နှစ်သင်းလုံးက အနိုင်ရရင် အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ဖြစ်လာနိုင်ကြပေမဲ့ အိမ်ရှင် လိုင်လီက အနိုင်သေချာတယ်

0
216

 

Sbotop           ပြင်သစ်လီဂူး-၁ ပွဲစဉ် ၇ အဖြစ် လိုင်လီအသင်းနဲ့ လန့်စ်အသင်းတို့ဟာ လိုင်လီရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၉-၁၀-၂၀၂၀ ရက် တနင်္လာနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လိုင်လီအသင်းက လီဂူး-၁ ၆ ပွဲ ကစားအပြီး ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး လန့်စ်အသင်းက ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လိုင်လီ ၃ – ၁ လန့်စ်(လီဂူး-၁)

လန့်စ် ၁ – ၁ လိုင်လီ(လီဂူး-၁)

လိုင်လီ ၁ – ၀ လန့်စ်(လီဂူး-၁)

လန့်စ် ၁ – ၄ လိုင်လီ(လီဂူး-၁)

လိုင်လီ ၁ – ၀ လန့်စ်(လီဂူး-၁)

လန့်စ် ၁ – ၁ လိုင်လီ(လီဂူး-၁)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လိုင်လီအသင်းက လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပြီး လန့်စ်အသင်းက ငါးပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပါတယ်။ လိုင်လီအသင်းက လီဂူး-၁ နောက်ဆုံး ကိုးပွဲကစားအပြီး ခုနစ်ပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ လိုင်လီက လန့်စ်အသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲဆက် အနိုင်ရထားပါတယ်။ လိုင်လီအသင်းက လီဂူး-၁ အိမ်ကွင်းပွဲ နောက်ဆုံး ၂၂ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ လန့်စ်အသင်းကလည်း လီဂူး-၁ နောက်ဆုံး ငါးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

လိုင်လီအသင်းမှာ ဒဏ်ရာရ ပွဲပယ်ကစားသမား မရှိပေမဲ့ လန့်စ်အသင်းမှာ ထွာအိုရေး၊ စယိုင်လာ၊ မီချီလီ နဲ့ ဂန်နာဂိုတို့က ဒဏ်ရာရနေပြီး မာဒီရာက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လိုင်လီအသင်းက အနိုင်ရဖို့ ၆၅% ရှိနေပြီး သရေဖြစ်ဖို့ ၃၅% ရှိနေပါ တယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဂိုးရလဒ်က လိုင်လီက ၂-၁ လောက်နဲ့ အနိုင်ရသွားနိုင်ပါတယ်။

Zawgyi

