ပေါ့ဘာနဲ့ ဖာနန်ဒက်တို့ဟာ တစ်သင်းထဲမှာ အတူကစားလို့ မရနိုင်ကြောင်း ကာရေဂါ ထောက်ပြပြောဆို

0
303

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်တို့ဟာ တစ်သင်းထဲမှာ အတူကစားလို့ မရနိုင်ကြောင်း ကာရေဂါက ထောက်ပြပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့ ဂိုးမရှိ သရေဖြစ်ခဲ့တဲ့ပွဲမှာ ကွင်းလယ်ပိုင်းနေရာအတွက် ဖာနန်ဒက်၊ ဖလက်နဲ့ တွမ်မီနေးတို့ကို အသုံးပြုခဲ့ပြီး ပေါ့ဘာက နားနေဆောင်အောက်မှာ နေခဲ့ရပါတယ်။ ဒါ့အပြင် အသစ်ခေါ်ယူထားတဲ့ ဗန်ဒီဘိခ်နဲ့ မာတစ် တို့လည်း နားနေဆောင်အောက်ရှိခဲ့ပါတယ်။ ဒါကြောင့် ပေါင်သန်း ၁၇၀ တန်ဖိုးရှိတဲ့ ကစားသမားတွေက ပွဲထွက်ခွင့်မရခဲ့ကြဘဲ ထိုင်ကြည့်နေကြရတာကို တွေ့ရပါတယ်။

ကာရေဂါက “ ပေါ့ဘာကို နားနေဆောင်အောက်မှာ ထားထားတဲ့ ဆိုးရှားကို အမှန်တကယ်ကို ကွျန်တော် သဘောကျမိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ခရစ္စတယ်ပဲလေ့ပွဲအပြီးမှာ ဖာနန်ဒက်နဲ့ ပေါ့ဘာက တစ်သင်းထဲမှာ အတူကစားလို့မရဘူးဆိုတာကို ကွျန်တော်ပြောခဲ့ပါတယ်။ ဘယ်တော့မှလည်း အလုပ်ဖြစ်သွားမှာ မဟုတ်ပါဘူး။ ပြီးတော့ ဗန်ဒီဘိခ်ပေါ့။ သူ့ကို ခေါ်ယူလိုက်တာကို ကွျန်တော် နားမလည်နိုင်ဘဲ ဖြစ်နေတယ်။ သူက ဘယ်နေရာမှာ ဝင်ကစားသွားရမှာလဲ။ ဘယ်နေရာက သူနဲ့ အံ့ဝင်ဂွင်ကျဖြစ်မလဲပေါ့။ သူ့ကို ခေါ်ယူတယ်ဆိုတာကို ကွျန်တော်တွေးမိသလောက် သူက ကွင်းလယ်ဖန်တီးရှင်နေရာက ကစားနေတယ်။ အဲဒီနေရာမှာ ဖာနန်ဒက် ကစားသလို ပေါ့ဘာလည်း ကစားနိုင်တာပဲ။ အသင်းမှာ အမှန်တကယ်ကို အကောင်းဆုံး ဖြစ်နေတဲ့ ဖလက်နဲ့ တွမ်မီနေးတို့ ရှိနေကြတယ်။ ဒါဆိုရင် ဖလက်နဲ့ တွမ်မီနေးတို့ ရှိနေတာတောင် မလုံလောက်သေးဘူးဆိုရင် မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်ဖလားရယူသွားဖို့ အတွက်လား။ ကွျန်တော့်အတွက် ပြဿနာ ဆိုတာက ပေါ့ဘာဖြစ်နေတယ်။ ဒါကိုလည်း ကွျန်တော် ကာလရှည်ပြောခဲ့တဲ့ ကိစ္စပါ။ ကွျန်တော်နဲ့အတူ နဗီး လည်း ပြောတာရှိပါတယ်။ ဖာနန်ဒက်က ကွင်းလယ်ဖန်တီးရှင်နေရာမှာ ကစားတယ်။ ဒါပေမဲ့ ပေါင်သန်း ၉၀ တန် ပေါ့ဘာကို ပွဲထုတ်ဖို့ ဆိုးရှားအတွက် ဘာလို့ခက်ခဲနေတာလဲဆိုတာကို ကွျန်တော် မသိနိုင်ဘဲ ဖြစ်နေတယ်။ တချို့သော အဆင့်တွေမှာတော့ သူက အသင်းနဲ့ ပါဝင်ခွင့်ရနေတယ် ” လို့ ပြောပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ခံစစ်ကစားသမား တစ်ဦးဖြစ်ခဲ့တဲ့ နဗီးက “ လွန်ခဲ့တဲ့ ခြောက်လ လောက်ကတည်းက ဆိုးရှားက ဖာနန်ဒက်နဲ့ ပေါ့ဘာကို အသင်းမှာ အတူတကွ ရရှိနေတာပါ။ သူတို့မှာ ကစားဖို့ နေရာတွေ ရှိနေပေမဲ့ သူတို့က ဘယ်နေရာတွေမှာ အတူကစားမလဲဆိုတာကို ကွျန်တော် စဉ်းစားလို့မရဘဲ ဖြစ်နေ တယ်။ တကယ်လို့ သူတို့နှစ်ယောက်ပေါင်းပြီး ကစားလို့ အသင်းရဲ့ ရလဒ်ကမတိုးတက်ဘူးဆိုရင် ဒီကာလက စောပါသေးတယ်။ ဖာနန်ဒက်က ဖလက်နဲ့ တွမ်မီနေးတို့နဲ့ ပေါင်းစပ်ကစားရင် သူတို့တွေမှာ ရှုံးပွဲမရှိတာကို တွေ့ရ တယ်။ ဒါကို ဆိုးရှားက မြင်ခဲ့မယ်လို့ ကွျန်တော် ထင်ပါတယ်။ သူတို့ သုံးယောက်တွဲပြီး အတူကစားနိုင်မယ်လို့ ကွျန်တော်သိပါတယ်။ ကွင်းလယ်မှာ ဘယ်၊ ညာတောင်ပံနဲ့ ကွင်းလယ်ဗဟိုဆိုပြီး သုံးယောက်တွဲကစားတယ်။ စပါးလ်ကို ၁-၆ နဲ့ရှုံးတယ်။ ခရစ္စတယ်ပဲလေ့ကို ရှုံးတယ်။ ဘရိုင်တန်ကို ကံကောင်းစွာနဲ့ နိုင်ခဲ့တယ်။ ကွျန်တော်တို့တွေက ကစားကွက်ကို အထိုင်ချနိုင်ဖို့ လိုနေပြီဆိုတာကို သူတွေးသင့်ပါတယ်။ သူကတော့ ကွင်းလယ်သုံးယောက်တွဲကို ပြုလုပ်နိုင်သွားမှာပါ ” လို့ ပြောပါတယ်။

Zawgyi

ေပါ့ဘာနဲ႔ ဖာနန္ဒက္တို႔ဟာ တစ္သင္းထဲမွာ အတူကစားလို႔ မရနိုင္ေၾကာင္း ကာေရဂါ ေထာက္ျပေျပာဆို

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ကြင္းလယ္ကစားသမားေတြျဖစ္တဲ့ ေပါ့ဘာနဲ႔ ဖာနန္ဒက္တို႔ဟာ တစ္သင္းထဲမွာ အတူကစားလို႔ မရနိုင္ေၾကာင္း ကာေရဂါက ေထာက္ျပေျပာဆိုလိုက္ပါတယ္။ ၿပီးခဲ့တဲ့ ခ်ဲလ္ဆီး အသင္းနဲ႔ ဂိုးမရွိ သေရျဖစ္ခဲ့တဲ့ပြဲမွာ ကြင္းလယ္ပိုင္းေနရာအတြက္ ဖာနန္ဒက္၊ ဖလက္နဲ႔ တြမ္မီေနးတို႔ကို အသုံးျပဳခဲ့ၿပီး ေပါ့ဘာက နားေနေဆာင္ေအာက္မွာ ေနခဲ့ရပါတယ္။ ဒါ့အျပင္ အသစ္ေခၚယူထားတဲ့ ဗန္ဒီဘိခ္နဲ႔ မာတစ္ တို႔လည္း နားေနေဆာင္ေအာက္ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ေပါင္သန္း ၁၇၀ တန္ဖိုးရွိတဲ့ ကစားသမားေတြက ပြဲထြက္ခြင့္မရခဲ့ၾကဘဲ ထိုင္ၾကည့္ေနၾကရတာကို ေတြ႕ရပါတယ္။
ကာေရဂါက “ ေပါ့ဘာကို နားေနေဆာင္ေအာက္မွာ ထားထားတဲ့ ဆိုးရွားကို အမွန္တကယ္ကို ကြ်န္ေတာ္ သေဘာက်မိပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္အနည္းငယ္က ခရစၥတယ္ပဲေလ့ပြဲအၿပီးမွာ ဖာနန္ဒက္နဲ႔ ေပါ့ဘာက တစ္သင္းထဲမွာ အတူကစားလို႔မရဘူးဆိုတာကို ကြ်န္ေတာ္ေျပာခဲ့ပါတယ္။ ဘယ္ေတာ့မွလည္း အလုပ္ျဖစ္သြားမွာ မဟုတ္ပါဘူး။ ၿပီးေတာ့ ဗန္ဒီဘိခ္ေပါ့။ သူ႔ကို ေခၚယူလိုက္တာကို ကြ်န္ေတာ္ နားမလည္နိုင္ဘဲ ျဖစ္ေနတယ္။ သူက ဘယ္ေနရာမွာ ဝင္ကစားသြားရမွာလဲ။ ဘယ္ေနရာက သူနဲ႔ အံ့ဝင္ဂြင္က်ျဖစ္မလဲေပါ့။ သူ႔ကို ေခၚယူတယ္ဆိုတာကို ကြ်န္ေတာ္ေတြးမိသေလာက္ သူက ကြင္းလယ္ဖန္တီးရွင္ေနရာက ကစားေနတယ္။ အဲဒီေနရာမွာ ဖာနန္ဒက္ ကစားသလို ေပါ့ဘာလည္း ကစားနိုင္တာပဲ။ အသင္းမွာ အမွန္တကယ္ကို အေကာင္းဆုံး ျဖစ္ေနတဲ့ ဖလက္နဲ႔ တြမ္မီေနးတို႔ ရွိေနၾကတယ္။ ဒါဆိုရင္ ဖလက္နဲ႔ တြမ္မီေနးတို႔ ရွိေနတာေတာင္ မလုံေလာက္ေသးဘူးဆိုရင္ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ဖလားရယူသြားဖို႔ အတြက္လား။ ကြ်န္ေတာ့္အတြက္ ျပႆနာ ဆိုတာက ေပါ့ဘာျဖစ္ေနတယ္။ ဒါကိုလည္း ကြ်န္ေတာ္ ကာလရွည္ေျပာခဲ့တဲ့ ကိစၥပါ။ ကြ်န္ေတာ္နဲ႔အတူ နဗီး လည္း ေျပာတာရွိပါတယ္။ ဖာနန္ဒက္က ကြင္းလယ္ဖန္တီးရွင္ေနရာမွာ ကစားတယ္။ ဒါေပမဲ့ ေပါင္သန္း ၉၀ တန္ ေပါ့ဘာကို ပြဲထုတ္ဖို႔ ဆိုးရွားအတြက္ ဘာလို႔ခက္ခဲေနတာလဲဆိုတာကို ကြ်န္ေတာ္ မသိနိုင္ဘဲ ျဖစ္ေနတယ္။ တခ်ိဳ႕ေသာ အဆင့္ေတြမွာေတာ့ သူက အသင္းနဲ႔ ပါဝင္ခြင့္ရေနတယ္ ” လို႔ ေျပာပါတယ္။
မန္ခ်က္စတာယူနိုက္တက္ရဲ့ ခံစစ္ကစားသမား တစ္ဦးျဖစ္ခဲ့တဲ့ နဗီးက “ လြန္ခဲ့တဲ့ ေျခာက္လ ေလာက္ကတည္းက ဆိုးရွားက ဖာနန္ဒက္နဲ႔ ေပါ့ဘာကို အသင္းမွာ အတူတကြ ရရွိေနတာပါ။ သူတို႔မွာ ကစားဖို႔ ေနရာေတြ ရွိေနေပမဲ့ သူတို႔က ဘယ္ေနရာေတြမွာ အတူကစားမလဲဆိုတာကို ကြ်န္ေတာ္ စဥ္းစားလို႔မရဘဲ ျဖစ္ေန တယ္။ တကယ္လို႔ သူတို႔ႏွစ္ေယာက္ေပါင္းၿပီး ကစားလို႔ အသင္းရဲ့ ရလဒ္ကမတိုးတက္ဘူးဆိုရင္ ဒီကာလက ေစာပါေသးတယ္။ ဖာနန္ဒက္က ဖလက္နဲ႔ တြမ္မီေနးတို႔နဲ႔ ေပါင္းစပ္ကစားရင္ သူတို႔ေတြမွာ ရႈံးပြဲမရွိတာကို ေတြ႕ရ တယ္။ ဒါကို ဆိုးရွားက ျမင္ခဲ့မယ္လို႔ ကြ်န္ေတာ္ ထင္ပါတယ္။ သူတို႔ သုံးေယာက္တြဲၿပီး အတူကစားနိုင္မယ္လို႔ ကြ်န္ေတာ္သိပါတယ္။ ကြင္းလယ္မွာ ဘယ္၊ ညာေတာင္ပံနဲ႔ ကြင္းလယ္ဗဟိုဆိုၿပီး သုံးေယာက္တြဲကစားတယ္။ စပါးလ္ကို ၁-၆ နဲ႔ရႈံးတယ္။ ခရစၥတယ္ပဲေလ့ကို ရႈံးတယ္။ ဘရိုင္တန္ကို ကံေကာင္းစြာနဲ႔ နိုင္ခဲ့တယ္။ ကြ်န္ေတာ္တို႔ေတြက ကစားကြက္ကို အထိုင္ခ်နိုင္ဖို႔ လိုေနၿပီဆိုတာကို သူေတြးသင့္ပါတယ္။ သူကေတာ့ ကြင္းလယ္သုံးေယာက္တြဲကို ျပဳလုပ္နိုင္သြားမွာပါ ” လို႔ ေျပာပါတယ္။