မက်ဆီရဲ့ဘာစီလိုနာကစားသမားဘဝ အဆုံးသတ်ပြီလို့ ခန့်မှန်းလိုက်တဲ့ ရီဗယ်ဒို

0
149
Barcelona's Argentine forward Lionel Messi gestures during the Spanish League football match between FC Barcelona and CA Osasuna at the Camp Nou stadium in Barcelona on July 16, 2020. (Photo by LLUIS GENE / AFP) (Photo by LLUIS GENE/AFP via Getty Images)

SBOTOP NOV

ဘရာဇီးနဲ့ ဘာစီလိုနာကစားသမာဟောင်း ရီဗယ်ဒိုက မန်စီးတီးအသင်းနဲ့ သတင်းထွက်နေတဲ့ မက်ဆီအတွက် ဒီရာသီဟာ ဘာစီလိုနာကစားသမားဘဝ နောက်ဆုံးရာသီဖြစ်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်လိုက်ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်း ရလဒ်ဆိုးတွေနဲ့ ကြုံခဲ့ပြီး မက်ဆီက အသင်းကထွက်ခွင့်ပေးဖို့ တောင်းဆိုတာတွေ ဖြစ်လာတာကြောင့် ဒီအာဂျင်တီးနားသားရဲ့ အနာဂတ်ဟာ မရေရာတဲ့ အနေအထားမှာ ရှိနေဆဲပါ။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ မန်စီးတီးအသင်းကိုရောက်မယ်လို့ သတင်းပြေးခဲ့ပေမဲ့ စပိန်မှာပဲ ဆက်ရှိနေ ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီ၊ အင်တာမီလန်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကိုလည်း ခံထားရပါတယ်။ လက်ရှိမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း သူ့အသင်းနဲ့ စာချုပ်သစ် ချုပ်ထားပြီး မက်ဆီကို ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးစားသွားဖွယ်ရှိနေပါတယ်။ ဒီအချိန်မှာ ရီဗယ်ဒိုက ဘာစီလိုနာရဲ့ ဘုတ်အဖွဲ့ဝင်သစ်ဟာ ဘလွန်းဒီအော်ဆု ၆ ဆုရှင် မက်ဆီကို ဆက်ထိန်းထားနိုင်ဖို့ မလွယ်ဘူးလို့ သုံးသပ်လိုက်တာပါ။

messi-barcelona-rivaldo-laliga-transfer-news-7-1v2p6s145w91y1cesrbwyt58zb

“ ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ လစာလျှော့ချရေးအတွက် ကစားသမားတွေနဲ့ ဆွေးနွေးပြီးသားပါ။ ဒီအတွက် ပြဿနာတွေလည်း အနည်းငယ်တက်ခဲ့ကြပါတယ်။ မက်ဆီရဲ့ လစာ တိုးမြှင့်ဖို့ ခက်ခဲတဲ့ကာလဖြစ်တာကြောင့် သူ့ရဲ့ စာချုပ်သစ်အတွက် သဘောတူညီမှုရဖို့က ခဲယဉ်းနိုင်ပါတယ်။ မက်ဆီအနေနဲ့ တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကို စဉ်းစားတာက ပိုကောင်းမှာ အမှန်ပါပဲ။ ဘုတ်အဖွဲ့ဝင် တွေအနေနဲ့ မက်ဆီ အသင်းမှာဆက်နေဖြစ်အောင် ဆွဲဆောင်နိုင်မယ် မထင်ဘူး” လို့ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ၂ကြိ်မ်၊ ကိုပါဒယ်ရေးနဲ့ ယူအီးအက်ဖ်အေစူပါဖလားတွေ ရခဲ့ဖူးတဲ့ ရီဗယ်ဒိုက ဖွင့်ဟသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

မက္ဆီရဲ႕ဘာစီလိုနာကစားသမားဘ၀ အဆုံးသတ္ၿပီလို႔ ခန္႔မွန္းလိုက္တဲ့ ရီဗယ္ဒို

ဘရာဇီးနဲ႔ ဘာစီလိုနာကစားသမာေဟာင္း ရီဗယ္ဒိုက မန္စီးတီးအသင္းနဲ႔ သတင္းထြက္ေနတဲ့ မက္ဆီအတြက္ ဒီရာသီဟာ ဘာစီလိုနာကစားသမားဘ၀ ေနာက္ဆုံးရာသီျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းသုံးသပ္လိုက္ပါတယ္။ ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ ဘာစီလိုနာအသင္း ရလဒ္ဆိုးေတြနဲ႔ ႀကဳံခဲ့ၿပီး မက္ဆီက အသင္းကထြက္ခြင့္ေပးဖို႔ ေတာင္းဆိုတာေတြ ျဖစ္လာတာေၾကာင့္ ဒီအာဂ်င္တီးနားသားရဲ႕ အနာဂတ္ဟာ မေရရာတဲ့ အေနအထားမွာ ရွိေနဆဲပါ။

မက္ဆီဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ မန္စီးတီးအသင္းကိုေရာက္မယ္လို႔ သတင္းေျပးခဲ့ေပမဲ့ စပိန္မွာပဲ ဆက္ရွိေန ခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီ၊ အင္တာမီလန္အသင္းတို႔ရဲ႕ စိတ္၀င္စားမႈကိုလည္း ခံထားရပါတယ္။ လက္ရွိမွာ မန္စီးတီးနည္းျပ ဂြါဒီယိုလာကလည္း သူ႕အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ထားၿပီး မက္ဆီကို ေခၚယူႏုိင္ဖို႔ ဆက္လက္ ႀကိဳးစားသြားဖြယ္ရွိေနပါတယ္။ ဒီအခ်ိန္မွာ ရီဗယ္ဒိုက ဘာစီလိုနာရဲ႕ ဘုတ္အဖြဲ႕၀င္သစ္ဟာ ဘလြန္းဒီေအာ္ဆု ၆ ဆုရွင္ မက္ဆီကို ဆက္ထိန္းထားႏုိင္ဖို႔ မလြယ္ဘူးလို႔ သုံးသပ္လိုက္တာပါ။

“ ဘာစီလိုနာအသင္းဟာ ကိုရိုနာဗုိင္းရပ္စ္ကာလအတြင္းမွာ လစာေလွ်ာ့ခ်ေရးအတြက္ ကစားသမားေတြနဲ႔ ေဆြးေႏြးၿပီးသားပါ။ ဒီအတြက္ ျပႆနာေတြလည္း အနည္းငယ္တက္ခဲ့ၾကပါတယ္။ မက္ဆီရဲ႕ လစာ တိုးျမွင့္ဖို႔ ခက္ခဲတဲ့ကာလျဖစ္တာေၾကာင့္ သူ႕ရဲ႕ စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈရဖို႔က ခဲယဥ္းႏိုင္ပါတယ္။ မက္ဆီအေနနဲ႔ တျခားအသင္းေတြရဲ႕ ကမ္းလွမ္းမႈကို စဥ္းစားတာက ပိုေကာင္းမွာ အမွန္ပါပဲ။ ဘုတ္အဖြဲ႕၀င္ ေတြအေနနဲ႔ မက္ဆီ အသင္းမွာဆက္ေနျဖစ္ေအာင္ ဆြဲေဆာင္ႏုိင္မယ္ မထင္ဘူး” လို႔ ဘာစီလိုနာအသင္းနဲ႔အတူ လာလီဂါဖလား ၂ႀကိ္မ္၊ ကိုပါဒယ္ေရးနဲ႔ ယူအီးအက္ဖ္ေအစူပါဖလားေတြ ရခဲ့ဖူးတဲ့ ရီဗယ္ဒိုက ဖြင့္ဟသြားခဲ့ပါတယ္။