မက်ဆီကို ဘာစီလိုနာမှာပဲ ဆက်နေစေချင်တဲ့ ဂွါဒီယိုလာ

0
92

SBOTOP NOV

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ တပည့်ဟောင်း မက်ဆီကို ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးစေချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ မန်စီးတီး အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် တိုးမြှင့်ချုပ်ဆိုလိုက်ပြီးနောက် မက်ဆီကို ခေါ်ယူဖို့ ထပ်မံကြိုးစားဖွယ်ရှိတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လတ်တလော မက်ဆီရဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းဟာ နောက်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ဘယ်အသင်းနဲ့မဆို အလွတ်စာချုပ် ချုပ်ဆှိုနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးနည်း ပြ ဂွါဒီယိုလာက “ မက်ဆီက ဘာစီလိုနာ ကစားသမားတစ်ယောက်ပါ။ ဒါကို ကျွန်တော် အကြိမ်တစ်ထောင်မက ပြောခဲ့ပြီးပါပြီ။ သူ့ပရိသတ်တစ်ယောက်အနေနဲ့ ကျွန်တော်ကတော့ သူ့ကို အဲဒီမှာပဲ ကစားသမားဘဝ ကုန်ဆုံး စေချင်ပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားသားဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုခဲ့ပြီးနောက်ပိုင်း ဆရာဟောင်းရှိရာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ အဆက်မပြတ် ထွက်ပေါ်နေ ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက အဲဒီကိစ္စကို တားမြစ်ထားခဲ့တာဖြစ်ပြီး အခု ဘာတိုမူ ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်သွားခဲ့တာကြောင့် မက်ဆီရဲ့ နောက်လာမယ့်အနာဂတ်ဟာ မသေချာ မရေရာတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်။

SBOTOP NOV

(zawgyi)

မက္ဆီကို ဘာစီလိုနာမွာပဲ ဆက္ေနေစခ်င္တဲ့ ဂြါဒီယိုလာ

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာဟာ တပည့္ေဟာင္း မက္ဆီကို ဘာစီလိုနာအသင္းမွာပဲ ကစားသမားဘ၀ ကုန္ဆုံးေစခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဂြါဒီယိုလာဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔မွာ မန္စီးတီး အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ တိုးျမွင့္ခ်ဳပ္ဆိုလိုက္ၿပီးေနာက္ မက္ဆီကို ေခၚယူဖို႔ ထပ္မံႀကိဳးစားဖြယ္ရွိတယ္ ဆိုတဲ့သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

လတ္တေလာ မက္ဆီရဲ႕ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ေနာက္ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္ၿပီး ဇန္န၀ါရီ ၁ ရက္ေန႔ကစၿပီး ဘယ္အသင္းနဲ႔မဆုိ အလြတ္စာခ်ဳပ္ ခ်ဳပ္ဆိုွႏုိင္မွာျဖစ္ပါတယ္။ ဒါေပမဲ့ မန္စီးတီးနည္း ျပ ဂြါဒီယိုလာက “ မက္ဆီက ဘာစီလိုနာ ကစားသမားတစ္ေယာက္ပါ။ ဒါကို ကၽြန္ေတာ္ အႀကိမ္တစ္ေထာင္မက ေျပာခဲ့ၿပီးပါၿပီ။ သူ႕ပရိသတ္တစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္ကေတာ့ သူ႕ကို အဲဒီမွာပဲ ကစားသမားဘ၀ ကုန္ဆုံး ေစခ်င္ပါတယ္” လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

အာဂ်င္တီးနားသားျဖစ္တဲ့ မက္ဆီဟာ ဘာစီလိုနာအသင္းကေန ထြက္ခြာခ်င္တယ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္ပိုင္း ဆရာေဟာင္းရွိရာ မန္စီးတီးအသင္းကို ေျပာင္းေရႊ႕ဖြယ္ရွိတယ္ဆိုတဲ့ သတင္းေတြ အဆက္မျပတ္ ထြက္ေပၚေန ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဘာစီလိုနာအသင္းဥကၠ႒ ဘာတိုမူက အဲဒီကိစၥကို တားျမစ္ထားခဲ့တာျဖစ္ၿပီး အခု ဘာတိုမူ ဥကၠ႒ရာထူးကေန ႏုတ္ထြက္သြားခဲ့တာေၾကာင့္ မက္ဆီရဲ႕ ေနာက္လာမယ့္အနာဂတ္ဟာ မေသခ်ာ မေရရာတဲ့ အေနအထားကို ေရာက္ရွိသြားခဲ့ရတာျဖစ္ပါတယ္။