ဒဏ်ရာရကစားသမားများစွာနဲ့ ကလော့ပ်အတွက် ရုန်းကန်ရမဲ့ ကာလတစ်ခုကို ရောက်ရှိနေ

0
90

 

SBOTOP NOV            ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ ယခုတစ်ပတ် တနင်္ဂနွေနေ့မှာ အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ လက်စတာစီးတီးအသင်းကို အိမ်ကွင်းပွဲအဖြစ် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကကစားသမားများစွာ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတဲ့အတွက် လီဗာပူးလ်မန်နေဂျာ ကလော့ပ်မှာတော့ ရုန်းကန်ရမဲ့ ကာလတစ်ခု ဖြစ်စေခဲ့ပါတယ်။

အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟမ်ဒါဆင်က အင်္ဂလန်နိုင်ငံအသင်းအတွက် ဘယ်လ်ဂျီယမ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ကြွက်သားဒဏ်ရာ ရရှိခဲ့လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က လီဗာပူးလ်အသင်းကိုပြန်ခဲ့ရပါတယ်။ အဓိက ကွင်းလယ် ကစားသမား ဟမ်ဒါဆင် ဒဏ်ရာရနေခြင်းက ကလော့ပ်ကို ခေါင်းကိုက်စရာ ဖြစ်ရပ်တစ်ခု ဖြစ်စေခဲ့ပါတယ်။

အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ဆာလက်ကလည်း အီဂျစ်နိုင်ငံအသင်းအတွက် သွားရောက် ကစားဖို့ အီဂျစ်ကို ပြန်သွားချိန်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါ တယ်။ ဗုဒ္ဓဟူးနေ့က ဒုတိယအကြိမ်စစ်ဆေးချိန်မှာ ရောဂါပိုးရှိနေကြောင်းတွေ့ရှိခဲ့လို့ နောက်ထပ်ပြီး ရောဂါပိုး မတွေ့ရှိတဲ့အထိ သီးခြားခွဲနေသွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆာလက်က တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် အပါအဝင် အတ္တလန္တာနဲ့ ကစားရမဲ့ ချန်ပီယံလိဂ်ပွဲနဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကစားရမဲ့ ဘရိုင်တန်နဲ့ ပွဲစဉ်တွေလည်း လွဲချော်သွားဖို့ရှိနေပါတယ်။ ၎င်းအနေနဲ့ ရောဂါပိုးမကင်းစင်သေးချိန်မှာ အီဂျစ်နိုင်ငံမှာ ဆက်လက်နေထိုင်သွားရမှာ ဖြစ်ပြီး အင်္ဂလန်ကို ပြန်လာလို့ မရသေးဘဲ ဖြစ်နေပါတယ်။

90

ခံစစ်ပိုင်းမှာ ဗန်ဒိုက် မပါဝင်နိုင်သလို ဂိုမက်စ်ကလည်း အင်္ဂလန်အသင်းအတွက် ကစားရင်း ဒဏ်ရာရနေတဲ့အပြင် အာနိုးကလည်း မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေသလုံးဒဏ်ရာကြောင့် သုံးပတ်လောက် အနားယူသွားရဦးမှာ ဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာ မာတစ်တစ်ဦးပဲ ကြံ့ခိုင်မှုပြည့်၀နေပြီး လက်စတာနဲ့ပွဲမှာ နက် ဖီးလစ်နဲ့ ဝီလ်ယမ်တို့ တစ်ဦးဦးနဲ့ တွဲဖက်ကစားသွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝီလ်ယမ်က အင်္ဂလန် ယူ-၂၁ အသင်းနဲ့ အယ်ဘေးနီးယားအသင်းတို့ ကစားစဉ်မှာ တင်ပါးဒဏ်ရာကြောင့် အိမ်ပြန်ခဲ့ရပါတယ်။

ဗဟိုခံစစ်နေရာက ကစားသမားတစ်ဦးဖြစ်တဲ့ ဖာဘင်ဟိုကလည်း ပေါင်တွင်းကြောဒဏ်ရာကြောင့် ဆေးဝါးကုသမှု ခံယူနေရပါတယ်။ ဒူးဒဏ်ရာရနေလို့ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်  သုံးပွဲ မပါဝင်နိုင်တဲ့ သီယာဂိုကတော့ လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးဖြစ်လာနိုင်ပါတယ်။

တောင်ပံခံစစ်ကစားသမားဖြစ်တဲ့ ရော်ဘတ်ဆင်က စကောတလန်နဲ့ အစ္စရေးအသင်းတို့ ကစားခဲ့တဲ့ပွဲမှာ ပေါင်တွင်းကြောဒဏ်ရာရခဲ့လို့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ စလိုဘက်ကီးယားနဲ့ပွဲမှာ မပါခဲ့လို့ လက်စတာနဲ့ ပွဲမှာပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

Zawgyi

ဒဏ္ရာရကစားသမားမ်ားစြာနဲ႔ ကေလာ့ပ္အတြက္ ႐ုန္းကန္ရမဲ့ ကာလတစ္ခုကို ေရာက္ရွိေန

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့ လီဗာပူးလ္အသင္းဟာ ယခုတစ္ပတ္ တနဂၤေႏြေန႔မွာ အမွတ္ေပး ဇယားကို ဦးေဆာင္ေနတဲ့ လက္စတာစီးတီးအသင္းကို အိမ္ကြင္းပြဲအျဖစ္ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အဓိကကစားသမားမ်ားစြာ ဒဏ္ရာျပႆနာနဲ႔ရင္ဆိုင္ေနရတဲ့အတြက္ လီဗာပူးလ္မန္ေနဂ်ာ ကေလာ့ပ္မွာေတာ့ ႐ုန္းကန္ရမဲ့ ကာလတစ္ခု ျဖစ္ေစခဲ့ပါတယ္။
အသင္းေခါင္းေဆာင္ျဖစ္တဲ့ ဟမ္ဒါဆင္က အဂၤလန္နိုင္ငံအသင္းအတြက္ ဘယ္လ္ဂ်ီယမ္နဲ႔ ကစားခဲ့တဲ့ ပြဲမွာ ႂကြက္သားဒဏ္ရာ ရရွိခဲ့လို႔ ၿပီးခဲ့တဲ့ တနလၤာေန႔က လီဗာပူးလ္အသင္းကိုျပန္ခဲ့ရပါတယ္။ အဓိက ကြင္းလယ္ ကစားသမား ဟမ္ဒါဆင္ ဒဏ္ရာရေနျခင္းက ကေလာ့ပ္ကို ေခါင္းကိုက္စရာ ျဖစ္ရပ္တစ္ခု ျဖစ္ေစခဲ့ပါတယ္။
အသင္းရဲ့ အဓိက တိုက္စစ္မႉး ျဖစ္တဲ့ ဆာလက္ကလည္း အီဂ်စ္နိုင္ငံအသင္းအတြက္ သြားေရာက္ ကစားဖို႔ အီဂ်စ္ကို ျပန္သြားခ်ိန္မွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့ပါ တယ္။ ဗုဒၶဟူးေန႔က ဒုတိယအႀကိမ္စစ္ေဆးခ်ိန္မွာ ေရာဂါပိုးရွိေနေၾကာင္းေတြ႕ရွိခဲ့လို႔ ေနာက္ထပ္ၿပီး ေရာဂါပိုး မေတြ႕ရွိတဲ့အထိ သီးျခားခြဲေနသြားရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆာလက္က တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ အပါအဝင္ အတၱလႏၲာနဲ႔ ကစားရမဲ့ ခ်န္ပီယံလိဂ္ပြဲနဲ႔ နိုဝင္ဘာ ၂၈ ရက္ေန႔မွာ ကစားရမဲ့ ဘရိုင္တန္နဲ႔ ပြဲစဥ္ေတြလည္း လြဲေခ်ာ္သြားဖို႔ရွိေနပါတယ္။ ၎အေနနဲ႔ ေရာဂါပိုးမကင္းစင္ေသးခ်ိန္မွာ အီဂ်စ္နိုင္ငံမွာ ဆက္လက္ေနထိုင္သြားရမွာ ျဖစ္ၿပီး အဂၤလန္ကို ျပန္လာလို႔ မရေသးဘဲ ျဖစ္ေနပါတယ္။
ခံစစ္ပိုင္းမွာ ဗန္ဒိုက္ မပါဝင္နိုင္သလို ဂိုမက္စ္ကလည္း အဂၤလန္အသင္းအတြက္ ကစားရင္း ဒဏ္ရာရေနတဲ့အျပင္ အာနိုးကလည္း မန္စီးတီးနဲ႔ ကစားခဲ့တဲ့ပြဲမွာ ေျခသလုံးဒဏ္ရာေၾကာင့္ သုံးပတ္ေလာက္ အနားယူသြားရဦးမွာ ျဖစ္ပါတယ္။ ခံစစ္ပိုင္းမွာ မာတစ္တစ္ဦးပဲ ႀကံ့ခိုင္မႈျပည့္၀ေနၿပီး လက္စတာနဲ႔ပြဲမွာ နက္ ဖီးလစ္နဲ႔ ဝီလ္ယမ္တို႔ တစ္ဦးဦးနဲ႔ တြဲဖက္ကစားသြားရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဝီလ္ယမ္က အဂၤလန္ ယူ-၂၁ အသင္းနဲ႔ အယ္ေဘးနီးယားအသင္းတို႔ ကစားစဥ္မွာ တင္ပါးဒဏ္ရာေၾကာင့္ အိမ္ျပန္ခဲ့ရပါတယ္။
ဗဟိုခံစစ္ေနရာက ကစားသမားတစ္ဦးျဖစ္တဲ့ ဖာဘင္ဟိုကလည္း ေပါင္တြင္းေၾကာဒဏ္ရာေၾကာင့္ ေဆးဝါးကုသမႈ ခံယူေနရပါတယ္။ ဒူးဒဏ္ရာရေနလို႔ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ သုံးပြဲ မပါဝင္နိုင္တဲ့ သီယာဂိုကေတာ့ လက္စတာနဲ႔ပြဲမွာ ပါဝင္နိုင္ဖို႔ အခြင့္အေရးျဖစ္လာနိုင္ပါတယ္။
ေတာင္ပံခံစစ္ကစားသမားျဖစ္တဲ့ ေရာ္ဘတ္ဆင္က စေကာတလန္နဲ႔ အစၥေရးအသင္းတို႔ ကစားခဲ့တဲ့ပြဲမွာ ေပါင္တြင္းေၾကာဒဏ္ရာရခဲ့လို႔ တနဂၤေႏြေန႔က ကစားခဲ့တဲ့ စလိုဘက္ကီးယားနဲ႔ပြဲမွာ မပါခဲ့လို႔ လက္စတာနဲ႔ ပြဲမွာပါဝင္လာနိုင္ဖြယ္ ရွိေနပါတယ္။