ဂိုးသွင်းပေးနိုင်ပေမဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ခံနေရတုန်းပဲလို့ ဂျီရူး ညည်းတွား

0
186

SBOTOP NOV

ချဲလ်ဆီးတိုက်စစ်မှူး ဂျီရူးဟာ ဆွီဒင်အသင်းကို အနိုင်ရတဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ ပြင်သစ်လက်ရွေးစင် အသင်းအတွက် ၂ ဂိုးသွင်းပေးနိုင်ခဲ့ပေမဲ့ ဝေဖန်တိုက်ခိုက်မှုတွေရဲ့ ဒဏ်က မလွတ်မြောက်သေးဘူးလို့ ထုတ်ဖော်ညည်းတွားလိုက်ပါတယ်။ ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ခြေစမ်းပွဲမှာ ဖင်လန်ကို အံ့အားသင့်ဖွယ် ရှုံးခဲ့ရပြီး ဂျီရူးဟာ အဲဒီပွဲမှာ ဂိုးသမား မန်ဒန်ဒါထက် ဘောလုံးပေးပို့မှု ၃ ကြိမ်သာ ပို များခဲ့ပါတယ်။

အဲဒီနောက် ပေါ်တူဂီကို ၁-ဝ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲလူစာရင်းမှာ ဂျီရူး ချန်လှပ်ခံခဲ့ရပြီး ဆွီဒင်ကို ၄-၂ နဲ့ အနိုင်ရတဲ့ အင်္ဂါနေ့ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာခဲ့ကာ ၂ ဂိုးသွင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျီရူးဟာ အဲဒီသွင်းဂိုးတွေ ကြောင့် ပြင်သစ်အတွက် သွင်းဂိုး ၄၄ ဂိုးရှိလာပြီဖြစ်ကာ ဂိုးသွင်းအများဆုံးစံချိန်တင်ထားတဲ့ ဟင်နရီထက် ၇ ဂိုး နည်းပါးနေပါသေးတယ်။

အသက် ၃၄ နှစ်အရွယ် ဂျီရူးဟာ အဲဒီပွဲမှာ ပြင်သစ်အသင်းအတွက် အဖွင့်ဂိုးနဲ့ တတိယမြောက်ဂိုးကို သွင်းပေး နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂျီရူးက “ ဖင်လန်နဲ့ပွဲက ရလဒ်အတွက် ကျွန်တော်တို့ တကယ့်ကို ဝမ်းနည်းစိတ်ပျက်ရပါတယ်။ အဲဒီပွဲက သင်ခန်းစာကိုယူပြီး ပေါ်တူဂီနဲ့ပွဲမှာ ပြန်အဖတ်ဆယ်နိုင်အောင်လုပ်ခဲ့လို့ ထိုက်တန်တဲ့နိုင်ပွဲ ပြန်ရခဲ့တယ်။ ဒီလိုစုစည်းမှုကပဲ ကျွန်တော်တို့ကို အကောင်းဘက်ရောက်စေတာပါ။ အရာအားလုံး ပြီးပြည့်စုံမှုမရှိရင်တောင်မှ စိတ်ကျေနပ်စရာတော့ ကောင်းခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ လက်စားချေတယ်လို့ မခံစားရပါဘူး။ ကျွန်တော်က ကစားသမားဘဝတစ်လျှောက်မှာ ဝေဖန်နှောင့်ယှက် တိုက်ခိုက်ခံနေရတဲ့သူပါ။ အဲဒါကပဲ ကျွန်တော့်ကို ပိုပြီးအားတက်လာစေတယ်။ ဒီအတွက် ပြဿနာမရှိပါဘူး” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

ဂိုးသြင္းေပးႏိုင္ေပမဲ့ ေ၀ဖန္တိုက္ခိုက္မႈေတြ ခံေနရတုန္းပဲလို႔ ဂ်ီရူး ညည္းတြား

ခ်ဲလ္ဆီးတိုက္စစ္မွဴး ဂ်ီရူးဟာ ဆီြဒင္အသင္းကို အႏုိင္ရတဲ့ ေနရွင္းလိဂ္ပြဲစဥ္မွာ ျပင္သစ္လက္ေရြးစင္ အသင္းအတြက္ ၂ ဂိုးသြင္းေပးႏုိင္ခဲ့ေပမဲ့ ေ၀ဖန္တိုက္ခိုက္မႈေတြရဲ႕ ဒဏ္က မလြတ္ေျမာက္ေသးဘူးလို႔ ထုတ္ေဖာ္ညည္းတြားလိုက္ပါတယ္။ ျပင္သစ္အသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က ေျခစမ္းပြဲမွာ ဖင္လန္ကို အံ့အားသင့္ဖြယ္ ရႈံးခဲ့ရၿပီး ဂ်ီရူးဟာ အဲဒီပြဲမွာ ဂိုးသမား မန္ဒန္ဒါထက္ ေဘာလုံးေပးပို႔မႈ ၃ ႀကိမ္သာ ပို မ်ားခဲ့ပါတယ္။

အဲဒီေနာက္ ေပၚတူဂီကို ၁-၀ ဂိုးနဲ႔ အႏုိင္ရခဲ့တဲ့ပြဲလူစာရင္းမွာ ဂ်ီရူး ခ်န္လွပ္ခံခဲ့ရၿပီး ဆီြဒင္ကို ၄-၂ နဲ႔ အႏိုင္ရတဲ့ အဂၤါေန႔ပြဲစဥ္မွာေတာ့ ျပန္လည္ပါ၀င္လာခဲ့ကာ ၂ ဂိုးသြင္းေပးႏုိင္ခဲ့တာျဖစ္ပါတယ္။ ဂ်ီရူးဟာ အဲဒီသြင္းဂိုးေတြ ေၾကာင့္ ျပင္သစ္အတြက္ သြင္းဂိုး ၄၄ ဂိုးရွိလာၿပီျဖစ္ကာ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္တင္ထားတဲ့ ဟင္နရီထက္ ၇ ဂိုး နည္းပါးေနပါေသးတယ္။

အသက္ ၃၄ ႏွစ္အရြယ္ ဂ်ီရူးဟာ အဲဒီပြဲမွာ ျပင္သစ္အသင္းအတြက္ အဖြင့္ဂိုးနဲ႔ တတိယေျမာက္ဂိုးကို သြင္းေပး ႏုိင္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ဂ်ီရူးက “ ဖင္လန္နဲ႔ပြဲက ရလဒ္အတြက္ ကၽြန္ေတာ္တို႔ တကယ့္ကို ၀မ္းနည္းစိတ္ပ်က္ရပါတယ္။ အဲဒီပြဲက သင္ခန္းစာကိုယူၿပီး ေပၚတူဂီနဲ႔ပြဲမွာ ျပန္အဖတ္ဆယ္ႏုိင္ေအာင္လုပ္ခဲ့လို႔ ထိုက္တန္တဲ့ႏိုင္ပြဲ ျပန္ရခဲ့တယ္။ ဒီလုိစုစည္းမႈကပဲ ကၽြန္ေတာ္တို႔ကို အေကာင္းဘက္ေရာက္ေစတာပါ။ အရာအားလုံး ၿပီးျပည့္စုံမႈမရွိရင္ေတာင္မွ စိတ္ေက်နပ္စရာေတာ့ ေကာင္းခဲ့ပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ လက္စားေခ်တယ္လုိ႔ မခံစားရပါဘူး။ ကၽြန္ေတာ္က ကစားသမားဘ၀တစ္ေလွ်ာက္မွာ ေ၀ဖန္ေႏွာင့္ယွက္ တိုက္ခိုက္ခံေနရတဲ့သူပါ။ အဲဒါကပဲ ကၽြန္ေတာ့္ကို ပိုၿပီးအားတက္လာေစတယ္။ ဒီအတြက္ ျပႆနာမရွိပါဘူး” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။