ဆာလက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းဟာ ပေါ့ဆမှုနဲ့ ကြီးမားတဲ့ အမှားတစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အီဂျစ်တိုက်စစ်မှူးဟောင်း မီဒို ပြောကြား

0
160

 

SBOTOP NOV            လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး ဆာလက်ဟာ အီဂျစ်နိုင်ငံအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ သွားရောက်ကစားဖို့ သွားရောက်ရင်း ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဆာလက်ဟာ အီဂျစ်အသင်းနဲ့ ကစားဖို့ အီဂျစ်နိုင်ငံကို ရောက်နေစဉ်မှာ ၎င်းရဲ့ အစ်ကိုဖြစ်သူ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပြီး ရောဂါပိုး စစ်ဆေးချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အီဂျစ်အသင်းရဲ့ တိုဂိုအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ခွင့်မရခဲ့ဘဲ သီးခြားခွဲနေထိုင်ခဲ့ရပါတယ်။ ဆာလက်ရဲ့ အပြုအမူဟာ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ပေါ့ဆမှု တစ်ခုဖြစ်နေ သလို ကြီးမားတဲ့ အမှားတစ်ခု ပြုလုပ်လိုက်တာဖြစ်ကြောင့် စပါးလ်အသင်းနဲ့ အီဂျစ်တိုက်စစ်မှူးဟောင်း မီဒိုက ပြောကြားလိုက်ပါတယ်။

မီဒိုက “ အီဂျစ်လက်ရွေးစင်အသင်းရဲ့ ပြိုင်ပွဲမတိုင်ခင်မှာ သူ့အစ်ကို မင်္ဂလာပွဲကို တက်ရောက်ခဲ့ခြင်းဟာ ဆာလက်က ကြီးမားတဲ့မှားယွင်းမှုကို ပြုလုပ်လိုက်ခြင်း ဖြစ်တယ်။ အခုလိုကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ကြီးမားတဲ့ ပေါ့ဆမှုလည်းဖြစ်ပြီး ဒီလိုလုပ်ခဲ့မိတဲ့ရလဒ်က သူ့ကို ရောဂါပိုး ကူးစက်စေခဲ့တာပဲ။ ဆာလက်ရဲ့ ပေါ့ဆမှုက အီဂျစ်အသင်းအတွက် အရေးကြီးတဲ့ အချိန်ကာလမှာ အရေးကြီးတဲ့ ကစားသမားတစ်ဦး ဆုံးရှုံးစေခဲ့သလို သူ့ရဲ့ အသင်းဖော်တွေကိုလည်း ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေလည်း ဖြစ်စေခဲ့တယ်။ အထူးသဖြင့် ဒီလို ကာလမှာ သူ့အစ်ကိုရဲ့ မင်္ဂလာပွဲကို သူမတက်ရောက်သင့်ဘူး။ ဒီ မင်္ဂလာဆောင်မှာ လူ ၈၀၀ လောက်တက်ရောက်ကြပြီး တစ်ဝက်လောက်က ဆာလက်ကို ဂုဏ်ပြုပွေ့ဖက်တာ တွေ ပြုလုပ်ခဲ့ကြတယ် ” လို့ ပြောပါတယ်။

85

ဆာလက်အနေနဲ့ ဒုတိယအကြိမ် စစ်ဆေးမှုတွေပြုလုပ်ပြီး ရောဂါပိုးမတွေ့ရှိဘဲ လီဗာပူးလ်ကို ကြာသပတေးနေ့မှာ ပြန်လည်သွားရောက်နိုင်ဖို့ အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မျှော်လင့်ထားပါတယ်။ လီဗာပူးလ်အသင်းဘက်မှာလည်း ဒဏ်ရာရကစားသမားတွေ များပြားနေလို့ ကလော့ပ်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

လီဗာပူးလ်အသင်းမှာ ဗန်ဒိုက်ကလည်း ဒဏ်ရာရနေသလို ဂိုမက်စ်ကလည်း အင်္ဂလန်အသင်းအတွက် ကစားရင်း ဒဏ်ရာရခဲ့ပါတယ်။ ဖာဘင်ဟိုကလည်း ပြီးခဲ့တဲ့လက ပေါင်တွင်းကြော ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေရပါတယ်။ ဒါအပြင် အသင်းခေါင်းဆောင် ဟမ်ဒါဆင်၊ ဘယ်တောင်ပံ ခံစစ်ကစားသမား ရော်ဘတ်ဆင်၊ လူငယ် ခံစစ်ကစားသမား ဝီလ်ယမ်တို့လည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

84

အီဂျစ်ကစားသမားဖြစ်တဲ့ အာဆင်နယ် ကွင်းလယ်ကစားသမား အယ်နီနီးမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့သလို အာဆင်နယ်အသင်းရဲ့ ဘော့စနီးယားခံစစ်ကစားသမား ကိုလာစီနစ်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားပါတယ်။

Zawgyi

ဆာလက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျခင္းဟာ ေပါ့ဆမႈနဲ႔ ႀကီးမားတဲ့ အမွားတစ္ခုကို ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း အီဂ်စ္တိုက္စစ္မႉးေဟာင္း မီဒို ေျပာၾကား

လီဗာပူးလ္အသင္းရဲ့ အီဂ်စ္တိုက္စစ္မႉး ဆာလက္ဟာ အီဂ်စ္နိုင္ငံအတြက္ ကမၻာ့ဖလားေျခစစ္ပြဲ သြားေရာက္ကစားဖို႔ သြားေရာက္ရင္း ေရာဂါကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဆာလက္ဟာ အီဂ်စ္အသင္းနဲ႔ ကစားဖို႔ အီဂ်စ္နိုင္ငံကို ေရာက္ေနစဥ္မွာ ၎ရဲ့ အစ္ကိုျဖစ္သူ မဂၤလာပြဲကို တက္ေရာက္ခဲ့ၿပီး ေရာဂါပိုး စစ္ေဆးခ်ိန္မွာ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အီဂ်စ္အသင္းရဲ့ တိုဂိုအသင္းနဲ႔ ပြဲစဥ္မွာ ပါဝင္ခြင့္မရခဲ့ဘဲ သီးျခားခြဲေနထိုင္ခဲ့ရပါတယ္။ ဆာလက္ရဲ့ အျပဳအမူဟာ ေရာဂါျဖစ္ပြားေနတဲ့ကာလမွာ ေပါ့ဆမႈ တစ္ခုျဖစ္ေန သလို ႀကီးမားတဲ့ အမွားတစ္ခု ျပဳလုပ္လိုက္တာျဖစ္ေၾကာင့္ စပါးလ္အသင္းနဲ႔ အီဂ်စ္တိုက္စစ္မႉးေဟာင္း မီဒိုက ေျပာၾကားလိုက္ပါတယ္။
မီဒိုက “ အီဂ်စ္လက္ေရြးစင္အသင္းရဲ့ ၿပိဳင္ပြဲမတိုင္ခင္မွာ သူ႔အစ္ကို မဂၤလာပြဲကို တက္ေရာက္ခဲ့ျခင္းဟာ ဆာလက္က ႀကီးမားတဲ့မွားယြင္းမႈကို ျပဳလုပ္လိုက္ျခင္း ျဖစ္တယ္။ အခုလိုကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္မွာ ႀကီးမားတဲ့ ေပါ့ဆမႈလည္းျဖစ္ၿပီး ဒီလိုလုပ္ခဲ့မိတဲ့ရလဒ္က သူ႔ကို ေရာဂါပိုး ကူးစက္ေစခဲ့တာပဲ။ ဆာလက္ရဲ့ ေပါ့ဆမႈက အီဂ်စ္အသင္းအတြက္ အေရးႀကီးတဲ့ အခ်ိန္ကာလမွာ အေရးႀကီးတဲ့ ကစားသမားတစ္ဦး ဆုံးရႈံးေစခဲ့သလို သူ႔ရဲ့ အသင္းေဖာ္ေတြကိုလည္း က်န္းမာေရးနဲ႔ ပတ္သက္လို႔ စိုးရိမ္စရာေတြလည္း ျဖစ္ေစခဲ့တယ္။ အထူးသျဖင့္ ဒီလို ကာလမွာ သူ႔အစ္ကိုရဲ့ မဂၤလာပြဲကို သူမတက္ေရာက္သင့္ဘူး။ ဒီ မဂၤလာေဆာင္မွာ လူ ၈၀၀ ေလာက္တက္ေရာက္ၾကၿပီး တစ္ဝက္ေလာက္က ဆာလက္ကို ဂုဏ္ျပဳေပြ႕ဖက္တာ ေတြ ျပဳလုပ္ခဲ့ၾကတယ္ ” လို႔ ေျပာပါတယ္။
ဆာလက္အေနနဲ႔ ဒုတိယအႀကိမ္ စစ္ေဆးမႈေတြျပဳလုပ္ၿပီး ေရာဂါပိုးမေတြ႕ရွိဘဲ လီဗာပူးလ္ကို ၾကာသပေတးေန႔မွာ ျပန္လည္သြားေရာက္နိုင္ဖို႔ အီဂ်စ္က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ ေမၽွာ္လင့္ထားပါတယ္။ လီဗာပူးလ္အသင္းဘက္မွာလည္း ဒဏ္ရာရကစားသမားေတြ မ်ားျပားေနလို႔ ကေလာ့ပ္မွာ အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရပါတယ္။
လီဗာပူးလ္အသင္းမွာ ဗန္ဒိုက္ကလည္း ဒဏ္ရာရေနသလို ဂိုမက္စ္ကလည္း အဂၤလန္အသင္းအတြက္ ကစားရင္း ဒဏ္ရာရခဲ့ပါတယ္။ ဖာဘင္ဟိုကလည္း ၿပီးခဲ့တဲ့လက ေပါင္တြင္းေၾကာ ဒဏ္ရာေၾကာင့္ ေဆးကုသမႈ ခံယူေနရပါတယ္။ ဒါအျပင္ အသင္းေခါင္းေဆာင္ ဟမ္ဒါဆင္၊ ဘယ္ေတာင္ပံ ခံစစ္ကစားသမား ေရာ္ဘတ္ဆင္၊ လူငယ္ ခံစစ္ကစားသမား ဝီလ္ယမ္တို႔လည္း ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရပါတယ္။
အီဂ်စ္ကစားသမားျဖစ္တဲ့ အာဆင္နယ္ ကြင္းလယ္ကစားသမား အယ္နီနီးမွာလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြ႕ရွိခဲ့သလို အာဆင္နယ္အသင္းရဲ့ ေဘာ့စနီးယားခံစစ္ကစားသမား ကိုလာစီနစ္မွာလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားပါတယ္။