မာဆေးကွင်းမှား မန်းစီးတီးအသင်းက တစ်ဂိုးအသာလောက်နဲ့ပဲ အနိုင်ယူသွားနိုင်တယ်

0
231

Sbotop

ချန်ပီယံလိဂ် အုပ်စု(C) ရဲ့ အုပ်စုပွဲစဉ် ၂ အဖြစ် မာဆေးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ မာဆေးရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၈-၁၀-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မာဆေးအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ အိုလံပီယာကော့ကွင်းမှာ ၁-၀ နဲ့ ရှုံးထားပြီး မန်စီးတီးပက အိမ်ကွင်းမှာ ပေါ်တိုအသင်းကို ၃-၀ နဲ့ အနိုင်ရထားပြီး ရမှတ် ၃ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားပါတယ်။

မာဆေးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မာဆေးအသင်းက နှစ်ပွဲနိုင် သုံးပွဲသရေနဲ့ တစ်ပွဲရှုံး ထားပြီး မန်စီးတီးအသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ မန်စီးတီးအသင်းက ချန်ပီယံလိဂ် နောက်ဆုံး ၂၅ ပွဲကစားအပြီး ၂၁ ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။ မာဆေး အသင်းက ချန်ပီယံလိဂ် နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲတွေ့ထားပြီး မန်စီးတီးက ချန်ပီယံလိဂ် နောက်ဆုံး ၁၁ ပွဲ ကစားအပြီး ၁၀ ပွဲရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

မာဆေးအသင်းမှာ ဒဏ်ရာရကစားသမား မရှိပေမဲ့ မန်စီးတီးအသင်းမှာ ဂျီးဆပ်၊ မန်ဒီ၊ ဖာနန်ဒင်ဟို၊ အဂူရိုနဲ့ အေကီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို လာပေါ်တီကလည်း ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မာဆေးအသင်းက အနိုင်ရဖို့ ရာခိုင်နှုန်းနည်းပါးနေပြီး မန်စီးတီးက အနိုင်ရဖို့ ၆၅% ရှိနေပါတယ်။

Zawgyi

