အိမ်ရှင်မန်စီးတီးက အနိုင်ရဖို့ ၇၅% ရှိတယ်

0
318

 

Sbotop          ချန်ပီယံလိဂ် အုပ်စု(C) ရဲ့ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ပေါ်တိုအသင်းတို့ဟာ မန်စီးတီးရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၂-၁၀-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

မန်စီးတီး ၄ – ၀ ပေါ်တို(ယူရိုပါလိဂ်)

ပေါ်တို ၁ – ၂ မန်စီးတီး(ယူရိုပါလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်စီးတီးအသင်းက လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ထားပါတယ်။ ပေါ်တိုအသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီး သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထား ပါတယ်။ ပေါ်တိုအသင်းက ချန်ပီယံလိဂ် နောက်ဆုံး ၁၀ ပွဲ ကစားအပြီး ရှစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုး အထက် သွင်းယူနိုင်ခဲ့သလို မန်စီးတီးအသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် လေးပွဲမှာ ပျမ်းမျှ သွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားပါတယ်။ ပေါ်တိုအသင်းက ချန်ပီယံလိဂ် အုပ်စုပွဲ ၁၆ ပွဲကစားအပြီးမှာ နှစ်ပွဲသာ ရှုံးခဲ့ပြီး ၁၁ ပွဲအနိုင်ရထားပါတယ်။ ပေါ်တိုအသင်းက ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ လေးကြိမ်ကစား အပြီးမှာ အနိုင်ရရှိခြင်း မရှိခဲ့ပါဘူး။

မန်စီးတီးအသင်းမှာ ဂျီးဆပ်၊ ဒီဘလိုင်း၊ မန်ဒီနဲ့ လာပေါ်တီတို့က ဒဏ်ရာရနေပြီး ဇင်ချန်ကိုက ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ပေါ်တိုအသင်းမှာ အမ်ဘီယာက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် မန်စီးတီးက အနိုင်ရဖို့ ၇၅% ရှိနေပြီး ပေါ်တိုအသင်းက အနိုင်ရဖို့ ၂၅% ရှိနေပါတယ်။

Zawgyi


ထိပ်တိုက်တွေ့ဆုံမှု