အိမ်ကွင်းမှာ လိုက်ပ်ဇစ်က နှစ်ဂိုးပြတ်လောက် သွင်းယူသွားနိုင်တယ်

0
137

 

ဘွန်ဒက်စ်လီဂါပွဲစဉ် ၃ အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ရှော်ကေးအသင်းတို့ဟာ လိုက်ပ်ဇစ်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၃-၁၀-၂၀၂၀ ရက် စနေနေ့ည ၁၁း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းက ဘွန်ဒက်စ်လီဂါ နှစ်ပွဲကစားအပြီး တစ်ပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပြီး ရှော်ကေးအသင်းက နှစ်ပွဲဆက် ရှုံးပွဲ တွေ့ထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရှော်ကေး ၀ – ၅ လိုက်ပ်ဇစ်(ဘွန်ဒက်စ်လီဂါ)

လိုက်ပ်ဇစ် ၁ – ၃ ရှော်ကေး(ဘွန်ဒက်စ်လီဂါ)

ရှော်ကေး ၀ – ၁ လိုက်ပ်ဇစ်(ဘွန်ဒက်စ်လီဂါ)

လိုက်ပ်ဇစ် ၀ – ၀ ရှော်ကေး(ဘွန်ဒက်စ်လီဂါ)

လိုက်ပ်ဇစ် ၃ – ၁ ရှော်ကေး(ဘွန်ဒက်စ်လီဂါ)

ရှော်ကေး ၂ – ၀ လိုက်ပ်ဇစ်(ဘွန်ဒက်စ်လီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲ ကစားအပြီး လိုက်ပ်ဇစ်အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပြီး ရှော်ကေးအသင်းက နှစ်ပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ ရှော်ကေးအသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၁၁ ပွဲ ကစား အပြီး ကိုးပွဲရှုံးထားပါတယ်။ ရှော်ကေးအသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံးလေးပွဲမှာ ပေးဂိုးအနည်းဆုံး သုံးဂိုး ပေးထားရပါတယ်။ လိုက်ပ်ဇစ်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၁၇ ပွဲကစားအပြီး ၁၆ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထား ပါတယ်။

လိုက်ပ်ဇစ်အသင်းမှာ ဆာဘစ်ဇာက ဒဏ်ရာရနေပြီး ရှော်ကေးအသင်းမှာ ဆာဒါက ဒဏ်ရာရနေပြီး ကာဘက်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် လိုက်ပ်ဇစ်အသင်းက အိမ်ကွင်းမှာ အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေပြီး သွင်းဂိုး ၂-၀ လောက် သွင်းယူသွားနိုင်ပါတယ်။

Zawgyi

