လိုင်ယွန်အတွက် ဂိုးသွင်းယူပြီး ဟော်လန်အသင်းဖော်ဖြစ်သူ ဗန်ဒိုက် ဒဏ်ရာသက်သာဖို့ ဆုတောင်းစကား ရေးသားထားတဲ့စာသားကို ထုတ်ဖော်ပြသလိုက်တဲ့ ဒီပေး

0
129

 

လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ ဒီပေးက တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မိုနာကိုအသင်းနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် ဒဏ်ရာရနေတဲ့ ဟော်လန်အသင်းဖော်ဖြစ်တဲ့ လီဗာပူးလ်ခံစစ်ကစားသမား ဗန်ဒိုက်ကို ဒဏ်ရာကနေ အမြန်ဆုံးသက်သာပျောက်ကင်းဖို့ ဆုတောင်းစာ ရေးသားထားတဲ့ အင်္ကျီကို ဝတ်ဆင်ပြီး ပြသ အောင်ပွဲခံခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အဓိကခံစစ်ကစားသမား ဗန်ဒိုက်ဟာ အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်နဲ့ထိခိုက်မိပြီး ဒူးအရွတ်စုတ်ခဲ့လို့ တစ်ရာသီလောက် အနားယူသွားဖို့ ရှိနေပါတယ်။

လိုင်ယွန်တိုက်စစ်မှူး ဖြစ်တဲ့ ဒီပေးဟာ မိုနာကိုနဲ့ ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်း ၁၂ မိနစ်မှာ လိုင်ယွန် အတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပါတယ်။ ဂိုးသွင်းယူပြီးနောက်မှာ ၎င်းက “ ငါ့အစ်ကို ဗန်ဒိုက် ကျန်းမာစွာနဲ့ နေထိုင်နိုင်ပါစေ ” ဆိုတဲ့ စာသားရေးထားတဲ့ အင်္ကျီကို ပြသအောင်ပွဲခံခဲ့ပြီး ဗန်ဒိုက်အတွက် အမှတ်တရ ဆုတောင်းပေးနေကြောင်း ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒီပေးဟာ ယခုနှစ် ဘောလုံးရာသီအတွက် လိုင်ယွန်အတွက် ရှစ်ပွဲပါဝင်ကစားခဲ့ပြီး ငါးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒူးဒဏ်ရာကြောင့် ဗန်ဒိုက်က နောက်နှစ်နွေရာသီမှာ ကစားရမဲ့ ဟော်လန်အသင်းရဲ့ ယူ-၂၀၂၀ ပွဲစဉ်တွေနဲ့လွဲချော်သွားနိုင်ဖွယ် ရှိနေပေမဲ့ ဒီပေးကတော့ ဟော်လန်အသင်းရဲ့ အဓိကအစိတ်အပိုင်းမှာ ပါဝင်နေတဲ့ ကစားသမား တစ်ဦးဖြစ်နေပါတယ်။

Zawgyi

လိုင္ယြန္အတြက္ ဂိုးသြင္းယူၿပီး ေဟာ္လန္အသင္းေဖာ္ျဖစ္သူ ဗန္ဒိုက္ ဒဏ္ရာသက္သာဖို႔ ဆုေတာင္းစကား ေရးသားထားတဲ့စာသားကို ထုတ္ေဖာ္ျပသလိုက္တဲ့ ဒီေပး

လိုင္ယြန္အသင္းရဲ့ တိုက္စစ္မႉး ျဖစ္တဲ့ ဒီေပးက တနဂၤေႏြေန႔က ကစားခဲ့တဲ့ မိုနာကိုအသင္းနဲ႔ပြဲမွာ ဂိုးသြင္းယူခဲ့ၿပီးေနာက္ ဒဏ္ရာရေနတဲ့ ေဟာ္လန္အသင္းေဖာ္ျဖစ္တဲ့ လီဗာပူးလ္ခံစစ္ကစားသမား ဗန္ဒိုက္ကို ဒဏ္ရာကေန အျမန္ဆုံးသက္သာေပ်ာက္ကင္းဖို႔ ဆုေတာင္းစာ ေရးသားထားတဲ့ အကၤ်ီကို ဝတ္ဆင္ၿပီး ျပသ ေအာင္ပြဲခံခဲ့ပါတယ္။
လီဗာပူးလ္အသင္းရဲ့ အဓိကခံစစ္ကစားသမား ဗန္ဒိုက္ဟာ အဲဗာတန္အသင္းနဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္နဲ႔ထိခိုက္မိၿပီး ဒူးအရြတ္စုတ္ခဲ့လို႔ တစ္ရာသီေလာက္ အနားယူသြားဖို႔ ရွိေနပါတယ္။
လိုင္ယြန္တိုက္စစ္မႉး ျဖစ္တဲ့ ဒီေပးဟာ မိုနာကိုနဲ႔ ကစားခဲ့တဲ့ပြဲမွာ ပထမပိုင္း ၁၂ မိနစ္မွာ လိုင္ယြန္ အတြက္ ဦးေဆာင္ဂိုး စတင္သြင္းယူခဲ့ပါတယ္။ ဂိုးသြင္းယူၿပီးေနာက္မွာ ၎က “ ငါ့အစ္ကို ဗန္ဒိုက္ က်န္းမာစြာနဲ႔ ေနထိုင္နိုင္ပါေစ ” ဆိုတဲ့ စာသားေရးထားတဲ့ အကၤ်ီကို ျပသေအာင္ပြဲခံခဲ့ၿပီး ဗန္ဒိုက္အတြက္ အမွတ္တရ ဆုေတာင္းေပးေနေၾကာင္း ျပသခဲ့ျခင္း ျဖစ္ပါတယ္။ ဒီေပးဟာ ယခုႏွစ္ ေဘာလုံးရာသီအတြက္ လိုင္ယြန္အတြက္ ရွစ္ပြဲပါဝင္ကစားခဲ့ၿပီး ငါးဂိုး သြင္းယူနိုင္ခဲ့ပါတယ္။
ဒူးဒဏ္ရာေၾကာင့္ ဗန္ဒိုက္က ေနာက္ႏွစ္ေႏြရာသီမွာ ကစားရမဲ့ ေဟာ္လန္အသင္းရဲ့ ယူ-၂၀၂၀ ပြဲစဥ္ေတြနဲ႔လြဲေခ်ာ္သြားနိုင္ဖြယ္ ရွိေနေပမဲ့ ဒီေပးကေတာ့ ေဟာ္လန္အသင္းရဲ့ အဓိကအစိတ္အပိုင္းမွာ ပါဝင္ေနတဲ့ ကစားသမား တစ္ဦးျဖစ္ေနပါတယ္။