မော်ရင်ဟိုထက် ဘယ်သူပိုကောင်းတယ်ဆိုတာ ပြောလိုက်တဲ့ ဂျူလီယိုဆီဇာ

0
429

Sbotop

နာမည်ကျော်နည်းပြတစ်ဦးဖြစ်တဲ့ မော်ရင်ဟိုက သူ့တပည့်ဟောင်း ဂျူလီယိုဆီဇာက ဘယ်လောက်အထိ တော်တဲ့အကြောင်း ချီးကျူးထားပေမဲ့ ဆီဇာကတော့ မော်ရင်ဟိုထက်ပိုကောင်းတဲ့ နည်းပြတစ်ဦးနာမည်ကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဆီဇာက မော်ရင်ဟိုထက်စာရင် ဝါရင့်နည်းပြဟောင်း ဂျီးဆပ်ရဲ့ နည်းစနစ် ပိုင်း ထက်မြက်မှုတွေကို ပိုပြီး သဘောကျသွားခဲ့တာဖြစ်ပါတယ်။

ဂျူလီယိုဆီဇာဟာ ၂၀ဝ၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ဘရာဇီးလက် ရွေးစင်အသင်းအတွက် ၈၇ ပွဲအထိ ကစားပေးခဲ့ပြီး အင်တာမီလန်အသင်းမှာလည်း ၇ နှစ်ကြာ ကျင်လည်ခဲ့သ လို ၂၀ဝ၉-၁၀ ဘောလုံးရာသီမှာ မော်ရင်ဟို အင်တာအသင်းနဲ့အတူ ဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ အချိန်မှာ အဓိ က ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့သူဖြစ်ပါတယ်။

ဂျူလီယိုဆီဇာက “ သူ့ရဲ့ အလုပ်လုပ်ပုံကို ကျွန်တော် အရမ်းသဘောကျပါတယ်။ သူက တကယ့်ကို ထူးခြား ဆန်းကျယ်တဲ့ နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ တခြားနည်းပြတွေကို ကျွန်တော် နှိမ်ချချင်တဲ့စိတ်နဲ့ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော့် ကစားသမားဘဝမှာတော့ မော်ရင်ဟိုက တကယ့်ကိုမြင့်မားတဲ့ နည်းပြတစ်ယောက် ပါ။ အင်တာမီလန်အသင်းမှာဆိုရင် သူ့အနေနဲ့ အရမ်းကို အောင်မြင်မှုရခဲ့တယ်။ ဒါပေမဲ့ မော်ရင်ဟိုနဲ့ ဂျီးဆပ် ကြားမှာဆိုရင်တော့ ဂျီးဆပ်ကို ကျွန်တော်က ပိုပြီး သဘောကျပါတယ်။ နည်းစနစ်ပိုင်းမှာ သူက အရမ်းကို တော်လွန်းပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

(zawgyi)

Sbotop

ေမာ္ရင္ဟိုထက္ ဘယ္သူပိုေကာင္းတယ္ဆိုတာ ေျပာလိုက္တဲ့ ဂ်ဴလီယိုဆီဇာ

နာမည္ေက်ာ္နည္းျပတစ္ဦးျဖစ္တဲ့ ေမာ္ရင္ဟိုက သူ႕တပည့္ေဟာင္း ဂ်ဴလီယိုဆီဇာက ဘယ္ေလာက္အထိ ေတာ္တဲ့အေၾကာင္း ခ်ီးက်ဴးထားေပမဲ့ ဆီဇာကေတာ့ ေမာ္ရင္ဟိုထက္ပိုေကာင္းတဲ့ နည္းျပတစ္ဦးနာမည္ကို ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ဆီဇာက ေမာ္ရင္ဟိုထက္စာရင္ ၀ါရင့္နည္းျပေဟာင္း ဂ်ီးဆပ္ရဲ႕ နည္းစနစ္ ပိုင္း ထက္ျမက္မႈေတြကို ပိုၿပီး သေဘာက်သြားခဲ့တာျဖစ္ပါတယ္။

ဂ်ဴလီယိုဆီဇာဟာ ၂၀၀၄ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အတြင္း ဘရာဇီးလက္ ေရြးစင္အသင္းအတြက္ ၈၇ ပြဲအထိ ကစားေပးခဲ့ၿပီး အင္တာမီလန္အသင္းမွာလည္း ၇ ႏွစ္ၾကာ က်င္လည္ခဲ့သ လို ၂၀၀၉-၁၀ ေဘာလုံးရာသီမွာ ေမာ္ရင္ဟို အင္တာအသင္းနဲ႔အတူ ဖလား ၃ လုံး ရယူႏုိင္ခဲ့တဲ့ အခ်ိန္မွာ အဓိ က ကစားသမားအျဖစ္ ပါ၀င္ႏုိင္ခဲ့သူျဖစ္ပါတယ္။

ဂ်ဴလီယိုဆီဇာက “ သူ႕ရဲ႕ အလုပ္လုပ္ပုံကို ကၽြန္ေတာ္ အရမ္းသေဘာက်ပါတယ္။ သူက တကယ့္ကို ထူးျခား ဆန္းက်ယ္တဲ့ နည္းျပတစ္ေယာက္ပါ။ ဒါေပမဲ့ တျခားနည္းျပေတြကို ကၽြန္ေတာ္ ႏွိမ္ခ်ခ်င္တဲ့စိတ္နဲ႔ ေျပာတာ မဟုတ္ပါဘူး။ ကၽြန္ေတာ့္ ကစားသမားဘ၀မွာေတာ့ ေမာ္ရင္ဟိုက တကယ့္ကိုျမင့္မားတဲ့ နည္းျပတစ္ေယာက္ ပါ။ အင္တာမီလန္အသင္းမွာဆိုရင္ သူ႕အေနနဲ႔ အရမ္းကို ေအာင္ျမင္မႈရခဲ့တယ္။ ဒါေပမဲ့ ေမာ္ရင္ဟိုနဲ႔ ဂ်ီးဆပ္ ၾကားမွာဆိုရင္ေတာ့ ဂ်ီးဆပ္ကို ကၽြန္ေတာ္က ပိုၿပီး သေဘာက်ပါတယ္။ နည္းစနစ္ပိုင္းမွာ သူက အရမ္းကို ေတာ္လြန္းပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။