾကးမ်ားစြာ ရင္းႏွီးၿပီး ဝယ္ယူထားခဲ့တယ္။ အသင္းက ထိပ္တန္းအသင္းျဖစ္ေနသလို အသင္းမန္ေနဂ်ာကလည္း အသင္းရဲ့ အတြင္းပိုင္းအထိ သိေနသူ တစ္ဦးျဖစ္ေနတယ္။ ဒါက ခ်န္ပီယံလိဂ္မွာ စိန္ေခၚမႈအျပည့္နဲ႔ ကစားသြားရမွာ ျဖစ္တယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ ေတြက ၿပီးခဲ့တဲ့ ေဘာလုံးရာသီက အထြတ္အထိပ္ျဖစ္ေအာင္ ျပဳလုပ္ခဲ့တာေတြ ရွိပါတယ္။ ကြ်န္ေတာ္တို႔မွာ ရွိေနတဲ့ အရာေတြကို ေပးဆပ္သြားမွာပါ။ သူတို႔ေတြက သာမန္ထက္လြန္ကဲၿပီး ေတာင့္တင္းတဲ့ ၿပိဳင္ဘက္ ျဖစ္သလို ထိပ္တန္းကစားသမားေတြ ပါဝင္တဲ့အသင္းပါ။ ဒါေပမဲ့ သူတို႔ကလည္း ကြ်န္ေတာ္တို႔ရဲ့ အေကာင္းဆုံး လုပ္နိုင္စြမ္းေတြအေပၚမွာ အာ႐ုံစိုက္ထားၾကမွာပါ ” လို႔ ဆိုပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ယခုႏွစ္မွာ ကစားသမားေခၚယူမႈအတြက္ ေပါင္သန္း ၂၂၀ အထိ အသုံးျပဳထားၿပီး ဇီယက္ခ်္၊ ဝါနာ၊ ဟာဗက္ဇ္၊ ခ်ီဝဲလ္၊ ေဆးလ္ဗားနဲ႔မန္ဒီတို႔ကို ေခၚယူထားပါတယ္။