ပေါင်ကြွက်သားဒဏ်ရာကြောင့် ဟာဇက် သုံးပတ်ခန့်အနားယူရတော့မည်

0
94

 

ezgif-7-cbfa92492bb7-2           ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာဇက်ဟာ ပေါင်ဒဏ်ရာဖြစ်ပေါ်ခဲ့လို့ သုံးပတ်လောက်အနားယူသွားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကနေ ပေါင် ၈၈ သန်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်း ကိုရောက်ရှိခဲ့ပေမဲ့ ယခုနှစ်မှာ ဘောလုံးရာသီမှာ အသင်းနဲ့ ခြောက်ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာလည်း ခံခဲ့ရပါတယ်။

ယခုတစ်ကြိမ် ဒဏ်ရာရရှိခြင်းဟာ ဟာဇက်အတွက် ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိခဲ့ပြီးနောက် ရှစ်ကြိမ်မြောက် ဒဏ်ရာပြဿနာလည်း ဖြစ်စေခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ အဲလာဗက်ကို ၂-၁ နဲ့ ရှုံးခဲ့တဲ့ အိမ်ကွင်းပွဲရဲ့ ၂၈ မိနစ်အတွင်းမှာ ပေါင်ဒဏ်ရာ ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ဟာဇက်ဒဏ်ရာနဲ့ ပတ်သက်ပြီး ဓာတ်မှန်ရိုက်စစ်ဆေးချိန်ခဲ့ပြီး တနင်္လာနေ့မှာ ထွက်ပေါ်ခဲ့ပြီး အဖြေကတော့ ပေါင်ကြွက်သား ထိခိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

145

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိခဲ့ပြီးနောက် ၂၀၁၉ ဩဂုတ်လကနေ ၂၀၁၉ စက်တင်ဘာ ၁၀ ရက်နေ့အထိ ပေါင်တွင်းကြောဒဏ်ရာကြောင့် အနားယူခဲ့ရပြီး သုံးပွဲ လွဲချော်ခဲ့ပါတယ်။ ၂၀၁၉ နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်ပွဲပါဝင်ခွင့်မရခဲ့ပါဘူး။ ၂၀၁၉ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၂၀၂၀ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ခြေဖျံရိုးအပ်ခဲ့လို့ ၁၇ ပွဲ လွဲချော်ခဲ့ရပြီး ၂၀၂၀ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ ၂၀၂၀ မေလ ၉ ရက်နေ့အထိ ခြေဖျံရိုး ထပ်မံထိခိုက်ခဲ့လို့ သုံးပွဲလွဲချော်ခဲ့ရပါတယ်။ ၂၀၂၀ ဇွန်လ ၂၉ ရက်နေ့ကနေ ၂၀၂၀ ဇူလိုင်လ ၉ ရက်နေ့အထိ ဒဏ်ရာပြဿနာ မသက်သာသေးလို့ နှစ်ပွဲ ပါဝင်ခွင့်မရခဲ့ပါဘူး။ ၂၀၂၀ စက်တင်ဘာ ၁ ရက်နေ့ကနေ စက်တင်ဘာ ၂၈ ရက်နေ့အထိ ဒဏ်ရာဟောင်း ပြဿနာကြောင့်ပဲ သုံးပွဲ အနားယူခဲ့ရသလို စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၂၇ ရက်နေ့အထိ ကြွက်သားဒဏ်ရာကြောင့် ခြောက်ပွဲ လွဲချော်ခဲ့ရပြီး နိုဝင်ဘာ ၇ ရက်နေ့ကနေ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ တစ်ပွဲပါဝင်ခွင့်မရခဲ့ပါဘူး။

ဒဏ်ရာပြဿနာဖြစ်ပေါ်ခဲ့တဲ့ ဟာဇက်က ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်တွေဖြစ်တဲ့ ရှက်တာဒိုးနက်အသင်းနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲ၊ ဆီဗီလာအသင်းနဲ့ လာလီဂါ အဝေးကွင်းပွဲ၊ မိုချန်ဂရာဘက်ချ်နဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားရမဲ့ လာလီဂါ အိမ်ကွင်းပွဲတွေမှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိခဲ့ပြီးနောက် ဒဏ်ရာပြဿနာကြောင့် ၃၅ ပွဲ အသင်းနဲ့ ပါဝင်ခွင့်မရခဲ့ပါဘူး။

Zawgyi

ေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ ဟာဇက္ သုံးပတ္ခန႔္အနားယူရေတာ့မည္

ရီးရဲလ္မက္ဒရစ္အသင္းရဲ့ ေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္ဟာ ေပါင္ဒဏ္ရာျဖစ္ေပၚခဲ့လို႔ သုံးပတ္ေလာက္အနားယူသြားရမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းကေန ေပါင္ ၈၈ သန္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္း ကိုေရာက္ရွိခဲ့ေပမဲ့ ယခုႏွစ္မွာ ေဘာလုံးရာသီမွာ အသင္းနဲ႔ ေျခာက္ပြဲသာ ပါဝင္ကစားခြင့္ရခဲ့သလို ကိုရိုနာဗိုင္းရပ္စ္ ကူးစက္တာလည္း ခံခဲ့ရပါတယ္။
ယခုတစ္ႀကိမ္ ဒဏ္ရာရရွိျခင္းဟာ ဟာဇက္အတြက္ ရီးရဲလ္မက္ဒရစ္ကို ေရာက္ရွိခဲ့ၿပီးေနာက္ ရွစ္ႀကိမ္ေျမာက္ ဒဏ္ရာျပႆနာလည္း ျဖစ္ေစခဲ့ပါတယ္။ ေနာက္ဆုံးအေနနဲ႔ အဲလာဗက္ကို ၂-၁ နဲ႔ ရႈံးခဲ့တဲ့ အိမ္ကြင္းပြဲရဲ့ ၂၈ မိနစ္အတြင္းမွာ ေပါင္ဒဏ္ရာ ျဖစ္ေပၚေစခဲ့တာ ျဖစ္ပါတယ္။ တနဂၤေႏြေန႔က ဟာဇက္ဒဏ္ရာနဲ႔ ပတ္သက္ၿပီး ဓာတ္မွန္ရိုက္စစ္ေဆးခ်ိန္ခဲ့ၿပီး တနလၤာေန႔မွာ ထြက္ေပၚခဲ့ၿပီး အေျဖကေတာ့ ေပါင္ႂကြက္သား ထိခိုက္မိခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္ကို ေရာက္ရွိခဲ့ၿပီးေနာက္ ၂၀၁၉ ဩဂုတ္လကေန ၂၀၁၉ စက္တင္ဘာ ၁၀ ရက္ေန႔အထိ ေပါင္တြင္းေၾကာဒဏ္ရာေၾကာင့္ အနားယူခဲ့ရၿပီး သုံးပြဲ လြဲေခ်ာ္ခဲ့ပါတယ္။ ၂၀၁၉ နိုဝင္ဘာ ၂၇ ရက္ေန႔ကေန ဒီဇင္ဘာ ၅ ရက္ေန႔အထိ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ တစ္ပြဲပါဝင္ခြင့္မရခဲ့ပါဘူး။ ၂၀၁၉ ဒီဇင္ဘာ ၅ ရက္ေန႔ကေန ၂၀၂၀ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔အထိ ေျခဖ်ံရိုးအပ္ခဲ့လို႔ ၁၇ ပြဲ လြဲေခ်ာ္ခဲ့ရၿပီး ၂၀၂၀ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔ကေန ၂၀၂၀ ေမလ ၉ ရက္ေန႔အထိ ေျခဖ်ံရိုး ထပ္မံထိခိုက္ခဲ့လို႔ သုံးပြဲလြဲေခ်ာ္ခဲ့ရပါတယ္။ ၂၀၂၀ ဇြန္လ ၂၉ ရက္ေန႔ကေန ၂၀၂၀ ဇူလိုင္လ ၉ ရက္ေန႔အထိ ဒဏ္ရာျပႆနာ မသက္သာေသးလို႔ ႏွစ္ပြဲ ပါဝင္ခြင့္မရခဲ့ပါဘူး။ ၂၀၂၀ စက္တင္ဘာ ၁ ရက္ေန႔ကေန စက္တင္ဘာ ၂၈ ရက္ေန႔အထိ ဒဏ္ရာေဟာင္း ျပႆနာေၾကာင့္ပဲ သုံးပြဲ အနားယူခဲ့ရသလို စက္တင္ဘာ ၃၀ ရက္ေန႔ကေန ေအာက္တိုဘာ ၂၇ ရက္ေန႔အထိ ႂကြက္သားဒဏ္ရာေၾကာင့္ ေျခာက္ပြဲ လြဲေခ်ာ္ခဲ့ရၿပီး နိုဝင္ဘာ ၇ ရက္ေန႔ကေန နိုဝင္ဘာ ၂၀ ရက္ေန႔အထိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရလို႔ တစ္ပြဲပါဝင္ခြင့္မရခဲ့ပါဘူး။
ဒဏ္ရာျပႆနာျဖစ္ေပၚခဲ့တဲ့ ဟာဇက္က ရီးရဲလ္မက္ဒရစ္ရဲ့ ပြဲစဥ္ေတြျဖစ္တဲ့ ရွက္တာဒိုးနက္အသင္းနဲ႔ ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲ၊ ဆီဗီလာအသင္းနဲ႔ လာလီဂါ အေဝးကြင္းပြဲ၊ မိုခ်န္ဂရာဘက္ခ်္နဲ႔ ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲနဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ကစားရမဲ့ လာလီဂါ အိမ္ကြင္းပြဲေတြမွာ ပါဝင္ခြင့္ရမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္ကို ေရာက္ရွိခဲ့ၿပီးေနာက္ ဒဏ္ရာျပႆနာေၾကာင့္ ၃၅ ပြဲ အသင္းနဲ႔ ပါဝင္ခြင့္မရခဲ့ပါဘူး။