နောက်နှစ်အနည်းငယ်အတွင်း အာတီတာဟာ ကမ္ဘာ့ထိပ်တန်း မန်နေဂျာတစ်ဦးဖြစ်လာလိမ့်မယ်ဆိုပြီး ဝီလ်ယမ် ပြောကြား
0
77
အာဆင်နယ်အသင်းမန်နေဂျာ အာတီတာဟာ နောက်လာမဲ့ နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ထိပ်တန်း မန်နေဂျာတစ်ဦးဖြစ်လာလိမ့်မယ်ဆိုပြီး တောင်ပံကစားသမား ဝီလ်ယမ်က ပြောကြားလိုက်ပါတယ်။ အာတီတာရဲ့ လက်ထက်မှာ အာဆင်နယ်အသင်းက တိုးတက်မှုတွေ ရရှိနေလို့ ဆက်လက်ပြီး ထိပ်ဆုံးတက်ရောက်သွားနိုင်မယ် လို့လည်း ၎င်းက ယုံကြည်ထားပါတယ်။
အာတီတာဟာ အာဆင်နယ်အသင်း မန်နေဂျာအဖြစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အမ်မရီကို ထုတ်ပယ်လိုက်ပြီးနောက် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးအသင်းကို အနိုင်ရခဲ့ပြီး ဖိုင်နယ်မှာ ချဲလ်ဆီးအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့ပါ တယ်။ ဝီလ်ယမ်ဟာ ယခုနှစ် နွေရာသီက အာတီတာ ခေါ်ယူထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ အသက် အပိုင်းအခြားအရ အသင်းမှာ ကာလတို ကစားသွားမဲ့ ကစားသမားတစ်ဦး ဖြစ်နေပါတယ်။
82
ဝီလ်ယမ်က အာတီတာရဲ့ အလားအလာနဲ့ ပတ်သက်ပြီး “ သူက ထိပ်တန်းမန်နေဂျာ တစ်ဦးဖြစ်လာ ပါလိမ့်မယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကွျန်တော့်မှာ ဘာသံသယမှ ရှိမနေပါဘူး။ ဒီနေရာမှာ ရည်မှန်းချက်တွေနဲ့ အလားအလာတွေ ရှိနေပါတယ်။ လာမဲ့ နှစ်အနည်းငယ်အတွင်းမှာ သူက ပရီးမီးယားလိဂ်နဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးမန်နေဂျာ တစ်ဦးဖြစ်လာပါလိမ့်မယ်။ မင်းဟာ ဆုဖလားတွေကို အကောင်းဆုံးရယူ နိုင်သူဖြစ်နေပြီဆိုရင် ဒီလိုအရာတွေ ဖြစ်လာဖို့ဆိုတာ အနှေးနဲ့ အမြန်ပဲ ကွာပါမယ်။ သူက သူတွေးထင်ထားတဲ့ နည်းဗျူဟာပိုင်းကို ရှင်းပြတယ် ပြောပြတယ်။ သူက ပြိုင်ပွဲတစ်ပွဲကို ခပ်မြန်မြန်သုံးသပ်နိုင်သူဖြစ်ပြီး လိုအပ်တာတွေကို ချက်ချင်းပြင်ဆင်မှုတွေ ပြုလုပ်နိုင်တယ်။ သူ့လက်အောက်မှာ လေ့ကျင့်မှုတွေ ပြုလုပ်ရတာ အံ့အားသင့်စရာတွေ ဖြစ်စေသလို သင်ယူစရာတွေများစွာ ရရှိတယ် ” လို့ပြောပါတယ်။
ဝီလ်ယမ်ဟာ အာတီတာရဲ့ လက်အောက်မှာ အဓိကကစားသမားတစ်ဦးဖြစ်လာသလို ယခုနှစ် ဘောလုံးရာသီအတွက် ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲကစားထားပါတယ်။ လာမဲ့ တနင်္ဂနွေနေ့မှာ လိဒ်ယူနိုက်တက် အသင်းနဲ့ အဝေးကွင်းပွဲ ကစားဖို့ရှိနေပြီး ဝီလ်ယမ်အနေနဲ့ပါဝင်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်။
Zawgyi