ဖိအားများနေတဲ့ ရီးရဲလ်နဲ့ တွေ့ဆုံရမဲ့ ဘာစီလိုနာ အနိုင်ရလဒ်ဖြစ်ဖို့ ခက်ခဲစေလိမ့်မယ်

0
152

 

စပိန်လာလီဂါ ပွဲစဉ် ၆ အဖြစ် ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ဘာစီလိုနာရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၄-၁၀-၂၀၂၀ ရက် စနေနေ့ည ၈း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းက လာလီဂါ ၄ ပွဲကစားအပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရှိနေပြီး ရီးရဲလ်မက်ဒရစ်က ၅ ပွဲကစားအပြီး ရမှတ် ၁၀ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရီးရဲလ်မက်ဒရစ် ၂ – ၀ ဘာစီလိုနာ(လာလီဂါ)

ဘာစီလိုနာ ၀ – ၀ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၀ – ၁ ဘာစီလိုနာ(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၀ – ၃ ဘာစီလိုနာ(ကိုပါဒယ်လ်ရေး)

ဘာစီလိုနာ ၁ – ၁ ရီးရဲလ်မက်ဒရစ်(ကိုပါဒယ်လ်ရေး)

ဘာစီလိုနာ ၅ – ၁ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး ဘာစီလိုနာအသင်းက လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ရီးရဲလ်မက်ဒရစ်အသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ဘာစီလိုနာအသင်းက လာလီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ၃၃ ပွဲကစားအပြီး ၃၂ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ရီးရဲလ်မက်ဒရစ်က လာလီဂါ အဝေးကွင်းပွဲ နောက်ဆုံး ရှစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်က လာလီဂါ နောက်ဆုံးသုံးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ နောက်ဆုံးကစားထားတဲ့ လာလီဂါ တစ်ပွဲနဲ့ ချန်ပီယံလိဂ်တစ်ပွဲ ရှုံးထားလို့ တတိယမြောက် ရှုံးပွဲမဖြစ်အောင် အဝေးကွင်းမှာ အကောင်းဆုံးရင်ဆိုင်သွားနိုင်ပါတယ်။

ဘာစီလိုနာအသင်းမှာ တာစတီဂျန်နဲ့ အမ်တီတီတို့က ဒဏ်ရာရနေပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ဟာဇက်၊ ကာဗာဂျယ်နဲ့ အိုဒီဂက်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘာစီလိုနာက အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀% နဲ့ ရီးရဲလ်မက်ဒရစ် အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

