နောက်နှစ် နွေရာသီမှာ ဘာစီလိုနာကနေ မက်ဆီ ထွက်ခွာသွားနိုင်ကြောင်း လူးဝစ် ဖီဂို မှတ်ချက်ပြု ပြောကြား

0
97

 

ezgif-7-2c3afbe0f68a        ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး မက်ဆီက နောက်နှစ် နွေရာသီရောက်ရင် အသင်းကနေ ထွက်ခွာသွားနိုင်ကြောင်း ဖီဂိုက မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။ မက်ဆီရဲ့ အနာဂတ်ဟာ ဘာစီလိုနာမှာ ဆက်လက်ရှိနေဖို့ မသေချာမှု လမ်းကြောင်း တစ်ခုအပေါ်မှာ ရှိနေပါတယ်။ မက်ဆီရဲ့ လက်ထဲမှာ ရှိနေတဲ့ အနာဂတ်ဟာ ပြောင်းရွှေ့မှုတစ်ခုရဲ့ တောင်းဆိုမှုပေါ်မှာ ရှိနေသလို ဘာစီလိုနာမှာ ဆက်လက်ကိုယ်စားပြုနေဖို့ ဆိုတာကလည်း ၎င်းကပဲ အဆုံးသတ်သွားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာမှာ ကစားခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့သူ ဖီဂိုကတော့ တကယ်လို့ ကစားသမားတစ်ယောက်က အသင်းပြောင်း ကစားလိုတယ်ဆိုရင်တော့ အသင်းမှာ ရှိခဲ့တဲ့ အရာတွေကို ဘာမှမရှိသလို ခံစားပြီး စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲ နိုင်ရမယ်လို့ ဆိုပါတယ်။

64

ဖီဂိုက “ မက်ဆီနဲ့ ပတ်သက်တဲ့ အရာတွေကို စောင့်ကြည့်တော့ ဒီနှစ်နွေရာသီမှာကတည်းက သူက အသင်းကနေပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်။ ဘောလုံး ပရိသတ်တွေ အားလုံးဘက်ကလည်း မျှော်လင့်ချက် ကြီးစွာ စောင့်နေတာ ရှိသလို အံ့ဩနေကြတာတွေလည်း ရှိကြတယ်။ သူပြုလုပ်မဲ့ ဆုံးဖြတ်ချက်အတွက် သူ့မှာလည်း ဦးတည်ချက်နဲ့ အကြောင်းပြချက်တော့ ရှိနေမှာပါ။ ဘာဖြစ်လာမယ်ဆိုတာတော့ ကွျန်တော် မသိနိုင်ပါဘူး။ အသင်းတိုင်းကတော့ မက်ဆီလို ကစားသမားမျိုးကိုအလိုရှိကြပါတယ်။ ဒါကလည်း သူတို့ အသင်းတွေရဲ့ လက်ရှိကာလ ဘဏ္ဍာရေးအခြေအနေပေါ်မှာ မူတည်နေပါတယ်။ ကစားသမားကို ပေးရမဲ့ လုပ်ခလည်း ရှိနေသေးတယ်။ ဒါပေမဲ့ ဘ၀တစ်ခုထဲမှာ ယေဘုယျအနေနဲ့ တကယ်လို့ မင်းက နေရာတစ်ခုမှာ မနေလိုတော့ဘူးဆိုရင် ဒီနေရာမှာ ဘာမှ မရှိဘူးလို့ အဆုံးသတ်ရမှာ ဖြစ်သလို မင်းရဲ့ စိတ်တွေကိုလည်း ပြောင်းလဲပစ်နိုင်ရမယ် ” လို့ပြောပါတယ်။

မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ၁၀ ပွဲကစားထားပြီး ခြောက်ဂိုးသွင်းယူ ထားနိုင်သလို လေးကြိမ်ဖန်တီးထားပါတယ်။ အသက် ၃၃ နှစ်အရွယ် မက်ဆီအနေနဲ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆို နိုင်သလို ၎င်းရဲ့စာချုပ်က နောက်နှစ် ဇွန်လမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်း ဘက်ကလည်း နောက်နှစ်မှာ မက်ဆီ ဆက်လက်ရှိသွားမလားဆိုတာကိုလည်း အာမခံချက် မပေးနိုင်သေးပါဘူး။ လက်ရှိအချိန်မှာတော့ မက်ဆီက အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစမ်းပွဲဖြစ်တဲ့ ပါရာဂွေးအသင်းနဲ့ ၁-၁ သရေဖြစ်ခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ်။

Zawgyi

ေနာက္ႏွစ္ ေႏြရာသီမွာ ဘာစီလိုနာကေန မက္ဆီ ထြက္ခြာသြားနိုင္ေၾကာင္း လူးဝစ္ ဖီဂို မွတ္ခ်က္ျပဳ ေျပာၾကား

ဘာစီလိုနာအသင္းရဲ့ နာမည္ေက်ာ္တိုက္စစ္မႉး မက္ဆီက ေနာက္ႏွစ္ ေႏြရာသီေရာက္ရင္ အသင္းကေန ထြက္ခြာသြားနိုင္ေၾကာင္း ဖီဂိုက မွတ္ခ်က္ျပဳ ေျပာၾကားလိုက္ပါတယ္။ မက္ဆီရဲ့ အနာဂတ္ဟာ ဘာစီလိုနာမွာ ဆက္လက္ရွိေနဖို႔ မေသခ်ာမႈ လမ္းေၾကာင္း တစ္ခုအေပၚမွာ ရွိေနပါတယ္။ မက္ဆီရဲ့ လက္ထဲမွာ ရွိေနတဲ့ အနာဂတ္ဟာ ေျပာင္းေရႊ႕မႈတစ္ခုရဲ့ ေတာင္းဆိုမႈေပၚမွာ ရွိေနသလို ဘာစီလိုနာမွာ ဆက္လက္ကိုယ္စားျပဳေနဖို႔ ဆိုတာကလည္း ၎ကပဲ အဆုံးသတ္သြားရမွာ ျဖစ္ပါတယ္။ ဘာစီလိုနာမွာ ကစားခဲ့ၿပီး ၂၀၀၀ ျပည့္ႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕သြားခဲ့သူ ဖီဂိုကေတာ့ တကယ္လို႔ ကစားသမားတစ္ေယာက္က အသင္းေျပာင္း ကစားလိုတယ္ဆိုရင္ေတာ့ အသင္းမွာ ရွိခဲ့တဲ့ အရာေတြကို ဘာမွမရွိသလို ခံစားၿပီး စိတ္ပိုင္းဆိုင္ရာကို ေျပာင္းလဲ နိုင္ရမယ္လို႔ ဆိုပါတယ္။
ဖီဂိုက “ မက္ဆီနဲ႔ ပတ္သက္တဲ့ အရာေတြကို ေစာင့္ၾကည့္ေတာ့ ဒီႏွစ္ေႏြရာသီမွာကတည္းက သူက အသင္းကေနေျပာင္းေရႊ႕ဖို႔ ႀကိဳးစားေနတယ္။ ေဘာလုံး ပရိသတ္ေတြ အားလုံးဘက္ကလည္း ေမၽွာ္လင့္ခ်က္ ႀကီးစြာ ေစာင့္ေနတာ ရွိသလို အံ့ဩေနၾကတာေတြလည္း ရွိၾကတယ္။ သူျပဳလုပ္မဲ့ ဆုံးျဖတ္ခ်က္အတြက္ သူ႔မွာလည္း ဦးတည္ခ်က္နဲ႔ အေၾကာင္းျပခ်က္ေတာ့ ရွိေနမွာပါ။ ဘာျဖစ္လာမယ္ဆိုတာေတာ့ ကြ်န္ေတာ္ မသိနိုင္ပါဘူး။ အသင္းတိုင္းကေတာ့ မက္ဆီလို ကစားသမားမ်ိဳးကိုအလိုရွိၾကပါတယ္။ ဒါကလည္း သူတို႔ အသင္းေတြရဲ့ လက္ရွိကာလ ဘ႑ာေရးအေျခအေနေပၚမွာ မူတည္ေနပါတယ္။ ကစားသမားကို ေပးရမဲ့ လုပ္ခလည္း ရွိေနေသးတယ္။ ဒါေပမဲ့ ဘ၀တစ္ခုထဲမွာ ေယဘုယ်အေနနဲ႔ တကယ္လို႔ မင္းက ေနရာတစ္ခုမွာ မေနလိုေတာ့ဘူးဆိုရင္ ဒီေနရာမွာ ဘာမွ မရွိဘူးလို႔ အဆုံးသတ္ရမွာ ျဖစ္သလို မင္းရဲ့ စိတ္ေတြကိုလည္း ေျပာင္းလဲပစ္နိုင္ရမယ္ ” လို႔ေျပာပါတယ္။
မက္ဆီဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ဘာစီလိုနာအသင္းအတြက္ ၁၀ ပြဲကစားထားၿပီး ေျခာက္ဂိုးသြင္းယူ ထားနိုင္သလို ေလးႀကိမ္ဖန္တီးထားပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ မက္ဆီအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆို နိုင္သလို ၎ရဲ့စာခ်ဳပ္က ေနာက္ႏွစ္ ဇြန္လမွာ ၿပီးဆုံးမွာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္း ဘက္ကလည္း ေနာက္ႏွစ္မွာ မက္ဆီ ဆက္လက္ရွိသြားမလားဆိုတာကိုလည္း အာမခံခ်က္ မေပးနိုင္ေသးပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ မက္ဆီက အာဂ်င္တီးနားအသင္းနဲ႔ ကမၻာ့ဖလားေျခစမ္းပြဲျဖစ္တဲ့ ပါရာေဂြးအသင္းနဲ႔ ၁-၁ သေရျဖစ္ခဲ့တဲ့ပြဲမွာ ပါဝင္ခဲ့ပါတယ္။