ပီအက်စ်ဂျီအသင်းကို တစ်နှစ်အငှားစာချုပ်နဲ့ ရောက်ရှိလာတဲ့ အဲဗာတန် တိုက်စစ်မှူး မွိုက်စီ ကိန်း

0
116

 

အဲဗာတန်အသင်းရဲ့ အသက် ၂၀ အရွယ် အီတလီနိုင်ငံသား မွိုက်စီ ကိန်းက ပီအက်စ်ဂျီအသင်းကို တစ်နှစ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ၎င်းဟာ ၂၀၁၉ ခုနှစ်က ဂျူဗင်တပ်စ်အသင်းကနေ အဲဗာတန် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇.၅ သန်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုထားပြီး အဲဗာတန်အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် ၃၇ ပွဲ ကစားထားကာ လေးဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

၎င်းဟာ ဇန်နဝါရီလနဲ့ ဇူလိုင်လတွေမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ နယူးကာဆယ် အသင်းနဲ့ ဘုန်းမောက်အသင်းနဲ့ပွဲတွေမှာ ဂိုးသွင်းယူနိုင်ခဲ့သလို ယခုနှစ်မှာ ကစားတဲ့ ခါလာဘောင်းဖလားပွဲတွေ ဖြစ်တဲ့ ဆဲလ်ဖို့ဒ်အသင်း နဲ့ ဖလက်ဝုဒ်အသင်းတွေနဲ့ ပွဲတွေ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ယခုနှစ်မှာ ကယ်လ်ဗက် လီဝင်က အဲဗာတန်အသင်းမှာ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူနိုင်နေသလို ရာသီအစမှာ သွင်းဂိုး ခြောက်ဂိုးအထိ သွင်းယူထားသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိန်းအနေနဲ့ ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးနည်းပါးစေလို့ အသင်းကနေ ထွက်ခွာဖို့ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ လေးပွဲ ကစားအပြီး လေးပွဲအနိုင်ရထား ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ဒါ့အပြင် ခါလာဘောင်းဖလား ကွာတားဖိုင်နယ်ကို ရောက်ရှိနေပြီး ဒီဇင်ဘာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။ ယခုနှစ် နွေရာသီမှာ ခေါ်ယူထားတဲ့ ဒူကိုရီနဲ့ ရိုဒီဂွက်ဇ်တို့က အသင်းမှာ အထိုင်ကျ နေပြီး ပုံမှန်အသုံးနေသလို နိုင်ငံတကာပွဲတွေ ပြီးလို့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ရင် မာဆေးဆိုဒ် ဒါဘီပွဲအဖြစ် လီဗာပူးလ်နဲ့ စတင်ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရှိတဲ့ အမ်ဘက်ပီ၊ ဒီမာရီယာ၊ နေမာတို့နဲ့ တွဲဖက်ပြီး မွိုက်စီ ကိန်းကို မြင်တွေ့သွားရမှာ ဖြစ်သလို ကိန်းရဲ့ ကစားသမားဘ၀ရဲ့ အတွေ့အကြုံကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပီအက်စ်ဂျီက လီဂူး-၁ ချန်ပီယံအဖြစ် ကိုးနှစ်အတွင်း ရှစ်ရာသီဆက် ဖြစ်ပေါ်လာဖို့ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ဩဂုတ်လက ရှုံးခဲ့ပြီးနောက်မှာ လီဂူး-၁ ပွဲ နှစ်ပွဲဆက်ရှုံးခဲ့ပေမဲ့ နောက်ဆုံးပွဲဖြစ်တဲ့ အမ်းဂါးစ်အသင်းကို ခြောက်ဂိုးသွင်းယူပြီး အနိုင်ရထားပါတယ်။

Zawgyi

ပီအက္စ္ဂ်ီအသင္းကို တစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ ေရာက္ရွိလာတဲ့ အဲဗာတန္ တိုက္စစ္မႉး မြိဳက္စီ ကိန္း

အဲဗာတန္အသင္းရဲ့ အသက္ ၂၀ အရြယ္ အီတလီနိုင္ငံသား မြိဳက္စီ ကိန္းက ပီအက္စ္ဂ်ီအသင္းကို တစ္ႏွစ္ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့တယ္လို႔ သိရပါတယ္။ ၎ဟာ ၂၀၁၉ ခုႏွစ္က ဂ်ဴဗင္တပ္စ္အသင္းကေန အဲဗာတန္ အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၇.၅ သန္းနဲ႔ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားၿပီး အဲဗာတန္အသင္းနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ၃၇ ပြဲ ကစားထားကာ ေလးဂိုးသြင္းယူထားနိုင္ခဲ့ပါတယ္။
၎ဟာ ဇန္နဝါရီလနဲ႔ ဇူလိုင္လေတြမွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြျဖစ္တဲ့ နယူးကာဆယ္ အသင္းနဲ႔ ဘုန္းေမာက္အသင္းနဲ႔ပြဲေတြမွာ ဂိုးသြင္းယူနိုင္ခဲ့သလို ယခုႏွစ္မွာ ကစားတဲ့ ခါလာေဘာင္းဖလားပြဲေတြ ျဖစ္တဲ့ ဆဲလ္ဖို႔ဒ္အသင္း နဲ႔ ဖလက္ဝုဒ္အသင္းေတြနဲ႔ ပြဲေတြ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။
ယခုႏွစ္မွာ ကယ္လ္ဗက္ လီဝင္က အဲဗာတန္အသင္းမွာ ေျခစြမ္းျပၿပီး ဂိုးေတြ သြင္းယူနိုင္ေနသလို ရာသီအစမွာ သြင္းဂိုး ေျခာက္ဂိုးအထိ သြင္းယူထားသူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိန္းအေနနဲ႔ ပြဲထြက္ခြင့္ရဖို႔ အခြင့္အေရးနည္းပါးေစလို႔ အသင္းကေန ထြက္ခြာဖို႔ ျဖစ္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ အဲဗာတန္အသင္းဟာ ေလးပြဲ ကစားအၿပီး ေလးပြဲအနိုင္ရထား ရမွတ္ ၁၂ မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ထားနိုင္ပါတယ္။ ဒါ့အျပင္ ခါလာေဘာင္းဖလား ကြာတားဖိုင္နယ္ကို ေရာက္ရွိေနၿပီး ဒီဇင္ဘာလမွာ မန္ခ်က္စတာယူနိုက္တက္နဲ႔ ေတြ႕ဆုံသြားရမွာ ျဖစ္ပါတယ္။ ယခုႏွစ္ ေႏြရာသီမွာ ေခၚယူထားတဲ့ ဒူကိုရီနဲ႔ ရိုဒီဂြက္ဇ္တို႔က အသင္းမွာ အထိုင္က် ေနၿပီး ပုံမွန္အသုံးေနသလို နိုင္ငံတကာပြဲေတြ ၿပီးလို႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပန္လည္စတင္ရင္ မာေဆးဆိုဒ္ ဒါဘီပြဲအျဖစ္ လီဗာပူးလ္နဲ႔ စတင္ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းရဲ့ တိုက္စစ္ပိုင္းမွာ ရွိတဲ့ အမ္ဘက္ပီ၊ ဒီမာရီယာ၊ ေနမာတို႔နဲ႔ တြဲဖက္ၿပီး မြိဳက္စီ ကိန္းကို ျမင္ေတြ႕သြားရမွာ ျဖစ္သလို ကိန္းရဲ့ ကစားသမားဘ၀ရဲ့ အေတြ႕အၾကဳံေကာင္းေတြ ျဖစ္လာနိုင္ပါတယ္။ ပီအက္စ္ဂ်ီက လီဂူး-၁ ခ်န္ပီယံအျဖစ္ ကိုးႏွစ္အတြင္း ရွစ္ရာသီဆက္ ျဖစ္ေပၚလာဖို႔ ျပဳလုပ္သြားရမွာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္ကို ဩဂုတ္လက ရႈံးခဲ့ၿပီးေနာက္မွာ လီဂူး-၁ ပြဲ ႏွစ္ပြဲဆက္ရႈံးခဲ့ေပမဲ့ ေနာက္ဆုံးပြဲျဖစ္တဲ့ အမ္းဂါးစ္အသင္းကို ေျခာက္ဂိုးသြင္းယူၿပီး အနိုင္ရထားပါတယ္။