လိုက်ပ်ဇစ်နဲ့တွေ့ဆုံရမဲ့ အိမ်ရှင် မန်ချက်စတာယူနိုက်တက် သရေလောက်ပဲ ဖြစ်လာနိုင်တယ်

0
402

 

Sbotop          ချန်ပီယံလိဂ် အုပ်စု(H) ရဲ့ အုပ်စုပွဲစဉ် ၂ အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိုက်ပ်ဇစ်အသင်း တို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၉-၁၀-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က အုပ်စုအဖွင့်ပွဲမှာ ပီအက်စ်ဂျီအသင်းကို ၁-၂ နဲ့ အနိုင်ရထားသလို လိုက်ပ်ဇစ်အသင်းကလည်း အစ်တန်ဘောအသင်းကို ၂-၀ နဲ့ အနိုင်ရထားပြီး ဂိုးကွာခြားချက်အရ အုပ်စုကို ဦးဆောင်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ လိုက်ပ်ဇစ်အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးတွေ့ဆုံတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး မန်ချက်စတာယူနိုက်တက်က လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး လိုက်ပ်ဇစ်အသင်းက ငါးပွဲနိုင် တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီကို အနိုင်ရခဲ့ပေမဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ ချဲလ်ဆီးအသင်းနဲ့ ဂိုးမရှိ သရေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ခြေစွမ်းပိုင်းဟာ တည်ငြိမ်ခြင်း မရှိဘဲ ဖြစ်နေတဲ့ အသင်းဖြစ်နေပြီး လိုက်ပ်ဇစ်အသင်းကတော့ ဒီနှစ် ဘောလုံးရာသီ စတင်ကတည်းက ပုံမှန်ခြေစွမ်းနဲ့ ကစားနေတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဘိုင်လီနဲ့ လင်းဂတ်တို့က ဒဏ်ရာရနေပြီး ဖီးလ်ဂျုံး၊ ရိုဂျိုးနဲ့ ရိုမီယိုတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။ လိုက်ပ်ဇစ်အသင်းမှာ ကလိုစတီမန်၊ လန်နာနဲ့ မူကီလီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ လိုက်ပ်ဇစ်အသင်း အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

လိုက္ပ္ဇစ္နဲ႔ေတြ႕ဆုံရမဲ့ အိမ္ရွင္ မန္ခ်က္စတာယူနိုက္တက္ သေရေလာက္ပဲ ျဖစ္လာနိုင္တယ္

ခ်န္ပီယံလိဂ္ အုပ္စု(H) ရဲ့ အုပ္စုပြဲစဥ္ ၂ အျဖစ္ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ လိုက္ပ္ဇစ္အသင္း တို႔ဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၉-၁၀-၂၀၂၀ ရက္ ၾကာသပေတးေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က အုပ္စုအဖြင့္ပြဲမွာ ပီအက္စ္ဂ်ီအသင္းကို ၁-၂ နဲ႔ အနိုင္ရထားသလို လိုက္ပ္ဇစ္အသင္းကလည္း အစ္တန္ေဘာအသင္းကို ၂-၀ နဲ႔ အနိုင္ရထားၿပီး ဂိုးကြာျခားခ်က္အရ အုပ္စုကို ဦးေဆာင္ထားပါတယ္။
မန္ခ်က္စတာယူနိုက္တက္နဲ႔ လိုက္ပ္ဇစ္အသင္းတို႔ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပထမဆုံးေတြ႕ဆုံတဲ့ ပြဲတစ္ပြဲ ျဖစ္ပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး မန္ခ်က္စတာယူနိုက္တက္က ေလးပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး လိုက္ပ္ဇစ္အသင္းက ငါးပြဲနိုင္ တစ္ပြဲသေရနဲ႔ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ပြဲမွာ ပီအက္စ္ဂ်ီကို အနိုင္ရခဲ့ေပမဲ့ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲမွာ ခ်ဲလ္ဆီးအသင္းနဲ႔ ဂိုးမရွိ သေရျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ရဲ့ ေျခစြမ္းပိုင္းဟာ တည္ၿငိမ္ျခင္း မရွိဘဲ ျဖစ္ေနတဲ့ အသင္းျဖစ္ေနၿပီး လိုက္ပ္ဇစ္အသင္းကေတာ့ ဒီႏွစ္ ေဘာလုံးရာသီ စတင္ကတည္းက ပုံမွန္ေျခစြမ္းနဲ႔ ကစားေနတဲ့ အသင္းတစ္သင္း ျဖစ္ေနပါတယ္။
မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ဘိုင္လီနဲ႔ လင္းဂတ္တို႔က ဒဏ္ရာရေနၿပီး ဖီးလ္ဂ်ဳံး၊ ရိုဂ်ိဳးနဲ႔ ရိုမီယိုတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။ လိုက္ပ္ဇစ္အသင္းမွာ ကလိုစတီမန္၊ လန္နာနဲ႔ မူကီလီတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က မန္ခ်က္စတာယူနိုက္တက္က အနိုင္ရဖို႔ ၅၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀% နဲ႔ လိုက္ပ္ဇစ္အသင္း အနိုင္ရဖို႔ ၃၀% ရွိေနပါတယ္။