အိမ်ရှင် ဂျူဗင်တပ်စ်က တစ်ဂိုးအသာလောက်နဲ့ ဘာစီလိုနာကို အနိုင်ယူသွားနိုင်တယ်

0
316

 

ချန်ပီယံလိဂ်အုပ်စု(G) ရဲ့ အုပ်စုပွဲစဉ် ၂ အဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဂျူဗင်တပ်စ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၉-၁၀-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်က အဖွင့်ပွဲမှာ ဒိုင်နမိုကိဗ်အသင်းကို ၂-၀ နဲ့ အနိုင်ရထားသလို ဘာစီလိုနာကလည်း ဖီရီနိုဗာကိုအသင်းကို ၅-၁ နဲ့ အနိုင်ရထားပြီး ဂိုးကွာခြားချက်အရ အုပ်စုကို ဦးဆောင်ထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ခြောက်ကြိမ်

ဂျူဗင်တပ်စ် ၀ – ၀ ဘာစီလိုနာ(ချန်ပီယံလိဂ်)

ဘာစီလိုနာ ၃ – ၀ ဂျူဗင်တပ်စ်(ချန်ပီယံလိဂ်)

ဂျူဗင်တပ်စ် ၁ – ၂ ဘာစီလိုနာ(အင်တာနေရှင်နယ် ချန်ပီယံဖလား)

ဘာစီလိုနာ ၀ – ၀ ဂျူဗင်တပ်စ်(ချန်ပီယံလိဂ်)

ဂျူဗင်တပ်စ် ၃ – ၀ ဘာစီလိုနာ(ချန်ပီယံလိဂ်)

ဂျူဗင်တပ်စ် ၁ – ၃ ဘာစီလိုနာ(ချန်ပီယံလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဂျူဗင်တပ်စ်က နှစ်ပွဲနိုင် လေးပွဲသရေ ဖြစ်ထားပြီး ဘာစီလိုနာက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ဂျူဗင်တပ်စ်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး ရှစ်ပွဲ ကစားအပြီး ခုနစ်ပွဲ အနိုင်ရထားပြီး ဘာစီလိုနာက ချန်ပီယံလိဂ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဂျူဗင်တပ်စ်က အိမ်ကွင်းမှာ ဘာစီလိုနာနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံးလေးပွဲမှာ တစ်ပွဲသာ ရှုံးထားပြီး နှစ်ပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ ချီလီနီ၊ ဆန်းဒရိုနဲ့ ဒီလစ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ဘာစီလိုနာအသင်းမှာ ကော်တင်ဟို၊ တာစတီဂျန်နဲ့ အမ်တီတီတို့က ဒဏ်ရာရနေပြီး ပီကေးက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဂျူဗင်တပ်စ်က အနိုင်ရဖို့ ၄၅% ရှိနေပြီး သရေဖြစ်ဖို့ ၁၅% နဲ့ ဘာစီလိုနာအနိုင်ရဖို့ ၄၀% ရှိနေပါတယ်။

Zawgyi

အိမ္ရွင္ ဂ်ဴဗင္တပ္စ္က တစ္ဂိုးအသာေလာက္နဲ႔ ဘာစီလိုနာကို အနိုင္ယူသြားနိုင္တယ္

ခ်န္ပီယံလိဂ္အုပ္စု(G) ရဲ့ အုပ္စုပြဲစဥ္ ၂ အျဖစ္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ဂ်ဴဗင္တပ္စ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၉-၁၀-၂၀၂၀ ရက္ ၾကာသပေတးေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္က အဖြင့္ပြဲမွာ ဒိုင္နမိုကိဗ္အသင္းကို ၂-၀ နဲ႔ အနိုင္ရထားသလို ဘာစီလိုနာကလည္း ဖီရီနိုဗာကိုအသင္းကို ၅-၁ နဲ႔ အနိုင္ရထားၿပီး ဂိုးကြာျခားခ်က္အရ အုပ္စုကို ဦးေဆာင္ထားပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံး ေျခာက္ႀကိမ္
ဂ်ဴဗင္တပ္စ္ ၀ – ၀ ဘာစီလိုနာ(ခ်န္ပီယံလိဂ္)
ဘာစီလိုနာ ၃ – ၀ ဂ်ဴဗင္တပ္စ္(ခ်န္ပီယံလိဂ္)
ဂ်ဴဗင္တပ္စ္ ၁ – ၂ ဘာစီလိုနာ(အင္တာေနရွင္နယ္ ခ်န္ပီယံဖလား)
ဘာစီလိုနာ ၀ – ၀ ဂ်ဴဗင္တပ္စ္(ခ်န္ပီယံလိဂ္)
ဂ်ဴဗင္တပ္စ္ ၃ – ၀ ဘာစီလိုနာ(ခ်န္ပီယံလိဂ္)
ဂ်ဴဗင္တပ္စ္ ၁ – ၃ ဘာစီလိုနာ(ခ်န္ပီယံလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ဂ်ဴဗင္တပ္စ္က ႏွစ္ပြဲနိုင္ ေလးပြဲသေရ ျဖစ္ထားၿပီး ဘာစီလိုနာက သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ရွစ္ပြဲ ကစားအၿပီး ခုနစ္ပြဲ အနိုင္ရထားၿပီး ဘာစီလိုနာက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ငါးပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ ဂ်ဴဗင္တပ္စ္က အိမ္ကြင္းမွာ ဘာစီလိုနာနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲ အရပ္ရပ္ ေနာက္ဆုံးေလးပြဲမွာ တစ္ပြဲသာ ရႈံးထားၿပီး ႏွစ္ပြဲနိုင္ တစ္ပြဲသေရ ျဖစ္ထားပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းမွာ ခ်ီလီနီ၊ ဆန္းဒရိုနဲ႔ ဒီလစ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္သလို တိုက္စစ္မႉး ေရာ္နယ္ဒိုကလည္း ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။ ဘာစီလိုနာအသင္းမွာ ေကာ္တင္ဟို၊ တာစတီဂ်န္နဲ႔ အမ္တီတီတို႔က ဒဏ္ရာရေနၿပီး ပီေကးက ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဂ်ဴဗင္တပ္စ္က အနိုင္ရဖို႔ ၄၅% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၅% နဲ႔ ဘာစီလိုနာအနိုင္ရဖို႔ ၄၀% ရွိေနပါတယ္။