ကိုဗစ်ဂယက်မှာ အင်တာနဲ့ ခရိုအေးရှားကြယ်ပွင့် ဘရိုဇိုဗစ်လည်း ပါလာပြီ

0
166

SBOTOP NOV

အင်တာမီလန်နဲ့ ခရိုအေးရှားလက်ရွေးစင်ကြယ်ပွင့် မာဆယ်လိုဘရိုဇိုဗစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်မှုမှာ positive ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ဟာ သောကြာနေ့က ထွက်ပေါ်ခဲ့တဲ့ ဘရိုဇိုဗစ်ရဲ့ ဆေးစစ်မှုအဖြေကို ထုတ်ဖော်ကြေညာပေးခဲ့တာဖြစ်ပြီး ၄င်းနဲ့အတူ ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးလည်း တစ်ဦးတည်းသီးခြားခွဲနေထိုင် ရတော့မှာဖြစ်ပါတယ်။

ခရိုအေးရှားနောက်ခံကစားသမား ဒိုမာဂိုဗီဒါအနေနဲ့ အီစတန်ဘူလ်မှာ ကိုဗစ်-၁၉ positive ဖြစ်သွားပြီးနောက် ဆွီဒင်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် နေရှင်းလိဂ်ပွဲစဉ်မတိုင်ခင် ထပ်လောင်းဆေးစစ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ မှာ ဘရိုဇိုဗစ်အနေနဲ့ ရောဂါကူးစက်ခံရသူတွေထဲ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ လက်ရွေးစင်အသင်းရဲ့ ဖော်ပြချက်မှာတော့ “ ဆေးစစ်မှုအဖြေမှာ ၂ ဦး positive ဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းဝင် ဘရိုဇိုဗစ်နဲ့ ဝန်ထမ်း အဖွဲ့ဝင်တစ်ယောက်တို့ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ဦးလုံးဟာ ဆေးစစ်မှုအဖြေအရ ချက်ချင်းပဲ တစ်ဦးတည်းသီးခြားစီ ခွဲနေထိုင်ရတော့မှာပါ” လို့ ပါရှိခဲ့ပါတယ်။

နောက်ခံလူ ဗီဒါကလည်း တူရကီမှာ ရှိနေစဉ်အတွင်း ဒီတစ်ပတ်ကြားကာလမှာ သူ့အနေနဲ့ ကိုဗစ်-၁၉ positive ဖြစ်ခဲ့တယ်လို့ ထုတ်ဖော်အသိပေးထားခဲ့တာပါ။ ခရိုအေးရှားလက်ရွေးစင်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ဒုတိယနေရာရခဲ့တဲ့အသင်းဖြစ်ပြီး နေရှင်းလိဂ်(A) အုပ်စု(၃)မှာ ပေါ်တူဂီ၊ ပြင်သစ်တို့နောက် ပြတ်ကျန်ပြီး တတိယနေရာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

SBOTOP NOV

(zawgyi)

ကိုဗစ္ဂယက္မွာ အင္တာနဲ႔ ခရိုေအးရွားၾကယ္ပြင့္ ဘရိုဇိုဗစ္လည္း ပါလာၿပီ

အင္တာမီလန္နဲ႔ ခရိုေအးရွားလက္ေရြးစင္ၾကယ္ပြင့္ မာဆယ္လိုဘရိုဇိုဗစ္ဟာ ကိုရိုနာဗိုင္းရပ္စ္ေဆးစစ္မႈမွာ positive ျဖစ္သြားခဲ့တယ္လို႔ သိရပါတယ္။ ခရိုေအးရွားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ေသာၾကာေန႔က ထြက္ေပၚခဲ့တဲ့ ဘရိုဇိုဗစ္ရဲ႕ ေဆးစစ္မႈအေျဖကို ထုတ္ေဖာ္ေၾကညာေပးခဲ့တာျဖစ္ၿပီး ၄င္းနဲ႔အတူ ၀န္ထမ္းအဖြဲ႕၀င္တစ္ဦးလည္း တစ္ဦးတည္းသီးျခားခြဲေနထိုင္ ရေတာ့မွာျဖစ္ပါတယ္။

ခရိုေအးရွားေနာက္ခံကစားသမား ဒိုမာဂိုဗီဒါအေနနဲ႔ အီစတန္ဘူလ္မွာ ကိုဗစ္-၁၉ positive ျဖစ္သြားၿပီးေနာက္ ဆီြဒင္အသင္းနဲ႔ ယွဥ္ၿပိဳင္ရမယ့္ ေနရွင္းလိဂ္ပြဲစဥ္မတိုင္ခင္ ထပ္ေလာင္းေဆးစစ္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အဲဒီ မွာ ဘရိုဇိုဗစ္အေနနဲ႔ ေရာဂါကူးစက္ခံရသူေတြထဲ ပါ၀င္လာခဲ့တာျဖစ္ပါတယ္။ လက္ေရြးစင္အသင္းရဲ႕ ေဖာ္ျပခ်က္မွာေတာ့ “ ေဆးစစ္မႈအေျဖမွာ ၂ ဦး positive ျဖစ္ခဲ့ၿပီး လက္ေရြးစင္အသင္း၀င္ ဘရိုဇိုဗစ္နဲ႔ ၀န္ထမ္း အဖြဲ႕၀င္တစ္ေယာက္တို႔ ျဖစ္ခဲ့ပါတယ္။ ဒီႏွစ္ဦးလုံးဟာ ေဆးစစ္မႈအေျဖအရ ခ်က္ခ်င္းပဲ တစ္ဦးတည္းသီးျခားစီ ခြဲေနထိုင္ရေတာ့မွာပါ” လို႔ ပါရွိခဲ့ပါတယ္။

ေနာက္ခံလူ ဗီဒါကလည္း တူရကီမွာ ရွိေနစဥ္အတြင္း ဒီတစ္ပတ္ၾကားကာလမွာ သူ႕အေနနဲ႔ ကိုဗစ္-၁၉ positive ျဖစ္ခဲ့တယ္လို႔ ထုတ္ေဖာ္အသိေပးထားခဲ့တာပါ။ ခရိုေအးရွားလက္ေရြးစင္အသင္းဟာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲ မွာ ဒုတိယေနရာရခဲ့တဲ့အသင္းျဖစ္ၿပီး ေနရွင္းလိဂ္(A) အုပ္စု(၃)မွာ ေပၚတူဂီ၊ ျပင္သစ္တို႔ေနာက္ ျပတ္က်န္ၿပီး တတိယေနရာ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။