မန်စီးတီးအသင်းနဲ့ ဂွါဒီယိုလာ နှစ်နှစ် စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုလိုက်ခြင်းဟာ နောက်ထပ် နှစ်ပေါင်းများစွာအတွက်လည်း ဖြစ်လာနိုင်တယ်လို့ အသင်းဥက္ကဋ္ဌဆို

0
95

မန်စီးတီးအသင်းက အသင်းမန်နေဂျာ ဂွါဒီယိုလာကို နှစ်နှစ်စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ချုပ်ဆို လိုက်တယ်လို့ သိရပါတယ်။ ဂွါဒီယိုလာဟာ အသင်းနဲ့ စာချုပ်သက်တမ်း ခုနစ်လ ကျန်ရှိနေချိန်မှာ အခုလို့ စာချုပ် သက်တမ်းတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ ဂွါဒီယိုလာအခုလို စာချုပ်သက်တမ်းတိုးလိုက်ခြင်းက နောက်ထပ်နှစ်ပေါင်းများစွာအတွက်လည်း ဖြစ်လာနိုင်တယ်လို့ အသင်းဥက္ကဋ္ဌ ခါဒွန် မူဘာရတ်က ပြောပါတယ်။

ခါဒွန် မူဘာရတ်က “ ဂွါဒီယိုလာအသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်တယ်ဆိုတာ ပုံမှန်အားဖြင့်တော့ နောက်တစ်ဆင့်အတွက် ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ဒီခရီးစဉ်က နောက်ထပ်နှစ်ပေါင်းများစွာကိုလည်း ပြောင်းလဲသွားနိုင်ပါတယ်။ သူ့ရဲ့ တွေးခေါ်မှုနဲ့ ဘောလုံးအသင်းတစ်သင်းကို တည်ဆောက်နေပြီး သူ့ရဲ့ ကူညီပေးမှုများစွာကို အထောက်အထားတွေက ညွှန်ပြနေပါတယ် ” လို့ ပြောပါတယ်။

35868410-8965481-image-a-5_1605794015268

ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ပွဲ ၂၄၅ ပွဲကိုင်တွယ်ခဲ့အပြီးမှာ နိုင်ပွဲ ၁၈၁ ပွဲ အထိ ရှိခဲ့လို့ ၎င်းရဲ့ စွမ်းဆောင်ရည်ဟာ ၇၃.၈၇% အထိ အောင်မြင်မှု ရှိနေပါတယ်။

ဂွါဒီယိုလာက “ မန်နေဂျာတစ်ယောက်အနေနဲ့ ရှိနေပေမဲ့ အရာတိုင်းမှာ ကွျန်တော့်မှာလည်း လိုအပ်ချက်ရှိနေပါတယ်။ အားလုံးမန်နေဂျာတွေက ရလဒ်ပိုင်းပေါ်မှာ မူတည်နေတယ်။ ကွျန်တော့်အတွက် ကတော့ အကောင်းဆုံးသော အောင်မြင်မှုတွေ ရရှိဖို့ ဆက်လက်ပြုလုပ်သွားမှာပါ။ ဆိုးဝါးတဲ့ ရွေ့လျားမှုတွေကို အချိန်များစွာ မြင်တွေ့ခဲ့ရပေမဲ့ ပရိသတ်တွေက ကွျန်တော့်ကို ထောက်ပံ့ပေးထားကြတယ်။ အသင်း ဥက္ကဋ္ဌ ခါဒွန်၊ ဆိုရီယာနိုနဲ့ ဘီဂျီရီစတန်တို့ရဲ့ လမ်းစဉ်တွေက ကွျန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက်ပြုလုပ် သွားစေခဲ့တာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကွျန်တော်တို့ ဘာတွေ ပြုလုပ်ခဲ့ပြီးပြီလဲဆိုတာလည်း ရှိနေသလို ကွျန်တော်ဒီအသင်းမှာ ရှိနေခြင်းရဲ့ ခံစားချက်က မပြီးဆုံးနိုင်သေးတဲ့ တချို့သောအရာတွေကို ပြုလုပ်သွားရဦး မယ်ဆိုတာလည်း ရှိနေပါတယ် ” လို့ ပြောပါတယ်။

ဂွါဒီယိုလာလက်ထက်မှာ မန်စီးတီးအသင်းက ၂၀၁၆ ခုနှစ်က စတင်ပြီး ဖလားခြောက်လုံးရယူနိုင်ခဲ့သလို ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ပရီးမီးယားလိဂ်ဖလား နှစ်နှစ်ဆက် ရယူနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူးလ်အသင်းကို ပေးလိုက်ရပါတယ်။ ဂွါဒီယိုလာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်ခြင်းက လာမဲ့ နွေရာသီ ပြောင်းရွှေ့ကာလမှာ ဘာစီလိုနာရဲ့ အကျော်အမော်ဖြစ်တဲ့ တပည့်ဟောင်း မက်ဆီကို ပြန်လည်ခေါ်ယူသွားနိုင်ဖို့ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Zawgyi

မန္စီးတီးအသင္းနဲ႔ ဂြါဒီယိုလာ ႏွစ္ႏွစ္ စာခ်ဳပ္သက္တမ္း တိုးျမႇင့္ခ်ဳပ္ဆိုလိုက္ျခင္းဟာ ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာအတြက္လည္း ျဖစ္လာနိုင္တယ္လို႔ အသင္းဥကၠ႒ဆို

မန္စီးတီးအသင္းက အသင္းမန္ေနဂ်ာ ဂြါဒီယိုလာကို ႏွစ္ႏွစ္စာခ်ဳပ္သက္တမ္း ထပ္မံတိုးျမႇင့္ခ်ဳပ္ဆို လိုက္တယ္လို႔ သိရပါတယ္။ ဂြါဒီယိုလာဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ခုနစ္လ က်န္ရွိေနခ်ိန္မွာ အခုလို႔ စာခ်ဳပ္ သက္တမ္းတိုးျမႇင့္လိုက္တာ ျဖစ္ပါတယ္။ မန္စီးတီးနဲ႔ ဂြါဒီယိုလာအခုလို စာခ်ဳပ္သက္တမ္းတိုးလိုက္ျခင္းက ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာအတြက္လည္း ျဖစ္လာနိုင္တယ္လို႔ အသင္းဥကၠ႒ ခါဒြန္ မူဘာရတ္က ေျပာပါတယ္။
ခါဒြန္ မူဘာရတ္က “ ဂြါဒီယိုလာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးလိုက္တယ္ဆိုတာ ပုံမွန္အားျဖင့္ေတာ့ ေနာက္တစ္ဆင့္အတြက္ ခရီးစဥ္တစ္ခုျဖစ္ပါတယ္။ ဒီခရီးစဥ္က ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာကိုလည္း ေျပာင္းလဲသြားနိုင္ပါတယ္။ သူ႔ရဲ့ ေတြးေခၚမႈနဲ႔ ေဘာလုံးအသင္းတစ္သင္းကို တည္ေဆာက္ေနၿပီး သူ႔ရဲ့ ကူညီေပးမႈမ်ားစြာကို အေထာက္အထားေတြက ညႊန္ျပေနပါတယ္ ” လို႔ ေျပာပါတယ္။
ဂြါဒီယိုလာဟာ မန္စီးတီးအသင္းကို ပြဲ ၂၄၅ ပြဲကိုင္တြယ္ခဲ့အၿပီးမွာ နိုင္ပြဲ ၁၈၁ ပြဲ အထိ ရွိခဲ့လို႔ ၎ရဲ့ စြမ္းေဆာင္ရည္ဟာ ၇၃.၈၇% အထိ ေအာင္ျမင္မႈ ရွိေနပါတယ္။
ဂြါဒီယိုလာက “ မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ ရွိေနေပမဲ့ အရာတိုင္းမွာ ကြ်န္ေတာ့္မွာလည္း လိုအပ္ခ်က္ရွိေနပါတယ္။ အားလုံးမန္ေနဂ်ာေတြက ရလဒ္ပိုင္းေပၚမွာ မူတည္ေနတယ္။ ကြ်န္ေတာ့္အတြက္ ကေတာ့ အေကာင္းဆုံးေသာ ေအာင္ျမင္မႈေတြ ရရွိဖို႔ ဆက္လက္ျပဳလုပ္သြားမွာပါ။ ဆိုးဝါးတဲ့ ေရြ႕လ်ားမႈေတြကို အခ်ိန္မ်ားစြာ ျမင္ေတြ႕ခဲ့ရေပမဲ့ ပရိသတ္ေတြက ကြ်န္ေတာ့္ကို ေထာက္ပံ့ေပးထားၾကတယ္။ အသင္း ဥကၠ႒ ခါဒြန္၊ ဆိုရီယာနိုနဲ႔ ဘီဂ်ီရီစတန္တို႔ရဲ့ လမ္းစဥ္ေတြက ကြ်န္ေတာ့္ရဲ့ ဆုံးျဖတ္ခ်က္ေတြကို ဆက္လက္ျပဳလုပ္ သြားေစခဲ့တာပါ။ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ကြ်န္ေတာ္တို႔ ဘာေတြ ျပဳလုပ္ခဲ့ၿပီးၿပီလဲဆိုတာလည္း ရွိေနသလို ကြ်န္ေတာ္ဒီအသင္းမွာ ရွိေနျခင္းရဲ့ ခံစားခ်က္က မၿပီးဆုံးနိုင္ေသးတဲ့ တခ်ိဳ႕ေသာအရာေတြကို ျပဳလုပ္သြားရဦး မယ္ဆိုတာလည္း ရွိေနပါတယ္ ” လို႔ ေျပာပါတယ္။
ဂြါဒီယိုလာလက္ထက္မွာ မန္စီးတီးအသင္းက ၂၀၁၆ ခုႏွစ္က စတင္ၿပီး ဖလားေျခာက္လုံးရယူနိုင္ခဲ့သလို ၂၀၁၈ ခုႏွစ္နဲ႔ ၂၀၁၉ ခုႏွစ္ေတြမွာ ပရီးမီးယားလိဂ္ဖလား ႏွစ္ႏွစ္ဆက္ ရယူနိုင္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက လီဗာပူးလ္အသင္းကို ေပးလိုက္ရပါတယ္။ ဂြါဒီယိုလာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးလိုက္ျခင္းက လာမဲ့ ေႏြရာသီ ေျပာင္းေရႊ႕ကာလမွာ ဘာစီလိုနာရဲ့ အေက်ာ္အေမာ္ျဖစ္တဲ့ တပည့္ေဟာင္း မက္ဆီကို ျပန္လည္ေခၚယူသြားနိုင္ဖို႔ ျဖစ္လာနိုင္တယ္လို႔ ထင္ေၾကးေပးေနၾကပါတယ္။