အိမ်ရှင်စပါးလ်က အနိုင်ရလဒ်အတွက် အသေချာဆုံးပါပဲ

0
342

 

ယူရိုပါလိဂ်အုပ်စု(J) ရဲ့ အုပ်စုပွဲတစ်ပွဲဖြစ်တဲ့ စပါးလ်အသင်းနဲ့ LASK အသင်းတို့ဟာ စပါးလ်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၂၃-၁၀-၂၀၂၀ ရက် သောကြာနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ စပါးလ်အသင်းနဲ့ LASK အသင်းတို့ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပထမဆုံးတွေ့ဆုံခြင်း ဖြစ်ပါတယ်။

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲ ကစားအပြီး စပါးလ်အသင်းက သုံးပွဲနိုင် သုံးပွဲသရေ ဖြစ်ထားပြီး LASK အသင်းက လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ စပါးလ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ် သုံးပွဲအနိုင်ရထားသလို နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်လေးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူ ထားနိုင်ပါတယ်။ LASK အသင်းက ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ် ၁၆ သင်းအဆင့်မှာ အင်္ဂလန်ကလပ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ၇-၁ နဲ့ ရှုံးထားခဲ့ပါတယ်။ စပါးလ်တိုက်စစ်မှူး ဟာရီကိန်းဟာ ဥရောပ ပြိုင်ပွဲ ၅၀ ကစားအပြီး ၂၈ ဂိုး သွင်းယူထားနိုင်ပေမဲ့ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲ လေးပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

စပါးလ်အသင်းမှာ တန်ဂန်ဂါနဲ့ ဒီယာတို့က ဒဏ်ရာရနေသလို LASK အသင်းမှာ ရိုက်တာက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင်စပါးလ်က အနိုင်ရဖို့ ရာနှုန်းပြည့်ရှိနေပြီး စပါးလ်က သွင်းဂိုး နှစ်ဂိုးလောက် သွင်းယူသွားနိုင်ပါတယ်။

Zawgyi

