အေဂျက်ကွင်းမှာ လီဗာပူးလ်က အောင်ပွဲခံသွားမှာပါ

0
341

 

ချန်ပီယံလိဂ် အုပ်စု(D) ရဲ့ အုပ်စုပွဲတစ်ပွဲဖြစ်တဲ့ အေဂျင်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ အေဂျက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၂-၁၀-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ အေဂျက်အသင်းတို့ဟာ ၁၉၆၆-၆၇ ခုနှစ် ဥရောပဖလားပြိုင်ပွဲမှာ တွေ့ဆုံခဲ့ပြီး လီဗာပူးလ်က ၁၆ သင်းအဆင့်မှာ နှစ်ကျော့ပေါင်းရလဒ် ၇-၃ နဲ့ အနိုင်ရထားပါတယ်။

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး အေဂျက်က ငါးပွဲနိုင် တစ်ပွဲရှုံးထားပြီး လီဗာပူးလ်က သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ လီဗာပူးလ်အသင်းက ဥရောပပြိုင်ပွဲတွေမှာ ဒက်ချ်အသင်းတွေနဲ့ တွေ့ဆုံချိန်မှာ ရှစ်ပွဲနိုင် ငါးပွဲသရေ ဖြစ်ထားပြီး ၁၃ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ် ထားပါတယ်။ အေဂျက်အသင်းက အင်္ဂလန်ကလပ်တွေနဲ့ ဥရောပပြိုင်ပွဲတွေမှာ တွေ့ဆုံချိန်မှာ စပါးလ်အသင်းကို ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီက ၁-၀ နဲ့ အနိုင်ရခဲ့ပေမဲ့ နှစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ အေဂျက်အသင်းက ချန်ပီယံလိဂ် အိမ်ကွင်းပွဲ ခုနစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး အင်္ဂလန်အသင်းတွေဖြစ်တဲ့ စပါးလ်အသင်းကို ၂၀၁၉ ခုနှစ် မေလက ၂-၃ နဲ့ ရှုံးထားသလို ချဲလ်ဆီးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလက ၁-၀ နဲ့ ရှုံးထားပြီး နှစ်ပွဲသရေ လေးပွဲ ရှုံးထားပါတယ်။

အေဂျက်အသင်းမှာ အန်တိုနီက ဒဏ်ရာရနေပြီး လီဗာပူးလ်အသင်းမှာ ဗန်ဒိုက်နဲ့ ချိန်ဘာလိန်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အေဂျက်အသင်းက အနိုင်ရဖို့ ၃၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀%နဲ့ လီဗာပူးလ်အသင်းအနိုင်ရဖို့ ၆၀% ရှိနေပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဂိုးရလဒ်က ၁-၂ လောက်နဲ့ လီဗာပူးလ် အနိုင်ရသွားနိုင်ပါတယ်။

Zawgyi

ေအဂ်က္ကြင္းမွာ လီဗာပူးလ္က ေအာင္ပြဲခံသြားမွာပါ

ခ်န္ပီယံလိဂ္ အုပ္စု(D) ရဲ့ အုပ္စုပြဲတစ္ပြဲျဖစ္တဲ့ ေအဂ်င္အသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ေအဂ်က္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၂-၁၀-၂၀၂၀ ရက္ ၾကာသပေတးေန႔ နံနက္ ၁း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။
လီဗာပူးလ္နဲ႔ ေအဂ်က္အသင္းတို႔ဟာ ၁၉၆၆-၆၇ ခုႏွစ္ ဥေရာပဖလားၿပိဳင္ပြဲမွာ ေတြ႕ဆုံခဲ့ၿပီး လီဗာပူးလ္က ၁၆ သင္းအဆင့္မွာ ႏွစ္ေက်ာ့ေပါင္းရလဒ္ ၇-၃ နဲ႔ အနိုင္ရထားပါတယ္။
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ေအဂ်က္က ငါးပြဲနိုင္ တစ္ပြဲရႈံးထားၿပီး လီဗာပူးလ္က သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားပါတယ္။ လီဗာပူးလ္အသင္းက ဥေရာပၿပိဳင္ပြဲေတြမွာ ဒက္ခ်္အသင္းေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ ရွစ္ပြဲနိုင္ ငါးပြဲသေရ ျဖစ္ထားၿပီး ၁၃ ပြဲ ရႈံးပြဲမရွိ ျဖစ္ေပၚ ထားပါတယ္။ ေအဂ်က္အသင္းက အဂၤလန္ကလပ္ေတြနဲ႔ ဥေရာပၿပိဳင္ပြဲေတြမွာ ေတြ႕ဆုံခ်ိန္မွာ စပါးလ္အသင္းကို ၂၀၁၈-၁၉ ခုႏွစ္ ေဘာလုံးရာသီက ၁-၀ နဲ႔ အနိုင္ရခဲ့ေပမဲ့ ႏွစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားပါတယ္။ ေအဂ်က္အသင္းက ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲ ခုနစ္ပြဲမွာ တစ္ပြဲသာ အနိုင္ရခဲ့ၿပီး အဂၤလန္အသင္းေတြျဖစ္တဲ့ စပါးလ္အသင္းကို ၂၀၁၉ ခုႏွစ္ ေမလက ၂-၃ နဲ႔ ရႈံးထားသလို ခ်ဲလ္ဆီးကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလက ၁-၀ နဲ႔ ရႈံးထားၿပီး ႏွစ္ပြဲသေရ ေလးပြဲ ရႈံးထားပါတယ္။
ေအဂ်က္အသင္းမွာ အန္တိုနီက ဒဏ္ရာရေနၿပီး လီဗာပူးလ္အသင္းမွာ ဗန္ဒိုက္နဲ႔ ခ်ိန္ဘာလိန္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ေအဂ်က္အသင္းက အနိုင္ရဖို႔ ၃၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၀%နဲ႔ လီဗာပူးလ္အသင္းအနိုင္ရဖို႔ ၆၀% ရွိေနပါတယ္။ ျဖစ္ေပၚလာနိုင္တဲ့ ဂိုးရလဒ္က ၁-၂ ေလာက္နဲ႔ လီဗာပူးလ္ အနိုင္ရသြားနိုင္ပါတယ္။