ဘာစီလိုနာအသင်းက တိုက်စစ်မှူးတစ်ဦး ဒါမှမဟုတ် နှစ်ဦးခေါ်ယူဖို့ ဖြစ်လာနိုင်ကြောင်း ရီဗာဒို သုံးသပ်ပြောဆို

0
94

 

SBOTOP NOV            ဘာစီလိုနာအသင်းအနေနဲ့ တိုက်စစ်မှူး တစ်ဦးဒါမှမဟုတ် နှစ်ဦးခေါ်ယူဖို့ ဖြစ်လာနိုင်ကြောင်း အသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ ရီဗာဒိုက သုံးသပ်ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ် ကစားသမား ဖာတီက ဒဏ်ရာကြောင့် လေးလလောက် အနားယူသွားဖို့ ရှိနေပြီး ဘာစီလိုနာအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းတွေ ဖြစ်ပေါ်နေလို့ တိုက်စစ်မှူးအသစ်တွေ ခေါ်ယူသွားဖို့ အခွင့်အရေး ဖြစ်လာနိုင် တယ်လို့ ရီဗာဒိုက ဆိုပါတယ်။

ရီဗာဒိုက “ ဘာစီလိုနာအနေနဲ့ ဖာတီ ဒဏ်ရာမရခင်ကတည်းက တိုက်စစ်မှူး အသစ်တွေ ခေါ်ယူသင့်တယ်လို့ ကွျန်တော်တွေးခဲ့မိပါတယ်။ အခုချိန်မှာတော့ ခေါ်ယူဖို့ ပိုမိုဖြစ်လာနိုင်တယ်လို့ ကွျန်တော် စဉ်းစားမိပါတယ်။ တကယ်လို့ သူတို့တွေက ချန်ပီယံလိဂ်ဖလားရရှိရေးအတွက် တိုက်ပွဲဝင်မယ်ဆိုရင် ကလပ်က တိုက်စစ်မှူး တစ်ဦးဒါမှမဟုတ် နှစ်ဦးလောက် ခေါ်ယူဖို့ ကြိုးစားသွားသင့်ပါတယ် ” လို့ ပြောပါတယ်။

ဘာစီလိုနာအသင်းဟာ အရည်အချင်းရှိတဲ့ အတွေ့အကြုံရှိကစားသမားတွေကို မှီခိုကစားနေပြီး လူငယ်ကစားသမားတွေကို ခြေစွမ်းတိုးတက်ဖို့ ခက်ခဲနေပါတယ်။

ဆက်လက်ပြီး ရီဗာဒိုက “ ကိုးမန်းမှာလည်း တိုက်စစ်ပိုင်း အခင်းအကျင်းအတွက် ဒီထက်ပိုပြီး အမြင်တွေ ရှိနေမှာပါ။ ဒါကလည်း အရေးကြီးတဲ့ အပိုင်းဖြစ်နေတယ်။ ဖာတီက အကောင်းဆုံးကစားနိုင်သူပါ။ သူက ပြိုင်ပွဲတွေမှာ ယုံကြည်မှုရှိရှိ ကစားနေပြီး အသင်းမှာလည်း ဩဇာကြီးလာသူ ဖြစ်လာပါလိမ့်မယ်။ သူက မပါဝင်နိုင်တော့ အသင်းမန်နေဂျာအတွက် ခေါင်းကိုက်စရာတစ်ခု ဖြစ်လာစေတယ် ” လို့ ပြောပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေရာသီမှာ တိုက်စစ်မှူး မက်ဆီက အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တာကိုလည်း ကြံ့ကြံ့ခံပြီး ဖြေရှင်းခဲ့ရသလို တိုက်စစ်မှူး ဆွာရတ်ဇ်ကလည်း အက်သလက်တီကို မက်ဒရစ် အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ တိုက်စစ်မှူး ဒမ်ဘီလီကလည်း ခြေစွမ်းပိုင်းက ယုံကြည်လို့ မရဘဲ ဖြစ်နေသလို ဂရစ်ဇ်မန်းကလည်း ၎င်းအတွက် စိတ်မချမ်းသာစရာ ဘောလုံးဖြတ်သန်းမှုဖြစ်နေပြီး ကော်တင်ဟိုရဲ့ ပုံမှန်မရှိဘဲ ဖြစ်နေလို့ ကိုးမန်းအတွက် တိုက်စစ်ပိုင်းထိုးနှက်ချက်တွေ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ကိုးမန်းက လိုင်ယွန်တိုက်စစ်ကစားသမား ဒီပေးကို ခေါ်ယူနိုင်ဖို့ ပြုလုပ်ခဲ့သလို ကစားသမားကလည်း ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာအသင်းမှာ ဘဏ္ဍာရေးပြဿနာနဲ့ ရင်ဆိုင်နေရလို့ ကစားသမားအသစ်တွေ ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့သလို ကစားသမားတွေရဲ့ လစာကို ဖြတ်တောက်ဖို့ အထိ ရှိနေပါတယ်။ ဘာစီလိုနာက ယခုနှစ် လာလီဂါရဲ့ အဆင့်ရှစ်နေရာမှာ ရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် အောင်မြင်မှု ရရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဒိုင်နမိုကိဗ်အသင်းက ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ezgif-7-2c3afbe0f68a

Zawgyi

ဘာစီလိုနာအသင္းက တိုက္စစ္မႉးတစ္ဦး ဒါမွမဟုတ္ ႏွစ္ဦးေခၚယူဖို႔ ျဖစ္လာနိုင္ေၾကာင္း ရီဗာဒို သုံးသပ္ေျပာဆို

ဘာစီလိုနာအသင္းအေနနဲ႔ တိုက္စစ္မႉး တစ္ဦးဒါမွမဟုတ္ ႏွစ္ဦးေခၚယူဖို႔ ျဖစ္လာနိုင္ေၾကာင္း အသင္းရဲ့ ဂႏၴဝင္ကစားသမားျဖစ္တဲ့ ရီဗာဒိုက သုံးသပ္ေျပာၾကားလိုက္ပါတယ္။ ဘာစီလိုနာအသင္းရဲ့ လူငယ္တိုက္စစ္ ကစားသမား ဖာတီက ဒဏ္ရာေၾကာင့္ ေလးလေလာက္ အနားယူသြားဖို႔ ရွိေနၿပီး ဘာစီလိုနာအသင္းဟာ ယခုႏွစ္ ခ်န္ပီယံလိဂ္မွာ ရလဒ္ေကာင္းေတြ ျဖစ္ေပၚေနလို႔ တိုက္စစ္မႉးအသစ္ေတြ ေခၚယူသြားဖို႔ အခြင့္အေရး ျဖစ္လာနိုင္ တယ္လို႔ ရီဗာဒိုက ဆိုပါတယ္။
ရီဗာဒိုက “ ဘာစီလိုနာအေနနဲ႔ ဖာတီ ဒဏ္ရာမရခင္ကတည္းက တိုက္စစ္မႉး အသစ္ေတြ ေခၚယူသင့္တယ္လို႔ ကြ်န္ေတာ္ေတြးခဲ့မိပါတယ္။ အခုခ်ိန္မွာေတာ့ ေခၚယူဖို႔ ပိုမိုျဖစ္လာနိုင္တယ္လို႔ ကြ်န္ေတာ္ စဥ္းစားမိပါတယ္။ တကယ္လို႔ သူတို႔ေတြက ခ်န္ပီယံလိဂ္ဖလားရရွိေရးအတြက္ တိုက္ပြဲဝင္မယ္ဆိုရင္ ကလပ္က တိုက္စစ္မႉး တစ္ဦးဒါမွမဟုတ္ ႏွစ္ဦးေလာက္ ေခၚယူဖို႔ ႀကိဳးစားသြားသင့္ပါတယ္ ” လို႔ ေျပာပါတယ္။
ဘာစီလိုနာအသင္းဟာ အရည္အခ်င္းရွိတဲ့ အေတြ႕အၾကဳံရွိကစားသမားေတြကို မွီခိုကစားေနၿပီး လူငယ္ကစားသမားေတြကို ေျခစြမ္းတိုးတက္ဖို႔ ခက္ခဲေနပါတယ္။
ဆက္လက္ၿပီး ရီဗာဒိုက “ ကိုးမန္းမွာလည္း တိုက္စစ္ပိုင္း အခင္းအက်င္းအတြက္ ဒီထက္ပိုၿပီး အျမင္ေတြ ရွိေနမွာပါ။ ဒါကလည္း အေရးႀကီးတဲ့ အပိုင္းျဖစ္ေနတယ္။ ဖာတီက အေကာင္းဆုံးကစားနိုင္သူပါ။ သူက ၿပိဳင္ပြဲေတြမွာ ယုံၾကည္မႈရွိရွိ ကစားေနၿပီး အသင္းမွာလည္း ဩဇာႀကီးလာသူ ျဖစ္လာပါလိမ့္မယ္။ သူက မပါဝင္နိုင္ေတာ့ အသင္းမန္ေနဂ်ာအတြက္ ေခါင္းကိုက္စရာတစ္ခု ျဖစ္လာေစတယ္ ” လို႔ ေျပာပါတယ္။
ဘာစီလိုနာအသင္းဟာ ယခုႏွစ္ ေႏြရာသီမွာ တိုက္စစ္မႉး မက္ဆီက အသင္းကေန ထြက္ခြာဖို႔ ႀကိဳးစားခဲ့တာကိုလည္း ႀကံ့ႀကံ့ခံၿပီး ေျဖရွင္းခဲ့ရသလို တိုက္စစ္မႉး ဆြာရတ္ဇ္ကလည္း အက္သလက္တီကို မက္ဒရစ္ အသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ တိုက္စစ္မႉး ဒမ္ဘီလီကလည္း ေျခစြမ္းပိုင္းက ယုံၾကည္လို႔ မရဘဲ ျဖစ္ေနသလို ဂရစ္ဇ္မန္းကလည္း ၎အတြက္ စိတ္မခ်မ္းသာစရာ ေဘာလုံးျဖတ္သန္းမႈျဖစ္ေနၿပီး ေကာ္တင္ဟိုရဲ့ ပုံမွန္မရွိဘဲ ျဖစ္ေနလို႔ ကိုးမန္းအတြက္ တိုက္စစ္ပိုင္းထိုးႏွက္ခ်က္ေတြ ျဖစ္ေစခဲ့ပါတယ္။ ဒါေၾကာင့္ ကိုးမန္းက လိုင္ယြန္တိုက္စစ္ကစားသမား ဒီေပးကို ေခၚယူနိုင္ဖို႔ ျပဳလုပ္ခဲ့သလို ကစားသမားကလည္း ေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားခဲ့ပါတယ္။
ဒါေပမဲ့ ဘာစီလိုနာအသင္းမွာ ဘ႑ာေရးျပႆနာနဲ႔ ရင္ဆိုင္ေနရလို႔ ကစားသမားအသစ္ေတြ ေခၚယူနိုင္ခဲ့ျခင္း မရွိခဲ့သလို ကစားသမားေတြရဲ့ လစာကို ျဖတ္ေတာက္ဖို႔ အထိ ရွိေနပါတယ္။ ဘာစီလိုနာက ယခုႏွစ္ လာလီဂါရဲ့ အဆင့္ရွစ္ေနရာမွာ ရွိေနၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ငါးပြဲမွာ တစ္ပြဲသာ အနိုင္ရခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာ ရာႏႈန္းျပည့္ ေအာင္ျမင္မႈ ရရွိေနၿပီး ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ ဒိုင္နမိုကိဗ္အသင္းက ၂-၁ နဲ႔ အနိုင္ရခဲ့ပါတယ္။