ဂိုးသွင်းနှုန်းမကျသေးတဲ့ ချန်ပီယံဘိုင်ယန်မြူးနစ်က လိုကိုမိုးတစ်ကွင်းမှာ နှစ်ဂိုးပြတ်လောက် အနိုင်ယူသွားနိုင်တယ်

0
123

 

ချန်ပီယံလိဂ်အုပ်စု(A) ရဲ့ အုပ်စုပွဲစဉ် ၂ အဖြစ် လိုကိုမိုးတစ် မော်စကိုအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း တို့ဟာ လိုကိုမိုးတစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၇-၁၀-၂၀၂၀ ရက် အင်္ဂါနေ့ည ၁၂း၂၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လိုကိုမိုးတစ်အသင်းက အုပ်စုအဖွင့်ပွဲမှာ ဆာဇ်ဘက်ချ်အသင်းရဲ့ ကွင်းမှာ ၂-၂ သရေ ဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်က အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ၄-၀ နဲ့ အနိုင်ရခဲ့ပြီး ရမှတ် ၃ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု အနေနဲ့ ချန်ပီယံလိဂ်မှာ ပထမဆုံးတွေ့ဆုံတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် ၁၂ ပွဲဆက် အနိုင်ရထားတဲ့ အသင်းတစ်သင်းဖြစ်သလို ချန်ပီယံဖလား ရယူထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး လိုကိုမိုးတစ်အသင်းက လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ဘိုင်ယန်မြူးနစ်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲဆက် အနိုင်ရထားပါတယ်။ ဘိုင်ယန် မြူးနစ်က ချန်ပီယံလိဂ် နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုး သွင်းယူထား နိုင်ပါတယ်။ လိုကိုမိုးတစ်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး ခြောက်ပွဲကစားအပြီးမှာ အနည်းဆုံး ပေးဂိုး နှစ်ဂိုး ပေးထားရပါတယ်။ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် နောက်ဆုံး သုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပေမဲ့ လိုကိုမိုးတစ်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး ခြောက်ပွဲဆက် နိုင်ပွဲ ရရှိခြင်း မရှိသေးပါဘူး။

လိုကိုမိုးတစ် မော်စကိုအသင်းမှာ ရာကိုဗစ်က ဒဏ်ရာရနေပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ အယ်ဖွန်ဆို ဒါးဗစ်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘိုင်ယန်မြူးနစ်အသင်းက အဝေးကွင်းမှာ နောက်ထပ် ရမှတ် သုံးမှတ် ရယူသွားနိုင်ပြီး သွင်းဂိုး ၂-၀  လောက်သွင်းယူသွားနိုင်ပါတယ်။

Zawgyi

ဂိုးသြင္းႏႈန္းမက်ေသးတဲ့ ခ်န္ပီယံဘိုင္ယန္ျမဴးနစ္က လိုကိုမိုးတစ္ကြင္းမွာ ႏွစ္ဂိုးျပတ္ေလာက္ အနိုင္ယူသြားနိုင္တယ္

ခ်န္ပီယံလိဂ္အုပ္စု(A) ရဲ့ အုပ္စုပြဲစဥ္ ၂ အျဖစ္ လိုကိုမိုးတစ္ ေမာ္စကိုအသင္းနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္း တို႔ဟာ လိုကိုမိုးတစ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၇-၁၀-၂၀၂၀ ရက္ အဂၤါေန႔ည ၁၂း၂၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ လိုကိုမိုးတစ္အသင္းက အုပ္စုအဖြင့္ပြဲမွာ ဆာဇ္ဘက္ခ်္အသင္းရဲ့ ကြင္းမွာ ၂-၂ သေရ ျဖစ္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္က အက္သလက္တီကိုမက္ဒရစ္ကို အိမ္ကြင္းမွာ ၄-၀ နဲ႔ အနိုင္ရခဲ့ၿပီး ရမွတ္ ၃ မွတ္နဲ႔ အုပ္စုကို ဦးေဆာင္ထားပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ အေနနဲ႔ ခ်န္ပီယံလိဂ္မွာ ပထမဆုံးေတြ႕ဆုံတာ ျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္က ခ်န္ပီယံလိဂ္ ၁၂ ပြဲဆက္ အနိုင္ရထားတဲ့ အသင္းတစ္သင္းျဖစ္သလို ခ်န္ပီယံဖလား ရယူထားတဲ့ အသင္းလည္း ျဖစ္ပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး လိုကိုမိုးတစ္အသင္းက ေလးပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး ဘိုင္ယန္ျမဴးနစ္က ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲဆက္ အနိုင္ရထားပါတယ္။ ဘိုင္ယန္ ျမဴးနစ္က ခ်န္ပီယံလိဂ္ ေနာက္ဆုံး ရွစ္ပြဲကစားအၿပီး ခုနစ္ပြဲမွာ အနည္းဆုံးသြင္းဂိုး သုံးဂိုး သြင္းယူထား နိုင္ပါတယ္။ လိုကိုမိုးတစ္အသင္းက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီးမွာ အနည္းဆုံး ေပးဂိုး ႏွစ္ဂိုး ေပးထားရပါတယ္။ ဘိုင္ယန္ျမဴးနစ္က ခ်န္ပီယံလိဂ္ ေနာက္ဆုံး သုံးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားေပမဲ့ လိုကိုမိုးတစ္အသင္းက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ေျခာက္ပြဲဆက္ နိုင္ပြဲ ရရွိျခင္း မရွိေသးပါဘူး။
လိုကိုမိုးတစ္ ေမာ္စကိုအသင္းမွာ ရာကိုဗစ္က ဒဏ္ရာရေနၿပီး ဘိုင္ယန္ျမဴးနစ္အသင္းမွာ အယ္ဖြန္ဆို ဒါးဗစ္က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဘိုင္ယန္ျမဴးနစ္အသင္းက အေဝးကြင္းမွာ ေနာက္ထပ္ ရမွတ္ သုံးမွတ္ ရယူသြားနိုင္ၿပီး သြင္းဂိုး ၂-၀ ေလာက္သြင္းယူသြားနိုင္ပါတယ္။