စပိန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဟော်လန်အသင်းရဲ့ မန်စီးတီး ခံစစ်ကစားသမား အေကီ ပေါင်တွင်းကြောဒဏ်ရာ ရရှိခဲ့

0
123

စပိန်အသင်းနဲ့ ဟော်လန်အသင်းတို့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မန်စီးတီးအသင်းရဲ့ ခံစစ်ကစားသမား တစ်ဦးဖြစ်တဲ့ အေကီက ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရလို့ ပွဲချိန်စောစီစွာ ကွင်းအပြင်ကို ထွက်ခဲ့ရပါတယ်။ အဆိုပါပွဲစဉ်ရဲ့ ပွဲချိန် ခြောက်မိနစ်လောက်မှာပဲ အေကီက ၎င်းရဲ့ ညာဘက်ပေါင်ကို လက်နဲ့ ဖိကိုင်ပြီး ကွင်းထဲကနေ ထွက်လာခဲ့သလို စောစီးစွာ လူစားလဲခဲ့ရပါတယ်။

၎င်းရဲ့ နေရာမှာ ဒီလေ ဘလိုင်းကို လူစားလဲခဲ့ပြီး နိုင်ငံအသင်းအတွက် ဆက်လက်ကစားနိုင်ခြင်းမရှိခဲ့တဲ့ ၎င်းက ပေါင်တွင်းကြောဒဏ်ရာ ဖြစ်ခဲ့တာ ဖြစ်ဖို့ အလားအလာရှိနေပါတယ်။ မန်စီးတီး မန်နေဂျာ ဂွါဒီယိုလာ အတွက်တော့ ဒဏ်ရာရ ကစားသမားတစ်ဦး ထပ်မံတိုးစေခဲ့တဲ့ ဆုလဒ်တစ်ခု ဖြစ်နေပြီး လက်ရှိခံစစ်ပိုင်းမှာ လာပေါ်တီနဲ့ မန်ဒီတို့ကလည်း ဒဏ်ရာရ ကစားသမားစာရင်းမှာ နေရာရနေပါတယ်။

အေကီကလည်း တန်းဆင်းသွားရတဲ့ ဘုန်းမောက်အသင်းကနေ မန်စီးတီးကို ပေါင်သန်း ၄၀ နဲ့ ရောက်ရှိလာခဲ့ပေမဲ့ ဒဏ်ရာပြဿာနာရှိနေလို့ ပွဲထွက်ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် အောက်တိုဘာလအတွင်းက သုံးပွဲလောက် လွဲချော်ခဲ့ရသလို အသင်းမှာ ပွဲထွက်ခွင့် ခြောက်ကြိမ်သာ ရရှိထားပါတယ်။

48

မန်စီးတီးမန်နေဂျာ ဂွါဒီယိုလာက ပရီးမီးယားလိဂ်မှာ လူစားလဲလှယ်ခွင့် သုံးဦးကနေ ငါးဦးအထိ တိုးမြှင်သွားဖို့ ရှိတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ပြောဆိုထားတာတွေ ရှိပါတယ်။ ဂွါဒီယိုလာက လီဗာပူးလ် အသင်းနဲ့ သရေဖြစ်ခဲ့တဲ့ပွဲအပြီးမှာ “ လူစားလဲမှုကို တိုးမြှင့်သွားမဲ့ ကိစ္စမှာ ဘယ်သူက ဆုံးဖြတ်ပြီး တာဝန်ယူသွားမယ်ဆိုတာတော့ ကွျန်တော် မသိသေးပါဘူး။ ကမ္ဘာကြီးတစ်ခုလုံးမှာ ရှိနေကြတဲ့ သူတွေက ပရီးမီးယားလိဂ်မှာ လူးစားထိုးမှု တိုးမြှင့်သွားဖို့ကို မျှော်လင့်နေကြတယ်ဆိုတာ သူတို့ သဘောမပေါက်သေးပါဘူး။ လူစားလဲမှု သုံးယောက်ကနေ ငါးယောက်အထိ တိုးမြှင့်လိုက်ခြင်းက ကစားသမားတွေကို ကာကွယ်ပေးလိုက်ခြင်း ဖြစ်တယ်။ သုံးရက်ကို တစ်ပွဲကစားနေရတဲ့ ဘောလုံးသမားတွေကို ရုပ်ပိုင်းဆိုင်ရာ ကာကွယ်ပေးလိုက်ခြင်း ဖြစ်တယ်။ ဒီလိဂ်ကတော့ ကွဲပြားခြားနားတာကို နှစ်သက်ပုံရပါတယ်။ ဒီကာက မတူညီတဲ့ ကာလတစ်ခုလည်း ဖြစ်နေတယ်။ ဒီအရာနဲ့ ပတ်သက်ပြီး ကွျန်တော်ကတော့ အံ့ဩမိပါတယ်။ ကစားသမားတွေကို ကာကွယ်ပေးတာနဲ့ ပတ်သက်ပြီး ပြောပြရမယ်ဆိုရင် ဒီနေ့မှာ ကွျန်တော့်ရဲ့ ညာတောင်ပံ ခံစစ်ကစားသမား နေးရှင်းလိဂ်ပွဲမှာ ဒဏ်ရာရခဲ့တယ်။ နောက်နေ့မှာလည်း အခြားကစားသမားတစ်ယောက် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကမ္ဘာမှာ ရှိနေတဲ့ လိဂ်တွေက ဒီကာလကို နားလည်ထားကြသလို အမြန်ဆုံးဖြစ်လာဖို့လည်း မျှော်လင့်နေကြတယ်။ ဒီကာလက ကပ်ရောဂါဖြစ်နေချိန်လည်း ဖြစ်လို့ ကမ္ဘာတစ်ဝှမ်းက လိဂ်တွေက ငါးယောက်လူစားထိုးမှုကို ပြုလုပ်နေတာတွေလည်း ရှိနေတယ် ” လို့ ပြောပါတယ်။

Zawgyi

စပိန္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ေဟာ္လန္အသင္းရဲ့ မန္စီးတီး ခံစစ္ကစားသမား ေအကီ ေပါင္တြင္းေၾကာဒဏ္ရာ ရရွိခဲ့

စပိန္အသင္းနဲ႔ ေဟာ္လန္အသင္းတို႔ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ မန္စီးတီးအသင္းရဲ့ ခံစစ္ကစားသမား တစ္ဦးျဖစ္တဲ့ ေအကီက ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရလို႔ ပြဲခ်ိန္ေစာစီစြာ ကြင္းအျပင္ကို ထြက္ခဲ့ရပါတယ္။ အဆိုပါပြဲစဥ္ရဲ့ ပြဲခ်ိန္ ေျခာက္မိနစ္ေလာက္မွာပဲ ေအကီက ၎ရဲ့ ညာဘက္ေပါင္ကို လက္နဲ႔ ဖိကိုင္ၿပီး ကြင္းထဲကေန ထြက္လာခဲ့သလို ေစာစီးစြာ လူစားလဲခဲ့ရပါတယ္။
၎ရဲ့ ေနရာမွာ ဒီေလ ဘလိုင္းကို လူစားလဲခဲ့ၿပီး နိုင္ငံအသင္းအတြက္ ဆက္လက္ကစားနိုင္ျခင္းမရွိခဲ့တဲ့ ၎က ေပါင္တြင္းေၾကာဒဏ္ရာ ျဖစ္ခဲ့တာ ျဖစ္ဖို႔ အလားအလာရွိေနပါတယ္။ မန္စီးတီး မန္ေနဂ်ာ ဂြါဒီယိုလာ အတြက္ေတာ့ ဒဏ္ရာရ ကစားသမားတစ္ဦး ထပ္မံတိုးေစခဲ့တဲ့ ဆုလဒ္တစ္ခု ျဖစ္ေနၿပီး လက္ရွိခံစစ္ပိုင္းမွာ လာေပၚတီနဲ႔ မန္ဒီတို႔ကလည္း ဒဏ္ရာရ ကစားသမားစာရင္းမွာ ေနရာရေနပါတယ္။
ေအကီကလည္း တန္းဆင္းသြားရတဲ့ ဘုန္းေမာက္အသင္းကေန မန္စီးတီးကို ေပါင္သန္း ၄၀ နဲ႔ ေရာက္ရွိလာခဲ့ေပမဲ့ ဒဏ္ရာျပႆာနာရွိေနလို႔ ပြဲထြက္ခြင့္မရခဲ့ပါဘူး။ ဒါေၾကာင့္ ေအာက္တိုဘာလအတြင္းက သုံးပြဲေလာက္ လြဲေခ်ာ္ခဲ့ရသလို အသင္းမွာ ပြဲထြက္ခြင့္ ေျခာက္ႀကိမ္သာ ရရွိထားပါတယ္။
မန္စီးတီးမန္ေနဂ်ာ ဂြါဒီယိုလာက ပရီးမီးယားလိဂ္မွာ လူစားလဲလွယ္ခြင့္ သုံးဦးကေန ငါးဦးအထိ တိုးျမႇင္သြားဖို႔ ရွိတယ္ဆိုတဲ့ သတင္းနဲ႔ ပတ္သက္ၿပီး ေျပာဆိုထားတာေတြ ရွိပါတယ္။ ဂြါဒီယိုလာက လီဗာပူးလ္ အသင္းနဲ႔ သေရျဖစ္ခဲ့တဲ့ပြဲအၿပီးမွာ “ လူစားလဲမႈကို တိုးျမႇင့္သြားမဲ့ ကိစၥမွာ ဘယ္သူက ဆုံးျဖတ္ၿပီး တာဝန္ယူသြားမယ္ဆိုတာေတာ့ ကြ်န္ေတာ္ မသိေသးပါဘူး။ ကမၻာႀကီးတစ္ခုလုံးမွာ ရွိေနၾကတဲ့ သူေတြက ပရီးမီးယားလိဂ္မွာ လူးစားထိုးမႈ တိုးျမႇင့္သြားဖို႔ကို ေမၽွာ္လင့္ေနၾကတယ္ဆိုတာ သူတို႔ သေဘာမေပါက္ေသးပါဘူး။ လူစားလဲမႈ သုံးေယာက္ကေန ငါးေယာက္အထိ တိုးျမႇင့္လိုက္ျခင္းက ကစားသမားေတြကို ကာကြယ္ေပးလိုက္ျခင္း ျဖစ္တယ္။ သုံးရက္ကို တစ္ပြဲကစားေနရတဲ့ ေဘာလုံးသမားေတြကို ႐ုပ္ပိုင္းဆိုင္ရာ ကာကြယ္ေပးလိုက္ျခင္း ျဖစ္တယ္။ ဒီလိဂ္ကေတာ့ ကြဲျပားျခားနားတာကို ႏွစ္သက္ပုံရပါတယ္။ ဒီကာက မတူညီတဲ့ ကာလတစ္ခုလည္း ျဖစ္ေနတယ္။ ဒီအရာနဲ႔ ပတ္သက္ၿပီး ကြ်န္ေတာ္ကေတာ့ အံ့ဩမိပါတယ္။ ကစားသမားေတြကို ကာကြယ္ေပးတာနဲ႔ ပတ္သက္ၿပီး ေျပာျပရမယ္ဆိုရင္ ဒီေန႔မွာ ကြ်န္ေတာ့္ရဲ့ ညာေတာင္ပံ ခံစစ္ကစားသမား ေနးရွင္းလိဂ္ပြဲမွာ ဒဏ္ရာရခဲ့တယ္။ ေနာက္ေန႔မွာလည္း အျခားကစားသမားတစ္ေယာက္ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ရနိုင္ပါတယ္။ ကမၻာမွာ ရွိေနတဲ့ လိဂ္ေတြက ဒီကာလကို နားလည္ထားၾကသလို အျမန္ဆုံးျဖစ္လာဖို႔လည္း ေမၽွာ္လင့္ေနၾကတယ္။ ဒီကာလက ကပ္ေရာဂါျဖစ္ေနခ်ိန္လည္း ျဖစ္လို႔ ကမၻာတစ္ဝွမ္းက လိဂ္ေတြက ငါးေယာက္လူစားထိုးမႈကို ျပဳလုပ္ေနတာေတြလည္း ရွိေနတယ္ ” လို႔ ေျပာပါတယ္။