အိမ်ကွင်း နိုင်ပွဲတစ်ပွဲအဖြစ် ဘိုင်ယန်မြူးနစ်က အကောင်းဆုံးဖန်တီးသွားမှာပါ

0
120

 

ဘွန်ဒက်စ်လီဂါပွဲစဉ် ၃ အဖြစ် ဘိုင်ယန်မြူနစ်အသင်းနဲ့ ဟာသာဘာလင်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၄-၁၀-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၁၀း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒက်စ်လီဂါ နှစ်ပွဲကစားအပြီး တစ်ပွဲနိုင် တစ်ပွဲရှုံးထားသလို ဟာသာ ဘာလင်အသင်းကလည်း တစ်ပွဲနိုင် တစ်ပွဲရှုံးထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဟာသာဘာလင် ၀ – ၄ ဘိုင်ယန်မြူးနစ်(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ် ၂ – ၂ ဟာသာဘာလင်(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ် ၁ – ၀ ဟာသာဘာလင်(ဘွန်ဒက်စ်လီဂါ)

ဟာသာဘာလင် ၂ – ၃ ဘိုင်ယန်မြူးနစ်(ပိုကယ်လ်ဖလား)

ဟာသာဘာလင် ၂ – ၀ ဘိုင်ယန်မြူးနစ်(ဘွန်ဒက်စ်လီဂါ)

ဘိုင်ယန်မြူးနစ် ၀ – ၀ ဟာသာဘာလင်(ဘွန်ဒက်စ်လီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲကစားအပြီး ဘိုင်ယန်မြူးနစ်အသင်းက နှစ်ပွဲနိုင် တစ်ပွဲရှုံးထားပြီး ဟာသာဘာလင်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲကစားအပြီး တစ်ပွဲနိုင် လေးပွဲရှုံးထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲဆက် နိုင်ပွဲရရှိထားပြီး အနည်းဆုံး သွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင် ပါတယ်။ ဘိုင်ယန်မြူးနစ်က ဟာသာဘာလင်နဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံး ၁၈ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဟာသာဘာလင်အသင်းက ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲ နောက်ဆုံး ကိုးပွဲ ကစားအပြီး ရှစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါ တယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ဆာနေးနဲ့ နီအမ်ဇိုးတို့က ဒဏ်ရာရနေပြီး ဟာသာဘာလင်အသင်းမှာ ဒီလိုဆန်းနဲ့ မိုင်အာတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် ဘိုင်ယန်မြူးနစ်အသင်းက အနိုင်ရဖို့ ၈၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

