ပွဲကစားချိန် နောက်ကျလို့ တစ်ပွဲပယ်ခံခဲ့ရတဲ့ မော်ရင်ညို

0
514

SBOTOP NOV

စပါးအသင်းနည်းပြ မော်ရင်ဟိုဟာ ဥရောပပြိုင်ပွဲ ပွဲစဉ်တစ်ပွဲ ဆိုင်းငံ့ပွဲပယ်ပြစ်ဒဏ် ကျခံရမယ်လို့ ယူအီးအက်ဖ်အေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြ မော်ရင်ညိုဟာ အောက်တိုဘာလ ၂၉ ရက်နေ့က ကစားခဲ့တဲ့ အန့်ဝက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို နောက်ကျခဲ့တဲ့အတွက် တာဝန်ယူတဲ့အနေနဲ့ အပြစ်ပေး ခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် စပါးအသင်းဟာလည်း ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ပွဲကစားချိန်နောက်ကျတဲ့အတွက် ဒဏ်ငွေ ယူရို ၂၅၀ဝ၀ ချမှတ်ခံခဲ့ရသလို အခြား စည်းမျဉ်းတစ်ခုအရလည်း ငြိစွန်းတာကြောင့် နောက်ထပ် ယူရို ၃၀ဝ၀ ချမှတ်ခံခဲ့ရပါသေးတယ်။ တစ်ဆက်တည်းမှာပဲ စကော့တလန်ချန်ပီယံကလပ် ဆဲလ်တစ်အသင်းဟာလည်း အလားတူဖြစ်ရပ်ကြောင့် ယူရို ၇၀ဝ၀ ဒဏ်ငွေချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ယူအီးအက်ဖ်အေရဲ့ အားကစားဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ ပွဲပယ်ပြစ်ဒဏ်ဟာ လက်ရှိဆုံးဖြတ်ချက်ချတဲ့ အချိန်ကစပြီး တစ်နှစ်တာကာလအတွင်း ဆိုင်းငံ့ပွဲပယ်အဖြစ် အကျုံးဝင်သွားမှာလည်းဖြစ်ပါတယ်။ စပါးအသင်းဟာ ယူရိုပါလိဂ်အုပ်စု(J)မှာ အန့်ဝက်၊ LASK တို့နဲ့အတူ ရမှတ်တူညီနေပေမဲ့ ဂိုးကွာခြားချက်အရ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း အဲဒီပြိုင်ပွဲအတွင်းမှာ ပြိုင်ပွဲစုံ ဂိုး ၂၀ဝ သွင်းနိုင်တဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပြီး သူ့ရှေ့မှာတော့ ဂျင်မီဂရေ့ဗ်(၂၆၆)နဲ့ ဘော်ဘီစမစ်(၂၀၈)တို့သာ ရှိပါတယ်။

SBOTOP NOV

(zawgyi)

ပြဲကစားခ်ိန္ ေနာက္က်လို႔ တစ္ပြဲပယ္ခံခဲ့ရတဲ့ ေမာ္ရင္ညိဳ

စပါးအသင္းနည္းျပ ေမာ္ရင္ဟိုဟာ ဥေရာပၿပိဳင္ပြဲ ပြဲစဥ္တစ္ပြဲ ဆိုင္းငံ့ပြဲပယ္ျပစ္ဒဏ္ က်ခံရမယ္လို႔ ယူအီးအက္ဖ္ေအက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ေပၚတူဂီသားနည္းျပ ေမာ္ရင္ညိဳဟာ ေအာက္တိုဘာလ ၂၉ ရက္ေန႔က ကစားခဲ့တဲ့ အန္႔၀က္နဲ႔ ယူရိုပါလိဂ္ပြဲစဥ္ကို ေနာက္က်ခဲ့တဲ့အတြက္ တာ၀န္ယူတဲ့အေနနဲ႔ အျပစ္ေပး ခံခဲ့ရတာျဖစ္ပါတယ္။

ဒါ့အျပင္ စပါးအသင္းဟာလည္း ယူအီးအက္ဖ္ေအရဲ႕ စည္းမ်ဥ္းအရ ပြဲကစားခ်ိန္ေနာက္က်တဲ့အတြက္ ဒဏ္ေငြ ယူရို ၂၅၀၀၀ ခ်မွတ္ခံခဲ့ရသလို အျခား စည္းမ်ဥ္းတစ္ခုအရလည္း ၿငိစြန္းတာေၾကာင့္ ေနာက္ထပ္ ယူရို ၃၀၀၀ ခ်မွတ္ခံခဲ့ရပါေသးတယ္။ တစ္ဆက္တည္းမွာပဲ စေကာ့တလန္ခ်န္ပီယံကလပ္ ဆဲလ္တစ္အသင္းဟာလည္း အလားတူျဖစ္ရပ္ေၾကာင့္ ယူရို ၇၀၀၀ ဒဏ္ေငြခ်မွတ္ခံခဲ့ရတယ္လုိ႔ သိရပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ အားကစားဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းအရ ပြဲပယ္ျပစ္ဒဏ္ဟာ လက္ရွိဆုံးျဖတ္ခ်က္ခ်တဲ့ အခ်ိန္ကစၿပီး တစ္ႏွစ္တာကာလအတြင္း ဆိုင္းငံ့ပြဲပယ္အျဖစ္ အက်ဳံး၀င္သြားမွာလည္းျဖစ္ပါတယ္။ စပါးအသင္းဟာ ယူရိုပါလိဂ္အုပ္စု(J)မွာ အန္႔၀က္၊ LASK တို႔နဲ႔အတူ ရမွတ္တူညီေနေပမဲ့ ဂိုးကြာျခားခ်က္အရ ဇယားထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။ စပါးအသင္းတိုက္စစ္မွဴး ဟယ္ရီကိန္းဟာလည္း အဲဒီၿပိဳင္ပြဲအတြင္းမွာ ၿပိဳင္ပြဲစုံ ဂိုး ၂၀၀ သြင္းႏုိင္တဲ့ တတိယေျမာက္ ကစားသမားျဖစ္လာခဲ့ၿပီး သူ႕ေရွ႕မွာေတာ့ ဂ်င္မီဂေရ႕ဗ္(၂၆၆)နဲ႔ ေဘာ္ဘီစမစ္(၂၀၈)တို႔သာ ရွိပါတယ္။