ဇီယက်ချ်က ချန်ပီယံဖြစ်ဖို့ လိုအပ်နေတာတွေကို ကူညီပေးသွားနိုင်တဲ့ အမြင်ရှိသူ တစ်ဦးဖြစ်တယ်လို့ ဖာဘရီဂက်စ် ပြောကြား

0
83

 

SBOTOP NOV            အေဂျက်အသင်းကနေ ချဲလ်ဆီးအသင်းကို ရောက်ရှိလာတဲ့ ကွင်းလယ်ကစားသမား ဖြစ်တဲ့ ဇီယက်ချ်က ချဲလ်ဆီးအသင်းအတွက် ချန်ပီယံဖြစ်ဖို့ လိုအပ်နေတာတွေကို ကူညီပေးသွားနိုင်တဲ့ အမြင်ရှိသူတစ်ဦးဖြစ်တယ်လို့ အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂက်စ်က ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုနှစ် နွေရာသီမှာ ကစားသမားခေါ်ယူမှုအတွက် စံချိန်တင်ပြီး ပေါင် ၂၅၃ သန်း သုံးစွဲပြီး ထားပါတယ်။ ဒါကြောင့် အသင်းမန်နေဂျာ လမ်းပတ်အနေနဲ့လည်း ယခုနှစ် ဘောလုံးရာသီအတွက် အာရုံစူးစိုက်မှုများစွာ ထားရှိထားပါတယ်။

ဒါပေမဲ့လည်း ယခုနှစ် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းက ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လက်စတာ အသင်းနောက် ရမှတ် သုံးမှတ်ကွာဟနေပေမဲ့ ချန်ပီယံလိဂ်မှာ အခြေအနေကောင်းမွန်နေသလို နောက်ဆုံး ကစားခဲ့တဲ့ ရှစ်ပွဲမှာ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

ချဲလ်ဆီးအသင်းမှာ ဇီယက်ချ်က ခုနစ်ပွဲကစားထားချိန်မှာ အသစ်ခေါ်ယူထားတဲ့ ဝါနာက ခုနစ်ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ ဇီယက်ချ်က အေဂျက်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းနဲ့ ရောက်ရှိ လာပြီးနောက် ၎င်းရဲ့ ပွဲဦးထွက်ကာလမှာ နှစ်ဂိုး သွင်းယူပြီး သုံးကြိမ်ဖန်တီးထားနိုင်ပါတယ်။ ဖာဘရီဂက်စ် ကတော့ ချဲလ်ဆီးအသင်းက ရေရှည်မှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိလာမယ်လို့ ယုံကြည်ထားပါတယ်။

73

ဖာဘရီဂက်စ်က “ သူက အရမ်းကို ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။ ချဲလ်ဆီးလို အသင်းမျိုးကို ချန်ပီယံဖြစ်ဖို့ ဘာတွေလိုအပ်နေတယ်ဆိုတဲ့ အမြင်မျိုးရှိခဲ့ ကစားသမားပါ။ နည်းပြရဲ့ နည်းဗျူဟာပိုင်းလား ဘာကြောင့်လဲဆိုရင် ကစားသမား အခြေအနေမကောင်းရင် သူတို့တွေက ဆုံးဖြတ်ချက်တွေ မပြုလုပ်ဘူး။ ဒါကြောင့် သူတို့တွေက ကစားသမားတွေကို ဘာတွေလုပ်ရမယ်ဆိုတာကို အမြဲတမ်းပြောနေဖို့တော့ လိုအပ်တယ်။ သူ့ကို မြင်နေရရုံကြည့်နေတာ မဟုတ်ဘူး။ ဒီနေရာမှာ သူဘာတွေ မှန်ကန်အောင် ပြုလုပ်နေပြီလဲ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဒီနေ့ကာလမှာ ဆုံးဖြတ်ချက်တွေ ပြုလုပ်သွားတာ ” လို့ ပြောပါတယ်။

ဖာဘရီဂက်စ်ဟာ ချဲလ်ဆီးအသင်းနဲ့ ငါးနှစ်တာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ် ရယူနိုင်ခဲ့ပါ တယ်။ လက်ရှိခေါ်ယူထားတဲ့ ကစားသမားတွေက အကောင်းဆုံးပုံစံမှာ ရှိနေမယ်ဆိုရင် ချဲလ်ဆီးအသင်းဟာ ဆုဖလားတွေအတွက် စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်တယ်လို့ ၎င်းက ယုံကြည်ထားပါတယ်။

ဆက်လက်ပြီး ၎င်းက “ ပြီးခဲ့တဲ့ နှစ်က သူတို့တွေရဲ့ စိတ်ကူးစိတ်သန်းတွေကို မင်းတို့ မြင်တွေ့ခဲ့ကြမှာပါ။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီနဲ့ ကွာနိုင်ကောင်း ကွာနိုင်ပါတယ်။ ဇီယက်ချ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် သူနောက်ဆုံး ဖြတ်တင်ခဲ့တာကို မင်းမြင်နိုင်မှာပါ။ သူပြုလုပ်ခဲ့တာက ခံစစ်ကစားသမားတွေ မမျှော်လင့်ထားတဲ့ အရာဖြစ်နေတယ်။ သူတို့တွေကလည်း ဒီလို ဖြတ်တင်မယ်လို့ မမျှော်လင့်ထားကြဘူး။ မင်းက အိပ်ချင်နေလို့ပဲ ဖြစ်ဖြစ် ဝါနာ ပြုလုပ်တာကို နှစ်သက်တာပဲ ဖြစ်နေရင် ဇီယက်ချ်ရဲ့ ဖန်တီးမှုက နောက်မှာ ရောက်နေမှာပါ။ ဒီနှစ်မှာတော့ ချဲလ်ဆီးအသင်းက စွမ်းအားအပြည့်နဲ့ စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်း ဖြစ်တယ်လို့ ကွျန်တော်ထင်တယ် ” လို့ ပြောပါတယ်။

Zawgyi

ဇီယက္ခ်္က ခ်န္ပီယံျဖစ္ဖို႔ လိုအပ္ေနတာေတြကို ကူညီေပးသြားနိုင္တဲ့ အျမင္ရွိသူ တစ္ဦးျဖစ္တယ္လို႔ ဖာဘရီဂက္စ္ ေျပာၾကား

ေအဂ်က္အသင္းကေန ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိလာတဲ့ ကြင္းလယ္ကစားသမား ျဖစ္တဲ့ ဇီယက္ခ်္က ခ်ဲလ္ဆီးအသင္းအတြက္ ခ်န္ပီယံျဖစ္ဖို႔ လိုအပ္ေနတာေတြကို ကူညီေပးသြားနိုင္တဲ့ အျမင္ရွိသူတစ္ဦးျဖစ္တယ္လို႔ အသင္းရဲ့ ကြင္းလယ္ကစားသမားေဟာင္း ဖာဘရီဂက္စ္က ေျပာၾကားလိုက္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ယခုႏွစ္ ေႏြရာသီမွာ ကစားသမားေခၚယူမႈအတြက္ စံခ်ိန္တင္ၿပီး ေပါင္ ၂၅၃ သန္း သုံးစြဲၿပီး ထားပါတယ္။ ဒါေၾကာင့္ အသင္းမန္ေနဂ်ာ လမ္းပတ္အေနနဲ႔လည္း ယခုႏွစ္ ေဘာလုံးရာသီအတြက္ အာ႐ုံစူးစိုက္မႈမ်ားစြာ ထားရွိထားပါတယ္။
ဒါေပမဲ့လည္း ယခုႏွစ္ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးအသင္းက ထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ လက္စတာ အသင္းေနာက္ ရမွတ္ သုံးမွတ္ကြာဟေနေပမဲ့ ခ်န္ပီယံလိဂ္မွာ အေျခအေနေကာင္းမြန္ေနသလို ေနာက္ဆုံး ကစားခဲ့တဲ့ ရွစ္ပြဲမွာ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။
ခ်ဲလ္ဆီးအသင္းမွာ ဇီယက္ခ်္က ခုနစ္ပြဲကစားထားခ်ိန္မွာ အသစ္ေခၚယူထားတဲ့ ဝါနာက ခုနစ္ဂိုး သြင္းယူေပးထားနိုင္ပါတယ္။ ဇီယက္ခ်္က ေအဂ်က္ကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၈ သန္းနဲ႔ ေရာက္ရွိ လာၿပီးေနာက္ ၎ရဲ့ ပြဲဦးထြက္ကာလမွာ ႏွစ္ဂိုး သြင္းယူၿပီး သုံးႀကိမ္ဖန္တီးထားနိုင္ပါတယ္။ ဖာဘရီဂက္စ္ ကေတာ့ ခ်ဲလ္ဆီးအသင္းက ေရရွည္မွာ ေကာင္းမြန္တဲ့ ရလဒ္ေတြ ရရွိလာမယ္လို႔ ယုံၾကည္ထားပါတယ္။
ဖာဘရီဂက္စ္က “ သူက အရမ္းကို ေကာင္းမြန္တဲ့ ကစားသမားတစ္ဦးပါ။ ခ်ဲလ္ဆီးလို အသင္းမ်ိဳးကို ခ်န္ပီယံျဖစ္ဖို႔ ဘာေတြလိုအပ္ေနတယ္ဆိုတဲ့ အျမင္မ်ိဳးရွိခဲ့ ကစားသမားပါ။ နည္းျပရဲ့ နည္းဗ်ဴဟာပိုင္းလား ဘာေၾကာင့္လဲဆိုရင္ ကစားသမား အေျခအေနမေကာင္းရင္ သူတို႔ေတြက ဆုံးျဖတ္ခ်က္ေတြ မျပဳလုပ္ဘူး။ ဒါေၾကာင့္ သူတို႔ေတြက ကစားသမားေတြကို ဘာေတြလုပ္ရမယ္ဆိုတာကို အျမဲတမ္းေျပာေနဖို႔ေတာ့ လိုအပ္တယ္။ သူ႔ကို ျမင္ေနရ႐ုံၾကည့္ေနတာ မဟုတ္ဘူး။ ဒီေနရာမွာ သူဘာေတြ မွန္ကန္ေအာင္ ျပဳလုပ္ေနၿပီလဲ။ အဲဒီအေပၚမွာ မူတည္ၿပီးေတာ့ ဒီေန႔ကာလမွာ ဆုံးျဖတ္ခ်က္ေတြ ျပဳလုပ္သြားတာ ” လို႔ ေျပာပါတယ္။
ဖာဘရီဂက္စ္ဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ငါးႏွစ္တာ ကစားခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား ႏွစ္ႀကိမ္ ရယူနိုင္ခဲ့ပါ တယ္။ လက္ရွိေခၚယူထားတဲ့ ကစားသမားေတြက အေကာင္းဆုံးပုံစံမွာ ရွိေနမယ္ဆိုရင္ ခ်ဲလ္ဆီးအသင္းဟာ ဆုဖလားေတြအတြက္ စိန္ေခၚနိုင္တဲ့ အသင္းတစ္သင္း ျဖစ္တယ္လို႔ ၎က ယုံၾကည္ထားပါတယ္။
ဆက္လက္ၿပီး ၎က “ ၿပီးခဲ့တဲ့ ႏွစ္က သူတို႔ေတြရဲ့ စိတ္ကူးစိတ္သန္းေတြကို မင္းတို႔ ျမင္ေတြ႕ခဲ့ၾကမွာပါ။ ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီနဲ႔ ကြာနိုင္ေကာင္း ကြာနိုင္ပါတယ္။ ဇီယက္ခ်္နဲ႔ ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ သူေနာက္ဆုံး ျဖတ္တင္ခဲ့တာကို မင္းျမင္နိုင္မွာပါ။ သူျပဳလုပ္ခဲ့တာက ခံစစ္ကစားသမားေတြ မေမၽွာ္လင့္ထားတဲ့ အရာျဖစ္ေနတယ္။ သူတို႔ေတြကလည္း ဒီလို ျဖတ္တင္မယ္လို႔ မေမၽွာ္လင့္ထားၾကဘူး။ မင္းက အိပ္ခ်င္ေနလို႔ပဲ ျဖစ္ျဖစ္ ဝါနာ ျပဳလုပ္တာကို ႏွစ္သက္တာပဲ ျဖစ္ေနရင္ ဇီယက္ခ်္ရဲ့ ဖန္တီးမႈက ေနာက္မွာ ေရာက္ေနမွာပါ။ ဒီႏွစ္မွာေတာ့ ခ်ဲလ္ဆီးအသင္းက စြမ္းအားအျပည့္နဲ႔ စိန္ေခၚနိုင္စြမ္းရွိတဲ့ အသင္းတစ္သင္း ျဖစ္တယ္လို႔ ကြ်န္ေတာ္ထင္တယ္ ” လို႔ ေျပာပါတယ္။