ဟာရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး ဖြတ်တင်ပေးပို့သူထဲက တစ်ဦးဖြစ်ကြောင်း ကာရေဂါ ချီးကျူးပြောဆို

0
187

 

စပါးလ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံးဖြတ်တင်ပေးပို့သူတွေထဲက အကောင်းဆုံးကစားသမား တစ်ဦးဖြစ်တယ်လို့ ကာရေဂါက ချီးကျူးစကားဆိုလိုက်ပါတယ်။ ဟာရီကိန်းဟာ စပါးလ်နဲ့ ဝက်ဟမ်းအသင်းကစားခဲ့တဲ့ပွဲမှာ အဖွင့်ဂိုးကို ဆွန်ဟောင်မင် သွင်းယူနိုင်အောင် ဖြတ်တင်ပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ၁၆ မိနစ်အတွင်းမှာ ဦးဆောင်ဂိုး သုံးဂိုး စပါးလ်အသင်းက သွင်းယူနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ချေပဂိုး သုံးဂိုးပြန်ပေးလိုက်ရလို့ အိမ်ကွင်းမှာ ၃-၃ ရလဒ်နဲ့ ရမှတ်ခွဲယူလိုက်ရပါတယ်။

114

ပွဲအပြီးမှာ ကာရေဂါက “ ဟာရီကိန်းက ကမ္ဘာဘောလုံးလောကထဲက အကောင်းဆုံးဖြတ်ပေးပို့သူ တစ်ဦးဖြစ်တယ်လို့ ကွျန်တော် တွေးမိပါတယ်။ ပြီးခဲ့တဲ့ပွဲအနည်းငယ်က သူ့ရဲ့ ဖန်တီးမှုတွေကို ကွျန်တော် ပြောချင်တာ မဟုတ်ပါဘူး။ သူ့ဆီကို ဘောလုံးရောက်လာတဲ့ အချိန်မှာ သူက ဘယ်နေရာမှာ သူ့ရဲ့ အသင်းဖော်တွေ ရှိတယ်ဆိုကို အံ့ဩစရာ ဖြစ်အောင် လုပ်ပေးနိုင်တယ် ” လို့ ဆိုပါတယ်။

ဒါ့အပြင် Sky Sports ရဲ့ ဝေဖန်ရေးပြောဆိုသူ တစ်ဦးဖြစ်တဲ့ ဆူးနက်က “ သူက တိုက်စစ်ဗဟိုမှာ ကစားနေသူ ဖြစ်ပေမဲ့ ဘယ်နေရာမှာ ကစားတဲ့ ကစားသမားလဲဆိုတာ ကွျန်တော် မသိနိုင်ဘဲ ဖြစ်နေတယ်။ သူက ဆွန်ဟောင်မင် အတိအကျကို အဆုံးသတ်စေနိုင်ခဲ့တယ်။ ဒါက အားရကျေနပ်စရာ ဖြစ်စေပါတယ် ” လို့ ပြောပါတယ်။

ဝက်ဟမ်းအသင်း မန်နေဂျာ မိုယက်စ်က “ ဒီနေ့မှာ ကိန်းပြုလုပ်သွားတာတွေက မယုံကြည်နိုင်လောက် အောင် အရမ်းကောင်းပါတယ်။ သူက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်တယ် ” လို့ ဆိုပါတယ်။ စပါးလ်အသင်းဟာ ငါးပွဲကစားအပြီး ရမှတ် ၈ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ဝက်ဟမ်း အသင်းက ရမှတ် ၇ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိနေပါတယ်။

Zawgyi

ဟာရီကိန္းဟာ ကမၻာ့အေကာင္းဆုံး ျဖတ္တင္ေပးပို႔သူထဲက တစ္ဦးျဖစ္ေၾကာင္း ကာေရဂါ ခ်ီးက်ဴးေျပာဆို

စပါးလ္အသင္းရဲ့ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းဟာ ကမၻာ့အေကာင္းဆုံးျဖတ္တင္ေပးပို႔သူေတြထဲက အေကာင္းဆုံးကစားသမား တစ္ဦးျဖစ္တယ္လို႔ ကာေရဂါက ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။ ဟာရီကိန္းဟာ စပါးလ္နဲ႔ ဝက္ဟမ္းအသင္းကစားခဲ့တဲ့ပြဲမွာ အဖြင့္ဂိုးကို ဆြန္ေဟာင္မင္ သြင္းယူနိုင္ေအာင္ ျဖတ္တင္ေပးခဲ့သူ တစ္ဦးျဖစ္ပါတယ္။ ဒါ့အျပင္ ၁၆ မိနစ္အတြင္းမွာ ဦးေဆာင္ဂိုး သုံးဂိုး စပါးလ္အသင္းက သြင္းယူနိုင္ခဲ့ေပမဲ့ ဒုတိယပိုင္းမွာ ေခ်ပဂိုး သုံးဂိုးျပန္ေပးလိုက္ရလို႔ အိမ္ကြင္းမွာ ၃-၃ ရလဒ္နဲ႔ ရမွတ္ခြဲယူလိုက္ရပါတယ္။
ပြဲအၿပီးမွာ ကာေရဂါက “ ဟာရီကိန္းက ကမၻာေဘာလုံးေလာကထဲက အေကာင္းဆုံးျဖတ္ေပးပို႔သူ တစ္ဦးျဖစ္တယ္လို႔ ကြ်န္ေတာ္ ေတြးမိပါတယ္။ ၿပီးခဲ့တဲ့ပြဲအနည္းငယ္က သူ႔ရဲ့ ဖန္တီးမႈေတြကို ကြ်န္ေတာ္ ေျပာခ်င္တာ မဟုတ္ပါဘူး။ သူ႔ဆီကို ေဘာလုံးေရာက္လာတဲ့ အခ်ိန္မွာ သူက ဘယ္ေနရာမွာ သူ႔ရဲ့ အသင္းေဖာ္ေတြ ရွိတယ္ဆိုကို အံ့ဩစရာ ျဖစ္ေအာင္ လုပ္ေပးနိုင္တယ္ ” လို႔ ဆိုပါတယ္။
ဒါ့အျပင္ Sky Sports ရဲ့ ေဝဖန္ေရးေျပာဆိုသူ တစ္ဦးျဖစ္တဲ့ ဆူးနက္က “ သူက တိုက္စစ္ဗဟိုမွာ ကစားေနသူ ျဖစ္ေပမဲ့ ဘယ္ေနရာမွာ ကစားတဲ့ ကစားသမားလဲဆိုတာ ကြ်န္ေတာ္ မသိနိုင္ဘဲ ျဖစ္ေနတယ္။ သူက ဆြန္ေဟာင္မင္ အတိအက်ကို အဆုံးသတ္ေစနိုင္ခဲ့တယ္။ ဒါက အားရေက်နပ္စရာ ျဖစ္ေစပါတယ္ ” လို႔ ေျပာပါတယ္။
ဝက္ဟမ္းအသင္း မန္ေနဂ်ာ မိုယက္စ္က “ ဒီေန႔မွာ ကိန္းျပဳလုပ္သြားတာေတြက မယုံၾကည္နိုင္ေလာက္ ေအာင္ အရမ္းေကာင္းပါတယ္။ သူက ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ့ ကစားသမားတစ္ဦး ျဖစ္တယ္ ” လို႔ ဆိုပါတယ္။ စပါးလ္အသင္းဟာ ငါးပြဲကစားအၿပီး ရမွတ္ ၈ မွတ္နဲ႔ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနၿပီး ဝက္ဟမ္း အသင္းက ရမွတ္ ၇ မွတ္နဲ႔ အဆင့္ ၈ ေနရာမွာ ရွိေနပါတယ္။