တံကောက်ကြောဒဏ်ရာကြောင့် ပွဲကစားခွင့်လွဲရတော့မယ့် ရာမို့စ်

0
65

SBOTOP NOV

ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် အနည်းဆုံး ကလပ်အသင်းပွဲစဉ် ၃ ပွဲခန့် လွဲချော်ရတော့မှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အသင်းခေါင်းဆောင်ရဲ့ ဒဏ်ရာက ဘယ်လောက်အထိ ကြန့်ကြာနိုင်မလဲဆိုတာ သေချာမပြောနိုင်သေးပေမဲ့ စပိန်မီဒီယာတွေကတော့ ဒီကစားသမားအနေနဲ့ နိုဝင်ဘာလထဲမှာတော့ ပြန်လာနိုင်ခြေမရှိဘူးလို့ ဆိုကြပါတယ်။

နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ စနေနေ့မှာ ဗီလာရီးရဲလ်အသင်းနဲ့ လာလီဂါပွဲစဉ် ကစားရမှာဖြစ်ပြီး ဗုဒ္ဒဟူး နေ့မှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲပြီးနောက်မှာလည်း အလာဗက်စ်နဲ့ ကစားရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ရာမို့စ်အနေနဲ့ အနည်းဆုံး အဲဒီပွဲစဉ် ၃ ပွဲလောက်ကိုတော့ လွဲချော်ရဖို့ သေချာသလောက်ရှိနေပါတယ်။ ရာမို့စ်ဟာ ဂျာမနီကို ၆-ဝ ဂိုးနဲ့ အံ့အားသင့်ဖွယ်အနိုင်ရတဲ့ နေရှင်းလိဂ်ပွဲမှာ စပိန်အသင်းအတွက် ပါဝင်ကစားရင်း ပထမပိုင်းမှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ရာမို့စ်နဲ့ပတ်သက်ပြီး ရီးရဲလ်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ “ ရီးရဲလ်အသင်းဆေးအဖွဲ့အနေနဲ့ ဆာဂျီယိုရာမို့စ်ရဲ့ ဒဏ်ရာကို ဒီနေ့မှာ ဆေးစစ်ချက်တွေ ပြုလုပ်ပြီးနောက်မှာတော့ သူဟာ ညာဘက်တံကောက် ကြောမှာ ကြွက်သားစုတ်ပြဲဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ သူ ပြန်လည်နလန်ထလာနိုင်ရေးကတော့ စောင့်ကြည့် သွားရဦးမှာပါ” လို့ ပါရှိခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ ဇီဒန်းဟာ ပြင်သစ်အသင်းအတွက် ပွဲချိန်တစ်ဝက်လောက် သာ ကစားပေးနိုင်ခဲ့တဲ့ နောက်ခံလူ ဗာရာနီရဲ့ အခြေအနေအတွက်လည်း စိုးရိမ်နေရတယ်လို့ သိရပါတယ်။

Sbotop

(zawgyi)

တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ပြဲကစားခြင့္လြဲရေတာ့မယ့္ ရာမို႔စ္

ရီးရဲလ္မက္ဒရစ္အသင္းေနာက္ခံလူ ဆာဂ်ီယိုရာမို႔စ္ဟာ တံေကာက္ေၾကာဒဏ္ရာျပႆနာေၾကာင့္ အနည္းဆုံး ကလပ္အသင္းပြဲစဥ္ ၃ ပြဲခန္႔ လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ အသင္းေခါင္းေဆာင္ရဲ႕ ဒဏ္ရာက ဘယ္ေလာက္အထိ ၾကန္႔ၾကာႏုိင္မလဲဆိုတာ ေသခ်ာမေျပာႏုိင္ေသးေပမဲ့ စပိန္မီဒီယာေတြကေတာ့ ဒီကစားသမားအေနနဲ႔ ႏုိ၀င္ဘာလထဲမွာေတာ့ ျပန္လာႏုိင္ေျခမရွိဘူးလို႔ ဆိုၾကပါတယ္။

နည္းျပ ဇီဒန္းရဲ႕ ရီးရဲလ္အသင္းဟာ စေနေန႔မွာ ဗီလာရီးရဲလ္အသင္းနဲ႔ လာလီဂါပြဲစဥ္ ကစားရမွာျဖစ္ၿပီး ဗုဒၵဟူး ေန႔မွာ အင္တာမီလန္နဲ႔ ခ်န္ပီယံလိဂ္ပြဲၿပီးေနာက္မွာလည္း အလာဗက္စ္နဲ႔ ကစားရဦးမွာျဖစ္္ပါတယ္။ ဒါေၾကာင့္ ရာမို႔စ္အေနနဲ႔ အနည္းဆုံး အဲဒီပြဲစဥ္ ၃ ပြဲေလာက္ကိုေတာ့ လြဲေခ်ာ္ရဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။ ရာမို႔စ္ဟာ ဂ်ာမနီကို ၆-၀ ဂိုးနဲ႔ အံ့အားသင့္ဖြယ္အႏိုင္ရတဲ့ ေနရွင္းလိဂ္ပြဲမွာ စပိန္အသင္းအတြက္ ပါ၀င္ကစားရင္း ပထမပိုင္းမွာ ဒဏ္ရာရခဲ့တာျဖစ္ပါတယ္။

ရာမို႔စ္နဲ႔ပတ္သက္ၿပီး ရီးရဲလ္အသင္းရဲ႕ ထုတ္ျပန္ခ်က္္မွာေတာ့ “ ရီးရဲလ္အသင္းေဆးအဖြဲ႕အေနနဲ႔ ဆာဂ်ီယိုရာမို႔စ္ရဲ႕ ဒဏ္ရာကို ဒီေန႔မွာ ေဆးစစ္ခ်က္ေတြ ျပဳလုပ္ၿပီးေနာက္မွာေတာ့ သူဟာ ညာဘက္တံေကာက္ ေၾကာမွာ ၾကြက္သားစုတ္ၿပဲဒဏ္ရာရခဲ့တာျဖစ္ပါတယ္။ သူ ျပန္လည္နလန္ထလာႏုိင္ေရးကေတာ့ ေစာင့္ၾကည့္ သြားရဦးမွာပါ” လို႔ ပါရွိခဲ့ပါတယ္။ ဒါ့အျပင္ နည္းျပ ဇီဒန္းဟာ ျပင္သစ္အသင္းအတြက္ ပြဲခ်ိန္တစ္၀က္ေလာက္ သာ ကစားေပးႏုိင္ခဲ့တဲ့ ေနာက္ခံလူ ဗာရာနီရဲ႕ အေျခအေနအတြက္လည္း စိုးရိမ္ေနရတယ္လို႔ သိရပါတယ္။