ဘိုင်ယန်မြူးနစ်က အနိုင်ရလဒ်အတွက် အသေချာဆုံးပါပဲ

0
231

 

ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၅ အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖရန့်ဖက်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၄-၁၀-၂၀၂၀ ရက် စနေနေ့ည ၈း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါ ၄ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ဖရန့်ဖက်အသင်းက ရမှတ် ၈ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဘိုင်ယန်မြူးနစ် ၂ – ၁ ဖရန့်ဖက်(ပိုကယ်လ်ဖလား)

ဘိုင်ယန်မြူးနစ် ၅ – ၂ ဖရန့်ဖက်(ဘွန်ဒက်စ်လီဂါ)

ဖရန့်ဖက် ၅ – ၁ ဘိုင်ယန်မြူးနစ်(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ် ၅ – ၁ ဖရန့်ဖက်(ဘွန်ဒက်စ်လီဂါ)

ဖရန့်ဖက် ၀ – ၃ ဘိုင်ယန်မြူးနစ်(ဘွန်ဒက်စ်လီဂါ)

ဖရန့်ဖက် ၀ – ၅ ဘိုင်ယန်မြူးနစ်(ဂျာမန်စူပါဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီး ဘိုင်ယန်မြူးနစ်က လေးပွဲနိုင် တစ်ပွဲရှုံးထားပြီး ဖရန့်ဖက် အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၁၇ ပွဲကစားအပြီး ၁၆ ပွဲအနိုင်ရထားပါတယ်။ ဘိုင်ယန်မြူးနစ်က ဖရန့်ဖက်နဲ့ အိမ်ကွင်းမှာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၃ ပွဲ ကစားအပြီး ၁၂ ပွဲအနိုင်ရထားပါ တယ်။ ဘိုင်ယန်မြူးနစ်က ဖရန့်ဖက်နဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၃ ပွဲ ကစားအပြီး ၁၁ ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဖရန့်ဖက်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ရှစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထား ပါတယ်။ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲနောက်ဆုံး ခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုး အထက် သွင်းယူထားနိုင်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ နီအမ်ဇူးက ဒဏ်ရာရနေပြီး တိုလစ်ဆိုက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဖရန့်ဖက်အသင်းမှာ အာချီက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘိုင်ယန်မြူးနစ်က အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေပြီး သွင်းဂိုး ၂-၁ လောက်နဲ့ အနိုင်ယူသွားနိုင်ပါတယ်။

Zawgyi

ဘိုင္ယန္ျမဴးနစ္က အနိုင္ရလဒ္အတြက္ အေသခ်ာဆုံးပါပဲ

ဘြန္ဒက္စ္လီဂါ ပြဲစဥ္ ၅ အျဖစ္ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ဖရန႔္ဖက္အသင္းတို႔ဟာ ဘိုင္ယန္ျမဴးနစ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၄-၁၀-၂၀၂၀ ရက္ စေနေန႔ည ၈း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္က ဘြန္ဒက္စ္လီဂါ ၄ ပြဲကစားအၿပီး ရမွတ္ ၉ မွတ္နဲ႔ အဆင့္ ၂ ေနရာမွာ ရွိေနၿပီး ဖရန႔္ဖက္အသင္းက ရမွတ္ ၈ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ဘိုင္ယန္ျမဴးနစ္ ၂ – ၁ ဖရန႔္ဖက္(ပိုကယ္လ္ဖလား)
ဘိုင္ယန္ျမဴးနစ္ ၅ – ၂ ဖရန႔္ဖက္(ဘြန္ဒက္စ္လီဂါ)
ဖရန႔္ဖက္ ၅ – ၁ ဘိုင္ယန္ျမဴးနစ္(ဘြန္ဒက္စ္လီဂါ)
ဘိုင္ယန္ျမဴးနစ္ ၅ – ၁ ဖရန႔္ဖက္(ဘြန္ဒက္စ္လီဂါ)
ဖရန႔္ဖက္ ၀ – ၃ ဘိုင္ယန္ျမဴးနစ္(ဘြန္ဒက္စ္လီဂါ)
ဖရန႔္ဖက္ ၀ – ၅ ဘိုင္ယန္ျမဴးနစ္(ဂ်ာမန္စူပါဖလား)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲကစားအၿပီး ဘိုင္ယန္ျမဴးနစ္က ေလးပြဲနိုင္ တစ္ပြဲရႈံးထားၿပီး ဖရန႔္ဖက္ အသင္းက ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး သုံးပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းက ဘြန္ဒက္စ္လီဂါ ေနာက္ဆုံး ၁၇ ပြဲကစားအၿပီး ၁၆ ပြဲအနိုင္ရထားပါတယ္။ ဘိုင္ယန္ျမဴးနစ္က ဖရန႔္ဖက္နဲ႔ အိမ္ကြင္းမွာ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၁၃ ပြဲ ကစားအၿပီး ၁၂ ပြဲအနိုင္ရထားပါ တယ္။ ဘိုင္ယန္ျမဴးနစ္က ဖရန႔္ဖက္နဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၁၃ ပြဲ ကစားအၿပီး ၁၁ ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ ဖရန႔္ဖက္အသင္းက ဘြန္ဒက္စ္လီဂါ ေနာက္ဆုံး ရွစ္ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထား ပါတယ္။ ဘိုင္ယန္ျမဴးနစ္က ဘြန္ဒက္စ္လီဂါ အိမ္ကြင္းပြဲေနာက္ဆုံး ေျခာက္ပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုး အထက္ သြင္းယူထားနိုင္ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းမွာ နီအမ္ဇူးက ဒဏ္ရာရေနၿပီး တိုလစ္ဆိုက ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ ဖရန႔္ဖက္အသင္းမွာ အာခ်ီက ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဘိုင္ယန္ျမဴးနစ္က အနိုင္ရဖို႔ ရာႏႈန္းျပည့္ ရွိေနၿပီး သြင္းဂိုး ၂-၁ ေလာက္နဲ႔ အနိုင္ယူသြားနိုင္ပါတယ္။