ဒဏ်ရာကြောင့် သီတင်းပတ်အတော်ကြာနားရတော့မယ့် ဖာနန်ဒင်ဟို

0
190

Sbotop

မန်စီးတီး အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုဟာ ပေါ်တိုအသင်းနဲ့ရင်ဆိုင်ခဲ့တဲ့ ပွဲမှာ နောက်ထပ်ဒဏ်ရာတစ်ရပ်ရ ခဲ့တာကြောင့် သီတင်းပတ် ၄ ပတ်ကနေ ၆ ပတ်လောက်အထိ အနားယူရနိုင်တယ်လို့ နည်းပြ ဂွါဒီယိုလာက ခန့်မှန်းပြောကြားသွားခဲ့ပါတယ်။ ဒီဘရာဇီးသားဟာ ဗုဒ္ဒဟူးနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု(C) ပွဲစဉ် ၈၅ မိနစ်မှာ လူစားပါဝင်လာခဲ့တာဖြစ်ပေမဲ့ ခြေထောက်ဒဏ်ရာတစ်ရပ်ကြောင့် ပွဲပြီးတဲ့အထိ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

ဖာနန်ဒင်ဟိုဟာ ပြီးခဲ့တဲ့ရာသီတွေမှာလည်း ကြွက်သားဒဏ်ရာအမျိုးမျိုး ရခဲ့ဖူးသူဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ရာသီ အတွင်းမှာလည်း ၁၅ ပွဲအထိ လွဲချော်ခဲ့ရဖူးပါတယ်။ မန်စီးတီးအသင်းမှာ ဂါဘရီရယ်ဂျီးဆပ်၊ နသန်အကီ၊ ဘင်ဂျမင်မန်ဒီ၊ ကီဗင်ဒီဘရိုင်းနဲ့ လာပေါ်တီတို့လည်း မပါဝင်ခဲ့ကြသလို လက်ရှိမှာတော့ အဲဒီဒဏ်ရာရစာရင်းမှာ ဖာနန်ဒင်ဟိုပါ ပါဝင်လာပြီဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းဟာ ပေါ်တိုအသင်းကိုတော့ ၃-၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာက “ ဒါက သတင်းဆိုးပါပဲ။ အရင်တုန်းကလည်း အဲဒီနေရာမှာ သူ ဒဏ်ရာရခဲ့ဖူးတယ်။ သူ အချိန်ကြာ ကြာ အနားယူရနိုင်ပါတယ်။ ဖြစ်တာက ဖြစ်ပြီးပြီလေ။ ဒီဒဏ်ရာကြောင့် သူ ၄ ပတ်ကနေ ၆ ပတ်လောက်အထိ နားရနိုင်တယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့် ပွဲတွေအတွက်တော့ ဒါက နစ်နာမှုကြီးတစ်ရပ်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဖာနန်ဒင်ဟိုဟာ မန်စီးတီးအသင်းကို ၂၀၁၃ ခုနှစ်မှာ စရောက်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲ ၂၂၈ ပွဲအထိ ပါဝင်ကစားပေးထားနိုင်ခဲ့သလို တစ်ခါတလေမှာလည်း ဗဟိုနောက်ခံကစားသမား အဖြစ် ကစားပေးရတတ်ပါတယ်။

(zawgyi)

Sbotop

ဒဏ္ရာေၾကာင့္ သီတင္းပတ္အေတာ္ၾကာနားရေတာ့မယ့္ ဖာနန္ဒင္ဟို

မန္စီးတီး အသင္းေခါင္းေဆာင္ ဖာနန္ဒင္ဟိုဟာ ေပၚတိုအသင္းနဲ႔ရင္ဆုိင္ခဲ့တဲ့ ပြဲမွာ ေနာက္ထပ္ဒဏ္ရာတစ္ရပ္ရ ခဲ့တာေၾကာင့္ သီတင္းပတ္ ၄ ပတ္ကေန ၆ ပတ္ေလာက္အထိ အနားယူရႏုိင္တယ္လို႔ နည္းျပ ဂြါဒီယိုလာက ခန္႔မွန္းေျပာၾကားသြားခဲ့ပါတယ္။ ဒီဘရာဇီးသားဟာ ဗုဒၵဟူးေန႔က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စု(C) ပြဲစဥ္ ၈၅ မိနစ္မွာ လူစားပါ၀င္လာခဲ့တာျဖစ္ေပမဲ့ ေျခေထာက္ဒဏ္ရာတစ္ရပ္ေၾကာင့္ ပြဲၿပီးတဲ့အထိ ကစားႏုိင္ခဲ့ျခင္း မရွိပါဘူး။

ဖာနန္ဒင္ဟိုဟာ ၿပီးခဲ့တဲ့ရာသီေတြမွာလည္း ၾကြက္သားဒဏ္ရာအမ်ဳိးမ်ဳိး ရခဲ့ဖူးသူျဖစ္ၿပီး လြန္ခဲ့တဲ့ ၂ ရာသီ အတြင္းမွာလည္း ၁၅ ပြဲအထိ လြဲေခ်ာ္ခဲ့ရဖူးပါတယ္။ မန္စီးတီးအသင္းမွာ ဂါဘရီရယ္ဂ်ီးဆပ္၊ နသန္အကီ၊ ဘင္ဂ်မင္မန္ဒီ၊ ကီဗင္ဒီဘရိုင္းနဲ႔ လာေပၚတီတုိ႔လည္း မပါ၀င္ခဲ့ၾကသလို လက္ရွိမွာေတာ့ အဲဒီဒဏ္ရာရစာရင္းမွာ ဖာနန္ဒင္ဟိုပါ ပါ၀င္လာၿပီျဖစ္ပါတယ္။ ဒါေပမဲ့ မန္စီးတီးအသင္းဟာ ေပၚတိုအသင္းကိုေတာ့ ၃-၁ ဂိုးနဲ႔ ျပတ္ျပတ္သားသား အႏိုင္ယူႏုိင္ခဲ့ပါတယ္။

ဂြါဒီယိုလာက “ ဒါက သတင္းဆိုးပါပဲ။ အရင္တုန္းကလည္း အဲဒီေနရာမွာ သူ ဒဏ္ရာရခဲ့ဖူးတယ္။ သူ အခ်ိန္ၾကာ ၾကာ အနားယူရႏုိင္ပါတယ္။ ျဖစ္တာက ျဖစ္ၿပီးၿပီေလ။ ဒီဒဏ္ရာေၾကာင့္ သူ ၄ ပတ္ကေန ၆ ပတ္ေလာက္အထိ နားရႏုိင္တယ္။ ကၽြန္ေတာ္တို႔ ေရွ႕ဆက္သြားရမယ့္ ပြဲေတြအတြက္ေတာ့ ဒါက နစ္နာမႈႀကီးတစ္ရပ္ပါပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ဖာနန္ဒင္ဟိုဟာ မန္စီးတီးအသင္းကို ၂၀၁၃ ခုႏွစ္မွာ စေရာက္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲ ၂၂၈ ပြဲအထိ ပါ၀င္ကစားေပးထားႏုိင္ခဲ့သလို တစ္ခါတေလမွာလည္း ဗဟိုေနာက္ခံကစားသမား အျဖစ္ ကစားေပးရတတ္ပါတယ္။